တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အစားအစာများ

  • 10 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

အခုလို မိုးရာသီမှာ ကျွန်တော်တို့ လူသားတွေ အနေနဲ့ တုပ်ကွေးဝေဒနာကို အများဆုံး ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

အခုလို မိုးရာသီမှာ ကျွန်တော်တို့ လူသားတွေ အနေနဲ့ တုပ်ကွေးဝေဒနာကို အများဆုံး ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • ခရုကမာများ (Oysters)

ခရုကမာတွေကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဇင့်ဓါတ်ပမာဏကို ဖြည့်တင်းပေးမှာ ဖြစ်တဲ့အပြင် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • အမဲသား

အမဲသားမှာ ပရိုတိန်းပမာဏ ကြွယ်ဝစွာ ပါဝင်တဲ့အပြင်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် B၊ ဇင့်ဓါတ်၊ သံဓါတ်တွေ ပါဝင်တာကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • ဒိန်ချဉ်

ဒိန်ချဉ်မှာ ကယ်ဆီယမ်နဲ့သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးအဆစ်တွေနဲ့ သွားများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်တဲ့အပြင် ဗီတာမင် B၊ ဗီတာမင် B12 တို့ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသွားမှာဖြစ်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်ကို ထိန်းညှိပေးသွားမှာ ဖြစ်တာကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • ဘိုစားပဲ

ဘိုစားပဲမှာ ဇင့်ဓါတ်၊ သံဓါတ်နဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အန်တီအောက်ဆီးဒန့်တွေ ပါဝင်တာကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

  • ကြက်သား

ကျွန်တော်တို့တွေ နေမကောင်းဖြစ်တဲ့ အခါမျိုးတွေမှာ ကြက်သားစွပ်ပြုတ်ကို ဖြည့်စွက်စာအဖြစ် သောက်သုံးလေ့ရှိကြပါတယ်။ ကြက်သားမှာ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ ဗီတာမင် B6၊ ဇင့်ဓါတ်တွေ ပါဝင်တာကြောင့် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ ပရိုတိန်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် B၊ ဇင့်ဓါတ်တွေ ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးသွားမှာ ဖြစ်တဲ့အပြင် တုပ်ကွေးဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • ဂေါ်ဖီစိမ်း

ဂေါ်ဖီစိမ်းမှာ ပရိုတိန်း၊ ဗီတာမင် C၊ ဗီတာမင် K1၊ ဖိုလိတ် (Folate) ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ 

REF: TheHealthy

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.