ဗီတာမင် A ရဲ့ကောင်းကျိုးများ
- 10 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ဗီတာမင် D၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် A၊ ကယ်ဆီယမ်၊ သံဓါတ်၊ ဖိုလိတ်အက်စစ်၊ ပရိုတိန်းစတဲ့ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လျက် ရှိပါတယ်။
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ဗီတာမင် D၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် A၊ ကယ်ဆီယမ်၊ သံဓါတ်၊ ဖိုလိတ်အက်စစ်၊ ပရိုတိန်းစတဲ့ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လျက် ရှိပါတယ်။
ဒီတော့ ကျွန်တော်တို့
နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဗီတာမင် A ရဲ့
ကောင်းကျိုးတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။ ဗီတာမင် A ဓာတ်ကို
အသားတွေ၊ အသီးအနှံတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥ/ ဘဲဥတွေ၊ ပင်လယ်စာတွေကို
စားသုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။
- မျက်လုံးကျန်းမာရေးကို
ကောင်းမွန်စေခြင်း
ဗီတာမင် A ရဲ့
အဓိကကောင်းကျိုးကတော့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းပဲ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင် A ပါဝင်တဲ့ အစားအစာတွေကို
နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် အမြင်အာရုံဝေဝါးခြင်း၊ မျက်ရည်ပူကျခြင်း၊
အသက်ကြီးလာခြင်းကြောင့် မျက်စိဝါးခြင်းစတဲ့ ရောဂါဝေဒနာတွေကို ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
- အသားအရေကို
ဝင်းလက်တောက်ပစေခြင်း
ဗီတာမင် A ပါဝင်တဲ့
အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် နေလောင်ဒဏ်တွေ၊ အမာရွတ်တွေ၊
အသားအရေ မညီမညာဖြစ်မှုတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်တဲ့အပြင် ဝက်ခြံတွေ၊
တင်းတိပ်တွေ ထွက်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ခန္ဓာကိုယ်ခုခံစွမ်းအားကို
မြှင့်တင်ပေးခြင်း
ဗီတာမင် A ပါဝင်တဲ့
အစားအစာတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို
မြှင့်တင်ပေးသွားမှာ ဖြစ်တဲ့အပြင် ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ခြင်း
ဝေဒနာကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ကင်ဆာရောဂါဖြစ်ပွားမှုကို
ကာကွယ်ပေးခြင်း
လေ့လာတွေ့ရှိချက်တွေအရ
ဗီတာမင် A ပါဝင်တဲ့ အစားအစာတွေကို
နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် ပန်ကရိယကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊
ဆီးအိမ်ကင်ဆာဖြစ်ပွားမှုတွေကို ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
- ဝက်သက်ရောဂါဖြစ်ပွားမှုကို
ကာကွယ်ပေးခြင်း
တကယ်လို့ ကလေးငယ်တွေမှာ
ဗီတာမင် A ဓာတ် လုံလောက်ခြင်း
မရှိဘူးဆိုရင် ဝက်သက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေမှာ
ဖြစ်ပွားလေ့ရှိတဲ့ ဝက်သက်ရောဂါကို ကာကွယ်နိုင်ဖို့ အတွက် ဗီတာမင် A ပါဝင်တဲ့
အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
REF: WomansDay
