မုန်လာဥနီစားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

  • 09 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

မုန်လာဥနီကို ဟင်းချက်ပြီးတော့ပဲဖြစ်ဖြစ်၊ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အစိမ်းလိုက်ပဲဖြစ်ဖြစ် စားသုံးလေ့ရှိကြပါတယ်။ ဒီတော့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

မုန်လာဥနီကို ဟင်းချက်ပြီးတော့ပဲဖြစ်ဖြစ်၊ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အစိမ်းလိုက်ပဲဖြစ်ဖြစ် စားသုံးလေ့ရှိကြပါတယ်။ ဒီတော့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။

  • အာဟာရဓါတ်ကြွယ်ဝခြင်း

မုန်လာဥနီမှာ ရေဓာတ် ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး ကာဘွန်ဟိုက်ဒရိတ်၊ ပရိုတိန်း၊ ဗီတာမင် A၊ ဗီတာမင် K၊ ဗီတာမင် B6၊ ဘိုင်အိုတင် (Biotin) ၊ ပိုတက်ဆီယမ်စတဲ့ လူ့ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။

  • အစာကြေလွယ်စေခြင်း

မုန်လာဥနီမှာ အမျှင်ဓါတ် ပါဝင်တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ကို ကောင်းမွန်ပြီး အစာကြေလွယ်စေပါတယ်။

  • ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း

မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် Antioxidants တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေများစွာ ပါဝင်တဲ့အပြင် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးမယ့် ကာရိုတင်းဓာတ်လည်း မုန်လာဥနီမှာ ပါဝင်ပါတယ်။ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးခြင်းကြောင့် အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • နှလုံးရောဂါကိုကာကွယ်ပေးခြင်း

မုန်လာဥနီမှာ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidants တွေပါဝင်ပါသေးတယ်။ ဒါ့အပြင် မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးခြင်းကြောင့် လေဖြတ်ဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အမြင်အာရုံကိုကြည်လင်စေခြင်း

မုန်လာဥနီမှာ ဗီတာမင် ပါဝင်တာကြောင့် အမြင်အာရုံကို ကြည်လင်စေမှာဖြစ်ပြီး ညအခါတွေမှာ အမြင်အာရုံဝေဝါးခြင်းကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

  •  အရိုးအဆစ်တွေကိုသန်မာစေခြင်း

မုန်လာဥနီမှာ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရိုးအဆစ်တွေကို သန်မာစေမှာဖြစ်သလို သွားများကိုလည်း ကြံ့ခိုင်စေပြီး သွားပိုးစားခြင်း ဝေဒနာကို ခံစားရခြင်း မရှိရလေအောင် ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်တာကြောင့် အသားအရေကို ခြောက်သွေ့ခြင်း မရှိအောင်လည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

 REF: Mr.HealthyFrog

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.