ဝက်ခြံများ သက်သာပျောက်ကင်းစေရန်အတွက် စားသုံးသင့်တဲ့ အစားအစာများ
- 05 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
တကယ်လို့ သင့်အနေနဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဖြူစင်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်ခွင့်ရရှိနိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ဝက်ခြံ၊ တင်းတိပ်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုမိတ်ဆက်သွားပေမယ့် အစားအစာတွေကို ပုံမှန်စားသောက်သင့်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဖြူစင်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်ခွင့်ရရှိနိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ဝက်ခြံ၊ တင်းတိပ်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုမိတ်ဆက်သွားပေမယ့် အစားအစာတွေကို ပုံမှန်စားသောက်သင့်ပါတယ်။
- ဖက်တီးအက်စစ်
ပါဝင်သောငါးများ (Fatty Fish)
ဆယ်လ်မွန်ငါး၊
ဆာဒင်းငါး၊ တူနာငါးတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်ဓါတ်တွေ ပါဝင်ပါတယ်။ ဖက်တီးအက်စစ်မှာ
ကျွန်တော်တို့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓါတ်မျိုးစုံ ပါဝင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီအနေနဲ့
ဝက်ခြံထွက်ပေါ်မှုကို ကာကွယ်ပေးသွားမှာဖြစ်တဲ့အပြင်
အရေပြားကွဲအက်မှုတွေကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- ရေဓါတ်ကြွယ်ဝသော
အသီးအနှံများ
ရေဓါတ်ကြွယ်ဝတဲ့
အသီးအနှံတွေကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်ဆည်းပေးသွားမှာဖြစ်တဲ့အပြင်
အသားအရေခြောက်သွေ့မှုတွေ ဖြစ်ပွားခြင်းမရှိအောင်လည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
- သီဟိုဠ်စေ့
လေ့လာတွေ့ရှိချက်တွေအရ
သွေးပေါင်ချိန်ကျတဲ့ ပုဂ္ဂိုလ်တွေမှာ ဝက်ခြံ ပိုမိုထွက်ပွားလေ့ရှိပါတယ်။ သီဟိုဠ်စေ့မှာ
ဇင့်ဓါတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားကွဲအက်ခြင်း၊ ဝက်ခြံများထွက်ပေါ်ခြင်းတို့ကို
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သီဟိုဠ်စေ့အပြင် ခရုကမာ၊ ပုစွန်ထုပ်၊ အမဲသားတို့မှလည်း
ဇင့်ဓါတ်ကိုရရှိနိုင်ပါတယ်။
- အကျိုးပြုအဏုဇီဝပိုး
(Probiotic) ပါဝင်သော အစားအစာများ
ပရိုဘိုင်အိုတစ်ပါဝင်တဲ့
အစားအစာတွေကို နေ့စဉ်စားသုံးမယ်ဆိုရင် အသားအရေမှာ အဆီဖုထွက်ခြင်းများကို လျှော့ချပေးသွားမှာဖြစ်ပြီး
ဆားဝက်ခြံများထွက်လာခြင်းကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်ဓါတ်
ပါဝင်တဲ့ အစားအစာတွေထဲမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်တဲ့ အစားအစာ တစ်မျိုးကတော့ ဒိန်ချဉ်ပဲ
ဖြစ်ပါတယ်။ ဒါ့အပြင် မီဆိုဟင်းချို၊ ကင်မ်ချီ၊ တို့ဖူးချဉ်တို့မှာလည်း ပရိုဘိုင်အိုတစ်ဓါတ်
ပါဝင်ပါတယ်။
- စိမ်းပြာရေညှိ
စိမ်းပြာရေညှိဆိုတာကတော့
ကျွန်တော်တို့လူသားတွေ ကျန်းမာရေးအတွက် အထောက်အကူ အပေးနိုင်ဆုံး ဆေးဖက်ဝင် သဘာဝရေညှိတစ်မျိုးပဲ
ဖြစ်ပါတယ်။ စိမ်းပြာရေညှိမှာ အာဟာရဓါတ်ပေါင်းများစွာ ပါဝင်ပြီး ပရိုတင်း၊ ဗီတာမင်
B1၊ ဗီတာမင် B2၊ ဗီတာမင် B3၊ အိုမိုဂါ ၃၊ သံဓါတ်စတဲ့ ဓါတ်ပေါင်းများစွာ ပါဝင်ပါတယ်။
ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ စိမ်းပြာရေညှိပါဝင်တဲ့ ဖြည့်စွက်အာဟာရကို ၁၀ ပတ်ဆက်တိုက်
စားသုံးခဲ့မယ်ဆိုရင် အသားအရေပေါ်မှာ ထွက်ပေါ်နေတဲ့ ဝက်ခြံတွေကို သိသိသာသာ သက်သာ ပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
REF: Reader's Digest