ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ

  • 09 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

လူအများစုကတော့ ကော်ဖီကို လန်းဆန်း တက်ကြွနေစေဖို့ အတွက် ရည်ရွယ်ပြီး သောက်သုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် ကော်ဖီမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို အကျိုးပြုစေနိုင်တဲ့ ကောင်းကျိုးပေါင်း မြောက်များစွာ ပါဝင်နေပါတယ်။ ဒီတော့ ကော်ဖီရဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။

လူအများစုကတော့ ကော်ဖီကို လန်းဆန်း တက်ကြွနေစေဖို့ အတွက် ရည်ရွယ်ပြီး သောက်သုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် ကော်ဖီမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို အကျိုးပြုစေနိုင်တဲ့ ကောင်းကျိုးပေါင်း မြောက်များစွာ ပါဝင်နေပါတယ်။ ဒီတော့ ကော်ဖီရဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။

  • ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

သင့်အနေနဲ့ လေ့ကျင့်ခန်း မလုပ်ခင် (၁) နာရီခန့်အလိုမှာ ကော်ဖီတစ်ခွက် သောက်သုံးထားမယ် ဆိုရင် ကိုယ်လက် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို (၁၂) ရာခိုင်နှုန်းခန့် မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

  • သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း

ကော်ဖီမှာ မဂ္ဂနက်ဆီယမ်၊ ပိုတက်ဆီယမ်ဓါတ်တွေ ပါဝင်တာကြောင့် သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

  • အာရုံစူးစိုက်နိုင်စေခြင်း

ဒီအချက်ကတော့ ထွေထွေထူးထူး ပြောစရာလိုအပ်မယ် မထင်ပါဘူး။ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့်  လန်းဆန်းတက်ကြွနေမှာ ဖြစ်ပြီး အလုပ်တာဝန်တွေကို အာရုံစူးစိုက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

  • ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ နေ့စဉ် ကော်ဖီပုံမှန် သောက်သုံးမယ်ဆိုရင် အသည်းကင်ဆာဖြစ်ပွားနိုင်ခြေကို (၄၀) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်မှာ ဖြစ်ပြီး အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို (၂၀) ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို (၂၅) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

  • ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

တစ်နေ့ကို ကော်ဖီတစ်ခွက် ပုံမှန် သောက်သုံးမယ်ဆိုရင် ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေကို (၂၅) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ပါတယ်။ ပါကင်ဆန်ရောဂါ ဆိုတာကတော့ အာရုံကြောစနစ် ယိုယွင်းပျက်ဆီးပြီး  လှုပ်ရှားသွားလာရ ခက်ခဲစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

  •  ဆီးချိုအမျိုးအစား () ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း

ဒါ့အပြင် ကော်ဖီတစ်ခွက်ခန့် နေ့စဉ် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ဆီးချို အမျိုးအစား (၂) ဖြစ်နိုင်ခြေကို (၁၁) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်တွင်း သကြားဓာတ်နဲ့ အင်ဆူလင် ရာခိုင်နှုန်းကို ထိန်းညှိပေးတာကြောင့် ဆီးချိုအမျိုးအစား (၂) ဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကား ရှိတဲ့အတိုင်း ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းကြောင့် ကောင်းကျိုးတွေ ရရှိနိုင်မှာဖြစ်သလို ဆိုးကျိုးတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီတော့ ကော်ဖီ သောက်သုံးခြင်းကြောင့် ဖြစ်ပွားလာနိုင်တဲ့ ဆိုးကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။

  • အရိုးများ ကျွတ်ဆတ်ခြင်း

ကော်ဖီကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင် အရိုးကျိုးလွယ်နိုင်ပါတယ်။

  • အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျခြင်း

အမျိုးသမီးများ အနေနဲ့ ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းမှာ ကော်ဖီကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ အလေးချိန်မပြည့်တဲ့ ကလေးမွေးခြင်း၊ အချိန်မတန်ခင် ကလေးမွေးခြင်းစတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

  • အိပ်ရေးပျက်ခြင်း၊ စိတ်ဂနာမငြိမ်ခြင်း

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့် လန်းဆန်း တက်ကြွနေနိုင်ပေမယ့် ကော်ဖီကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင်လည်း ခန္ဓာကိုယ်အတွင်းမှာ ကဖိန်းဓာတ်များပြားသွားပြီး အိပ်မပျော်ခြင်း၊ စိတ်ဂနာမငြိမ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: WarriorCoffeeMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.