စာဖတ်ခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

  • 09 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

နေ့စဉ်ပုံမှန်စာဖတ်မယ်ဆိုရင် ကျွန်တော်တို့ လူသားတွေအတွက် ပြင်ပဗဟုသုတများစွာ ရရှိနိုင်မှာဖြစ်သလို လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာလည်း အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးများစွာလည်း ရရှိနိုင်ပါသေးတယ်။ ဒီတော့ စာဖတ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

နေ့စဉ်ပုံမှန်စာဖတ်မယ်ဆိုရင် ကျွန်တော်တို့ လူသားတွေအတွက် ပြင်ပဗဟုသုတများစွာ ရရှိနိုင်မှာဖြစ်သလို လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာလည်း အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာဖတ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးများစွာလည်း ရရှိနိုင်ပါသေးတယ်။ ဒီတော့ စာဖတ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

  • IQ ကိုမြှင့်တင်ပေးခြင်း

ငယ်စဉ်ကလေးဘဝထဲက စာအုပ်စာပေကို မြတ်နိုးစွာ ဖတ်ရှုလာသူတွေက အရွယ်ရောက်လာတဲ့အခါမှာ သာမန်လူတွေထက် IQ ပိုင်းမှာသာလွန်နေမှာ အသေအချာပါပဲ။

  • စိတ်ဖိအားကို လျော့ကျစေခြင်း

တကယ်လို့ သင့်အနေနဲ့ တစ်နေ့ကို မိနစ်သုံးဆယ်ခန့် စာအုပ်စာပေ ဖတ်ရှုပေးမယ်ဆိုရင် စိတ်ဖိအားတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဒါ့အပြင် မိနစ်သုံးဆယ်ခန့် စာဖတ်ခြင်းက မိနစ်သုံးဆယ်ခန့် ယောဂကစားခြင်းကြောင့် ရရှိလာတဲ့ စိတ်လက်ပေါ့ပါးမှုနဲ့ ညီမျှပါတယ်။ တကယ်တော့ စာဖတ်ခြင်းက ကော်ဖီသောက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လမ်းလျှောက်ထွက်ခြင်းစတဲ့ နည်းလမ်းတွေထက် စိတ်ဖိအားကို ပိုမိုလျော့ကျစေပါတယ်။

  • အသက်ရှည်စေခြင်း

လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို မိနစ်သုံးဆယ်ခန့် စာအုပ်ဖတ်တဲ့သူက မဂ္ဂဇင်းတွေ၊ သတင်းစာတွေ ဖတ်တဲ့သူထက် လူ့ဘဝမှာ ပိုမိုသက်တမ်းကြာမြင့်စွာ နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ပတ်ကို အချိန် ၄ နာရီခန့် စာအုပ်ဖတ်ဖို့အတွက် အချိန်ပေးခဲ့ပါက သက်တမ်းစေ့နေနိုင်မှာ အသေချာပါပဲ။

  • ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးခြင်း

စာအုပ်ဖတ်ခြင်းရဲ့ နောက်ထပ်ကောင်းကျိုးကတော့ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုးတိုးတက်လာသလို စာအုပ်ဖတ်ခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

  •  အိပ်ပျော်စေခြင်း

တကယ်လို့ ညမအိပ်ခင်အချိန်မှာ နေ့စဉ်ပုံမှန် စာအုပ်ဖတ်ပေးမယ်ဆိုရင် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာအုပ်အစစ်ကို ဖတ်ရှုပေးဖို့တော့ လိုအပ်ပါတယ်။ eBook တွေ၊ Tablet တွေ၊ စမတ်ဖုန်းတွေကိုတော့ မအိပ်ခင် တစ်နာရီအလိုထဲက ပိတ်ထားပေးဖို့ လိုအပ်ပါတယ်။

  • အယ်လ်ဇိုင်းမားရောဂါကိုကာကွယ်ပေးခြင်း

စာဖတ်ခြင်း၊ ချက်စ်ကစားခြင်း၊ Puzzle ကစားခြင်းတို့ကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ နေ့စဉ် စာအုပ် ပုံမှန်ဖတ်ရှုပေးပါက စာအုပ်ဖတ်ရှုခြင်းမရှိသူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုနည်းပါးမှာ ဖြစ်ပါတယ်။

REF: What happens when you read every day

 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.