ချင်း (ဂျင်း) ကိုနေ့တိုင်းစားသုံးရင် ရရှိလာနိုင်တဲ့ အကျိုးအာနိသင်များ

  • 12 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ကျွန်တော်တို့ လူသားတွေအနေနဲ့ ချင်း (ဂျင်း) ကိုစတင်တူးဖော်တွေ့ရှိခဲ့စဉ် အချိန်ကတည်းက ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ တကယ်တော့ ချင်း (ဂျင်း) ကိုအသုံးပြုခြင်းကြောင့် ဟင်းလျာတွေကို မွှေးကြိုင်စေတဲ့အပြင် နေ့စဉ်စားသုံးမယ်ဆိုရင် ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချင်း (ဂျင်း) ကိုစားသုံးရခြင်းရဲ့ကောင်းကျိုးတွေကို သိရှိနားလည်စေဖို့ အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်‌။

ကျွန်တော်တို့ လူသားတွေအနေနဲ့ ချင်း (ဂျင်း) ကိုစတင်တူးဖော်တွေ့ရှိခဲ့စဉ် အချိန်ကတည်းက ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ တကယ်တော့ ချင်း (ဂျင်း) ကိုအသုံးပြုခြင်းကြောင့် ဟင်းလျာတွေကို မွှေးကြိုင်စေတဲ့အပြင် နေ့စဉ်စားသုံးမယ်ဆိုရင် ကျန်းမာအသက်ရှည်စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချင်း (ဂျင်း) ကိုစားသုံးရခြင်းရဲ့ကောင်းကျိုးတွေကို သိရှိနားလည်စေဖို့ အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်‌။

  • ဆီးချိုကျစေပါတယ်

ချင်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှ အင်ဆူလင်ဓါတ်ကို တိုးပွားစေတာကြောင့် ဆီးချိုဖြစ်ပွားမှုကို ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။

  • နာကျင်မှုတွေကို သက်သာစေပါတယ်

အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေခဲ့မယ် ဆိုပါတော့ ချင်းပြုတ်ရည် တစ်ခွက်လောက် သောက်လိုက်တာနဲ့ နာကျင်မှုတွေ အားလုံး ယူပစ်သလို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • အဆီကျစေပါတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ချင်းကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန်ကို သင့်တင့်မျှတစေပြီး အဆီပိုတွေကိုကျစေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆီကျဆေးတွေ သောက်သလို အံ့အားသင့်ဖွယ် အဆီကျသွားတာမျိုးကို မျှော်လင့်ထားလို့တော့ မရပါဘူး။

  • အသားအရေ ယိုယွင်းပျက်စီးခြင်းကို ပြန်လည်ကုစားပေးနိုင်ပါတယ်

ဆောင်းရာသီတွေမှာ အသားအရေ ကွဲအက်တာတွေ၊ ခြောက်သွေ့တာတွေ ဖြစ်လာခဲ့မယ် ဆိုရင်လည်း ချင်းနဲ့အသားအရေကို ပွတ်တိုက်ပေးခြင်းဖြင့် အသားအရေ ကွဲအက် ခြောက်သွေ့တာတွေကို ပြန်လည်ကုစားနိုင်မှာ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်

ချင်းမှာပါဝင်တဲ့ Antioxidant ဒြပ်ပေါင်းတွေကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အစာကြေလွယ်စေပါတယ်

တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဗိုက်နဲ့မဆန့်အောင် စားလိုက်မိတဲ့ အခါမျိုးတွေ ရှိကြပါတယ်။ အဲဒီလို အခါမှာတွေမှာ ရင်ပြည့်ရင်ကယ် ဖြစ်ပြီး မအီမလည်ကြီး ဖြစ်နေမှာ အသေအချာပါပဲ။ အဲဒီလို မအီမလည် ဖြစ်နေတဲ့ အချိန်တွေမှာ ချင်းလက်ဖက်ရည် တစ်ခွက်လောက် သောက်သုံးလိုက်တာနဲ့ အစာကြေသွားမှာ ဖြစ်ပြီး ခံစားနေရတဲ့ ဝေဒနာတွေ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

  • ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်

ခေါင်းကိုက် ဝေဒနာဆိုတာကို အသက်ကြီးငယ်မရွေး မကြာခဏ ခံစားရလေ့ရှိကြပါတယ်။ ခေါင်းကိုက် ဝေဒနာကိုလည်း ခံစားနေရတယ်။ ဒါပေမယ့် ဆေးလည်းမသောက်ချင်ဘူးဆိုသူတွေ အတွက် ဒီသတင်းကတော့ တကယ်ကို သတင်းကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ချင်းကိုအစိမ်းလိုက် ပုံမှန် စားသုံးသွားမယ် ဆိုရင်တော့ ရက်အနည်းငယ် အတွင်းမှာ အရှင်း သက်သာ ပျောက်ကင်းသွားမှာ အသေအချာပါပဲ။

REF: GoodHouseKeepingWomenHealth

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.