သွေးတွင်းသကြားဓါတ်ကို လျှော့ချနိုင်ရန်အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းများ

  • 12 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

သွေးတွင်းသကြားဓါတ် မြင့်တက်နေတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အမောမခံနိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးချိုဝေဒနာခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

သွေးတွင်းသကြားဓါတ် မြင့်တက်နေတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အမောမခံနိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးချိုဝေဒနာခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးပါ

လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်သလို သွေးတွင်းသကြားဓါတ် မြင့်တက်မှုကိုလည်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့အခါမှာ ကြွက်သားလှုပ်ရှားမှုတွေအတွက် သွေးတွင်းသကြားဓါတ်ကို အသုံးပြုရတာကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကာဘွန်ဟိုက်ဒရိတ် အလွန်အကျွံ ပါဝင်သော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ကာဘွန်ဟိုက်ဒရိုက် အလွန်အကျွံ ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓါတ် မြင့်တက်လာမှာ ဖြစ်တာကြောင့် ကာဘွန်ဟိုက်ဒရိုက် ပါဝင်တဲ့ အစားအစာတွေ အလွန်အကျွံစားသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

  • အမျှင်ဓါတ် ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးပေးပါ

အမျှင်ဓါတ် ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးခြင်းကြောင့် သွေးတွင်းသကြားဓါတ် စုပ်ယူမှုကို လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် ဆီးချို အမျိုးအစား (၁) ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမျှင်ဓါတ် ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ ပဲများ၊ ပဲပင်ပေါက်၊ ဂေါ်ဖီစိမ်းတို့ကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ရေပုံမှန်သောက်ပေးပါ

ရေပုံမှန်သောက်ခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေပုံမှန်သောက်ခြင်းကြောင့် သွေးတွင်းပိုလျှံနေတဲ့ သကြားဓါတ်တွေကို ဆီးသွားရာကနေတစ်ဆင့် စွန့်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

  •  စိတ်ဖိဆီးမှုတွေကိုလျှော့ချပေးပါ

စိတ်ဖိဆီးမှုတွေများနေမယ် ဆိုရင်လည်း သွေးတွင်းသကြားဓါတ် မြင့်တက်လာနိုင်ပါတယ်။ စိတ်ဖိဆီးမှုတွေ များနေတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းမှာ Glucagon နဲ့ Cortisol ဟော်မုန်းတွေ ထွက်လာလေ့ ရှိပါတယ်။ Glucagon နဲ့ Cortisol ဟော်မုန်းတွေ ထွက်လာခြင်းကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓါတ် မြင့်တက်မှုကို ကာကွယ်ဖို့အတွက် စိတ်ဖိဆီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပေးသင့်ပါတယ်။

  • ကောင်းမွန်စွာအိပ်စက်အနားယူပါ

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် တကယ်ကို အရေးပါတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ အိပ်ရေးမဝဘူးဆိုရင် သွေးတွင်းသကြားဓါတ် မြင့်တက်လာမှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အလေးချိန်လည်း မြင့်တက်လာမှာဖြစ်ပါတယ်။

  • ခရိုမီယမ်နဲ့မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ

တကယ်လို့ ခရိုမီယမ်နဲ့မဂ္ဂနီဆီယမ်ဓါတ် လုံလောက်ခြင်းမရှိဘူး ဆိုရင်လည်း သွေးတွင်းသကြားဓါတ် မြင့်တက်လာပြီး ဆီးချိုရောဂါဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ခရိုမီယမ်ဓါတ် ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ပဲစိမ်းများ၊ ဂေါ်ဖီစိမ်း၊ အသားငါးတွေနဲ့ မဂ္ဂနီဆီယမ်ဓါတ် ပါဝင်တဲ့ အစားအစာတွေ ဖြစ်တဲ့ ချောကလက်အခါး၊ ထောပတ်သီး၊ ဗာဒံသီး၊ မြေပဲ၊ သီဟိုဠ်စေ့၊ တိုဟူး၊ ဖက်တီးအက်စစ် ပါဝင်တဲ့ငါးတွေကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

 REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.