ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ စားသုံးသင့်တဲ့ အစားအစာများ
- 12 Sep, 2019
- အမျိုးသမီးကျန်းမာရေး
မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ မွေးဖွားလာမယ့် ကလေးငယ် ဖွံ့ဖြိုးစေရန်အတွက် အာဟာရဓါတ်တွေ၊ ဗီတာမင်ဓါတ်တွေ၊ သတ္တုဓါတ်တွေ လုံလောက်နေအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အစားနည်းခဲ့မယ်ဆိုရင် မွေးဖွားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းနေစေဖို့အတွက် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ စားသုံးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
မိခင်လောင်းတွေအနေနဲ့
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ မွေးဖွားလာမယ့် ကလေးငယ် ဖွံ့ဖြိုးစေရန်အတွက်
အာဟာရဓါတ်တွေ၊ ဗီတာမင်ဓါတ်တွေ၊ သတ္တုဓါတ်တွေ လုံလောက်နေအောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အစားနည်းခဲ့မယ်ဆိုရင် မွေးဖွားရာမှာ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မိခင်ရောကလေးပါ
ကျန်းမာသန်စွမ်းနေစေဖို့အတွက် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ စားသုံးသင့်တဲ့
အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- နို့နှင့်နို့ထွက်ပစ္စည်း
ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ မိခင်လောင်းတွေအနေနဲ့
သန္ဓေသားလောင်းဖွံဖြိုးဖို့အတွက် ပုံမှန်ထက်ပိုပြီး ပရိုတိန်းဓါတ်နဲ့
ကယ်ဆီယမ်ဓါတ်တို့ကို စားသုံးပေးဖို့ လိုအပ်ပါတယ်။
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာဆိုရင် ပရိုတိန်းဓါတ် ကြွယ်ဝစွာ ပါဝင်သလို
ကယ်ဆီယမ်ဓါတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းတွေမှာ
ဖော့စဖောရက် (phosphorus) ၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓါတ်တို့လည်း
ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကျိုးအရှိဆုံး
နို့ထွက်ပစ္စည်းကိုပြောပါဆိုရင် ဒိန်ချဉ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ
ပါဝင်တဲ့ ကယ်ဆီယမ်ပမာဏက အခြားသောနို့ထွက်ပစ္စည်းတွေထက် များပြားသလို အစာခြေစနစ်ကို
အထောက်အကူပေးတဲ့ အကျိုးပြုအဏုဇီဝတွေ ပါဝင်ပါတယ်။
- ပဲစေ့များ
ပဲနီလေး၊ ရွှေပဲသီး၊ ကုလားပဲ၊ ပဲပိစပ်၊ မြေပဲတို့မှာ အမျှင်ဓါတ်၊
သံဓါတ်၊ ဖောလိတ် (Folate) အက်စစ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်စတဲ့
ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် လိုအပ်တဲ့ဓါတ်များစွာ ပါဝင်ပါတယ်။
ဖောလိတ်အက်စစ်ဟာဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားလောင်းတို့ရဲ့
ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ အက်စစ်ဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ
ဖောလိတ် အက်စစ်ဓါတ် နည်းပါးခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ကလေး အလေးချိန်နည်းပါးခြင်း၊
မှတ်ဉာဏ်ချို့ယွင်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥတွေမှာ ဘီတာကာရိုတင်းဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့်
ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် လိုအပ်တဲ့ ဗီတာမင် A ဓါတ်ကိုဖြည့်ဆည်းပေးနိုင်မှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ အမျှင်ဓါတ်လည်း ပါဝင်တာကြောင့်
သွေးတွင်းအချိုဓါတ်ကို လျှော့ချပေးမှာဖြစ်သလို အစာချေစနစ်ကိုလည်း
ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- ဆဲလ်မွန်ငါး
ဆဲလ်မွန်ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့်
သန္ဓေလောင်းရဲ့ မျက်စိနဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအပိုင်းမှာ အထောက်အကူဖြစ်စေမှာ
ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပင်လယ်စာတွေမှာ မာကျူရီဓါတ် ပမာဏများစွာ ပါဝင်တာကြောင့်
မွေးဖွားလာတဲ့ကလေး ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို
ဖြစ်စေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ်ခန့်သာ
စားသင့်ပါတယ်။ ဒါ့အပြင် ဆဲလ်မွန်ငါးမှာ အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့
ဗီတာမင် D လည်း ပါဝင်ပါတယ်။
- ကြက်ဥ၊ ဘဲဥများ
ကြက်ဥ၊ ဘဲဥတွေကတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်ဆုံး
အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ကြက်ဥ၊ ဘဲဥတွေမှာ ကယ်လိုရီပမာဏများစွာ ပါဝင်သလို
ပရိုတိန်းဓါတ်လည်းများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ကြက်ဥ၊ ဘဲဥတွေမှာ ချိုလိုင်းဓါတ်
(Choline) လည်းပါဝင်ပါတယ်။ ချိုလိုင်းဓါတ်အနေနဲ့ သန္ဓေလောင်း ခန္ဓာကိုယ်နဲ့
ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ တကယ်လို့
ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ ချိုလိုင်းဓါတ်နည်းပါးခဲ့မယ်ဆိုရင်
မွေးဖွားလာတဲ့ကလေးမှာ မှတ်ဉာဏ်ချို့ယွင်းမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
- အသားများ
ကြက်သား၊ ဝက်သား၊ အမဲသားတို့မှာ ပရိုတိန်း၊ သံဓါတ်၊ ချိုလိုင်း၊
ဗီတာမင် B စတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် လိုအပ်တဲ့ ဓါတ်ပေါင်းများစွာ
ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် သံဓါတ်က အဓိကလိုအပ်တဲ့
ဓါတ်တစ်မျိုးဖြစ်တဲ့အပြင် မိခင်လောင်းတွေမှာ သံဓါတ်နည်းပါးခဲ့မယ်ဆိုရင်
သတ်မှတ်ရက်မတိုင်ခင် စောမွေးခြင်း၊ မွေးဖွာလာတဲ့ကလေး ပေါင်ချိန်မပြည့်ခြင်းစတဲ့
ဆိုးကျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အသားတွေကို
ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ တကယ်လို့ အသားတွေကို မကျက်တကျက်
အခြေအနေမှာ စားသုံးခဲ့မယ်ဆိုရင် Toxoplasmosis ရောဂါဖြစ်ပွားစေနိုင်ပါတယ်။
- ရေ
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ အခြားသော
အစားအစာတွေကို စားသောက်ရင်း ရေပမာဏ လုံလောက်စွာ သောက်သုံးခဲ့ခြင်းမရှိဘူးဆိုရင်
ခေါင်းကိုက်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို
ရေ ၂ လီတာခန့် သောက်သုံးသင့်ပါတယ်။
REF: HealthLine