ဂေါ်ဖီစိမ်းစားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
- 09 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အသီးအနှံကို နေ့စဉ်ပုံမှန်စားသုံးခြင်းက ကျွန်တော်တို့ခန္ဓာကိုယ် သက်ရှည်ကျန်းမာစေဖို့အတွက် အကျိုးရလဒ်ကောင်းတွေ ဖြစ်ပေါ်စေတာကို လူတိုင်းသိပြီးကြပြီ ဖြစ်ပါတယ်။ ဒီတော့ အသီးအနှံမျိုးနွယ်ဝင်ထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ဂေါ်ဖီစိမ်းကိုစားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
အသီးအနှံကို နေ့စဉ်ပုံမှန်စားသုံးခြင်းက ကျွန်တော်တို့ခန္ဓာကိုယ်
သက်ရှည်ကျန်းမာစေဖို့အတွက် အကျိုးရလဒ်ကောင်းတွေ ဖြစ်ပေါ်စေတာကို
လူတိုင်းသိပြီးကြပြီ ဖြစ်ပါတယ်။ ဒီတော့ အသီးအနှံမျိုးနွယ်ဝင်ထဲမှာ တစ်ခု
အပါအဝင်ဖြစ်တဲ့ ဂေါ်ဖီစိမ်းကိုစားသုံးခြင်းကြောင့် ရရှိနိုင်တဲ့
အကျိုးကျေးဇူးတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
- ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း
ဂေါ်ဖီစိမ်းမှာ Sulforaphane ဓာတ်ပါဝင်တာကြောင့် အဆုတ်ကင်ဆာ၊
အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်
ဂေါ်ဖီစိမ်းမှာ ဖိုလိတ် (Folate) ဓာတ်ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ
ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သလို
အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာစတဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
- အရိုးအဆစ်တွေကို
ကျန်းမာသန်စွမ်းစေခြင်း
ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် K
ဓာတ်လျော့နည်းသွားခဲ့မယ်ဆိုရင် အရိုးအစစ်များ ကွဲအက်ခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဂေါ်ဖီစိမ်းမှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်တာကြောင့်
အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။
- ငယ်ရွယ်နုပျိုစေခြင်း
ကျွန်တော်တို့ လူသားတွေ အနေနဲ့ ဗီတာမင် C ကို အချဉ်ကဲတဲ့ အသီးအနှံတွေမှာသာ
ပါဝင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဂေါ်ဖီစိမ်းမှာလည်း ဗီတာမင် C ဓာတ်ကြွယ်ဝစွာ
ပါဝင်တာကြောင့် နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်း၊ အသားအရေရွတ်တွခြင်းတို့ကို
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ ဗီတာမင် E တို့ပါဝင်တာကြောင့်
အသားအရေကို စိုပြေဝင်းလက်နေစေမှာ ဖြစ်ပါတယ်။
- အစာကြေလွယ်စေခြင်း
ဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်
ဝမ်းချုပ်ခြင်းဝေဒနာကို ကာကွယ်ပေးမှာဖြစ်သလို အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ
ရောဂါများ ဖြစ်ပွားခြင်းကိုလည်း ဟန့်တားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
အမျှင်ဓါတ်ပါဝင်တဲ့ အသီးအနှံတွေကို နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင်
အူလမ်းကြောင်းအတွင်းမှ အညစ်အကြေးများကိုလည်း ရှင်းလင်းဖယ်ရှားပေးသွားမှာ
ဖြစ်ပါတယ်။
- နှလုံးရောဂါကိုကာကွယ်ပေးခြင်း
ဒါ့အပြင် ဂေါ်ဖီစိမ်းကို
နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ ဆီးချိုရောဂါ၊
အဝလွန်ခြင်းစတဲ့ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday
