နှလုံးကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့ အစားအစာများ
- 10 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
နှလုံးရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့ အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို Careme ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
နှလုံးရောဂါ ဆိုတာကတော့
ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်
နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်ပြီး နှလုံးကျန်းမာရေးကို
ကောင်းမွန်စေဖို့ အတွက် စားသုံးသင့်တဲ့ အစားအစာတွေကို Careme ပရိသတ်ကြီးအတွက်
ဖော်ပြပေးလိုက်ပါတယ်။
- ကညွတ်
(Asparagus)
ကညွတ်မှာ ပါဝင်တဲ့
ဖိုလိတ်အက်စစ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းက Homocysteine ပမာဏကို
လျော့ကျစေမှာ ဖြစ်တာကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနဲ့
လေဖြတ်ဝေဒနာ ဖြစ်ပွားမှုတို့ကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ပဲများ
ပဲတွေမှာ အမျှင်ဓါတ်၊
ပရိုတိန်းနဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို
အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အပြင် အခြားသော ရောဂါဝေဒနာတွေ ဖြစ်ပွားခြင်း
မရှိအောင်လည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ဘယ်ရီသီးများ
ဘယ်ရီသီးတွေမှာ အမျှင်ဓါတ်၊
ဖိုလိတ်အက်စစ်၊ သံဓါတ်၊ ကယ်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C တို့
ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ဂေါ်ဖီစိမ်း
ဂေါ်ဖီစိမ်းကို
နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ ကိုလက်စထရော ပမာဏကို
လျော့ချပေးနိုင်မှာ ဖြစ်တဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ချောကလက်
(အခါး)
ချောကလက်အခါး (Dark Chocolate) ကို
နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် လေဖြတ်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုတွေကို
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ကော်ဖီ
ချောကလက်အခါးလိုပဲ ကော်ဖီကို
နေ့စဉ်ပုံမှန် သောက်သုံးမယ် ဆိုရင်လည်း နှလုံးရောဂါ ဖြစ်ပွားမှုကို
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အိုမီဂါ
၃ အက်စစ် ပါဝင်သောငါးများ
အိုမီဂါ ၃ အက်စစ် ပါဝင်တဲ့
ဆဲလ်မွန်၊ တူနာစတဲ့ငါးတွေကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် ရုတ်တရက်
နှလုံးဖောက်ခြင်း၊ နှလုံးခုန်မူမမှန်ခြင်းစတဲ့ ဝေဒနာတွေကို ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
- အစေ့အဆံများ
ဗံဒါသီး၊ သစ်အယ်သီး၊
မြေပဲ၊ သစ်ချသီးစတဲ့ အစေ့အဆံတွေမှာ အမျှင်ဓါတ်၊ ပရိုတိန်း၊ သတ္တုဓါတ်၊ ဗီတာမင်နဲ့
အန်တီအောက်ဆီဒန့်တွေ ပါဝင်တာကြောင့် နေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင်
နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။
- ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ
နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊
ဖိုလိတ်အက်စစ်နဲ့ ချိုလိုင်း (Choline) တို့ ပါဝင်တာကြောင့်
နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
REF: MedicalNewsToday