ထောပတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

  • 05 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ထောပတ်သီးကို လူသားအများစု အနေနဲ့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ ထောပတ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မျိုးစုံကို ဆိုင်တိုင်းနေရာတိုင်းမှာ ဝယ်ယူရရှိနိုင်သလို ထောပတ်သီးကို စားသုံးခြင်းကြောင့်လည်း အကျိုးအမြတ်ပေါင်းများစွာ ရရှိနိုင်ပါသေးတယ်။ ဒီတော့ ထောပတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

ထောပတ်သီးကို လူသားအများစု အနေနဲ့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ ထောပတ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မျိုးစုံကို ဆိုင်တိုင်းနေရာတိုင်းမှာ ဝယ်ယူရရှိနိုင်သလို ထောပတ်သီးကို စားသုံးခြင်းကြောင့်လည်း အကျိုးအမြတ်ပေါင်းများစွာ ရရှိနိုင်ပါသေးတယ်။ ဒီတော့ ထောပတ်သီးကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

ထောပတ်သီးမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေနိုင်တဲ့ ကယ်လိုရီ၊ အမျှင်ဓါတ်၊ သကြားဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် K၊ ဗီတာမင် B6၊ ဗီတာမင် B5၊ ဇင့်၊ သံဓါတ်၊ ဖိုလိတ်ဓါတ်နဲ့ ဖက်တီးအက်စစ်တို့ ပါဝင်ပါတယ်။ ထောပတ်သီးမှာ ကိုလက်စထရော လုံးဝပါဝင်ခြင်းမရှိသလို အဆီပါဝင်မှုလည်း အလွန်ကို နည်းပါးပါတယ်။

ဒါ့အပြင် ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓါတ် ရာခိုင်နှုန်းများစွာ ပါဝင်တာကြောင့် သွေးပေါင်တက်မှုကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကို ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။

ထောပတ်သီးကို စားသုံးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ နှလုံးရောဂါဖြစ်ပွားမှု၊ ကင်ဆာရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မယ့် အိုလစ်အက်စစ် ပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ အမျှင်ဓါတ် ပါဝင်တာကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထောပတ်သီးကို နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းမှာ ကိုလက်စထရောပါဝင်မှု၊ အဆီပါဝင်မှုတွေကို လျှော့ချပေးသွားမှာ ဖြစ်တဲ့အပြင် ခန္ဓာကိုယ်ကို အဆီကျလှပစေမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ထောပတ်သီးမှာ အန်တီအောက်ဆီးဒန့်များစွာ ပါဝင်တဲ့အပြင် လူတင်း၊ Zeaxanthin တို့ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ထောပတ်သီးကို ပုံမှန်စားသုံးခြင်းကြောင့် အတွင်းတိမ်ဖြစ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထောပတ်သီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကင်ဆာရောဂါဖြစ်ပွားတဲ့ အခါတွေမှာ ကုသရလေ့ရှိတဲ့ ဓါတုဗေဒကုထုံးကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်

ဒါပေမယ့် ထောပတ်သီးမှာ ကယ်လိုရီပါဝင်မှု ရာခိုင်နှုန်း များတာကြောင့် အဆမတန်စားမယ် ဆိုရင်တော့ အဝလွန်လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာ Latex (ရာဘာစေး) အလက်ဂျစ်ရှိမယ် ဆိုရင်တော့ ထောပတ်သီးကို စားသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

REF: WebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.