အသည်းခြောက်ရောဂါ ဘာကြောင့်ဖြစ်ပွားရတာလဲ
- 09 Sep, 2019
- အဖြစ်များသောရောဂါများ
အသည်းခြောက်ရောဂါ ဖြစ်ပွားရခြင်းရဲ့အဓိက အကြောင်းအရင်းကတော့ အရက်ကို အလွန်အကျွံ နေ့စဉ်ပုံမှန် သောက်သုံးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းအတွင်း ကောင်းမွန်နေတဲ့ တစ်သျှူးလေးတွေ ပျက်ဆီးသွားပြီး အမာရွတ်တစ်သျှူးတွေအဖြစ် ပြောင်းလဲသွားခဲ့တာကြောင့် အသည်းခြောက်ရောဂါ ဖြစ်ပွားရတာပဲ ဖြစ်ပါတယ်။
အသည်းခြောက်ရောဂါ
ဖြစ်ပွားရခြင်းရဲ့အဓိက အကြောင်းအရင်းကတော့ အရက်ကို အလွန်အကျွံ နေ့စဉ်ပုံမှန်
သောက်သုံးခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့်
အသည်းအတွင်း ကောင်းမွန်နေတဲ့ တစ်သျှူးလေးတွေ ပျက်ဆီးသွားပြီး
အမာရွတ်တစ်သျှူးတွေအဖြစ် ပြောင်းလဲသွားခဲ့တာကြောင့် အသည်းခြောက်ရောဂါ
ဖြစ်ပွားရတာပဲ ဖြစ်ပါတယ်။
အရက်ကြောင့် မဟုတ်ဘဲ
အသည်းခြောက်ရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အသည်းရောင်အသားဝါ C ပိုးကြောင့်ပဲ
ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ C ပိုးကြောင့်
အသည်းပျက်ဆီးသွားပြီး နောက်ဆုံးမှာတော့ အသည်းခြောက်ရောဂါ အဖြစ်
ပြောင်းလဲသွားခဲ့တာပဲ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ C ပိုးကြောင့်
အပြင် B ပိုး၊ D ပိုးတို့ကြောင့်လည်း
အသည်းခြောက်ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
အရက်ကြောင့်မဟုတ်ဘဲ အသည်းခြောက်ရောဂါကို
နောက်ထပ် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုကတော့ အဝလွန်ပြီး အသည်းအဆီဖုံးကာ
နောက်ဆုံးမှာ အသည်းခြောက်ရောဂါ အဖြစ် ကူးပြောင်းသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
ဆီးချိုဝေဒနာကြောင့်လည်း အသည်းခြောက်ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
တစ်ခါတရံမှာ
သည်းခြေပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ကြောင့် သည်းခြေပြွန်ပျက်ဆီးသွားတတ်ပြီး
အသည်းခြောက်ရောဂါကို ဖြစ်ပွားစေနိုင်သလို မျိုးရိုးလိုက်ခြင်းကြောင့်လည်း
ရောဂါဖြစ်စေနိုင်ပါတယ်။ အသည်းတွင်း သံဓာတ်မြင့်မားခြင်း (Wilson’s disease) ကြောင့်လည်း အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် သွေးကင်ဆာ၊ တီဘီရောဂါတို့ ဖြစ်ပွားတဲ့ အခါမှာ သုံးစွဲရတဲ့
ဆေးဝါးတွေကြောင့်လည်း အသည်းခြောက်ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့
ပြောရမယ်ဆိုရင် အသည်းဆိုတာ ခန္ဓာကိုယ်တွင်း ဇီဝအစိတ်အပိုင်းတွေရဲ့ အဓိက
အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် အသည်းရောဂါဖြစ်ပွားခဲ့မယ်ဆိုရင် အမြန်ဆုံး
ကျွမ်းကျင်ဆရာဝန်နဲ့ သွားရောက်ကုသဖို့အတွက် ဒီနေရာလေးကနေ အကြံပြုလိုက်ပါရစေ။
REF: Causes of liver cancer
