အသည်းအဆီဖုံး ရောဂါသည်တွေ စားသုံးပေးသင့်တဲ့ အစားအစာများ

  • 02 Jul, 2020
  • အဖြစ်များသောရောဂါများ

အသည်းတွင်းမှာ ပုံမှန်အတိုင်းလည်း အဆီများ တည်ရှိနေလေ့ ရှိကြပါတယ်။ တကယ်လို့ အသည်းတွင်း အဆီပမာဏ အလွန်အမင်း မြင့်တက်လာတဲ့ အခါမှာ အသည်းအဆီဖုံးခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

အသည်းတွင်းမှာ ပုံမှန်အတိုင်းလည်း အဆီများ တည်ရှိနေလေ့ ရှိကြပါတယ်။ တကယ်လို့ အသည်းတွင်း အဆီပမာဏ အလွန်အမင်း မြင့်တက်လာတဲ့ အခါမှာ အသည်းအဆီဖုံးခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

အသည်းအဆီဖုံးခြင်းကို ခံစားရတဲ့ အခါမှာ အသည်း အနေနဲ့ ခန္ဓာကိုယ်တွင်းမှ အဆိပ်များ စစ်ထုတ်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်ပေးနိုင်တော့မှာ မဟုတ်သလို အစာချေစနစ် အတွက် သည်းခြေရည် ထုတ်လုပ်ပေးခြင်းကိုလည်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် ခန္ဓာကိုယ် အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

အသည်းအဆီဖုံးခြင်းကို စတင် ခံစားနေရစဥ် အချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးခြင်း၊ အစားအသောက် ပုံစံ ထိန်းညှိခြင်းကို လုပ်ဆောင်ပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပေမယ့် ရောဂါ ရင့်လာတဲ့ အခါမှာတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက် ပြသကာ ဆေးဝါးကုသမှုတွေ ခံယူပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ယခုဆောင်းပါးမှာတော့ အသည်းအဆီဖုံး ရောဂါသည်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေ၊ ရှောင်ကြဥ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အသည်းအဆီဖုံး ရောဂါသည်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကြက်သွန်ဖြူ အစိမ်း

ကြက်သွန်ဖြူ အစိမ်းကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရရှိစေမယ် ဆိုတာကို လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူ အစိမ်းကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ မလိုလားအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်မှာ ဖြစ်တာကြောင့် အသည်းအဆီဖုံးခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

  • အိုမီဂါ - ၃ ဖက်တီးအက်စစ်

အိုမီဂါ - ၃ ဖက်တီးအက်စစ် ကြွယ်ဝစွာ ပါဝင်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာငါး (Sardines) ၊ သစ်ကြားသီး၊ ငါးကြီးဆီတွေကို စားသုံးပေးခြင်းဖြင့်လည်း အသည်းတွင်းမှာ ပိုလျှံနေတဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

  • ကော်ဖီ

မနက်မိုးလင်းတာနဲ့ တစ်နေ့တာ လုပ်ငန်းစဥ်တွေကို လန်းဆန်းတက်ကြွစွာ လုပ်ဆောင်နိုင်ဖို့ အတွက် လူသားအများစု အနေနဲ့ ကော်ဖီ တစ်ခွက်လောက် သောက်သုံးပေးလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကော်ဖီ သောက်သုံးခြင်းဖြင့် အသည်း ပျက်စီးခြင်းကို ကာကွယ်နိုင်မှာ ဖြစ်သလို အသည်းတွင်း အဆီပမာဏ မြင့်တက်လာခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂေါ်ဖီစိမ်း၊ Green Tea၊ သစ်ကြားသီး၊ Soy ပရိုတိန်းတို့ကို စားသုံးပေးခြင်းဖြင့်လည်း အသည်းတွင်း အဆီပမာဏ မြင့်တက်ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အသည်းအဆီဖုံး ဝေဒနာသည်တွေ ရှောင်ကြဥ်သင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သကြားဓာတ် လွန်ကဲသော အစားအစာများ
  • အရက်
  • ဆန်ချောများ
  • ဆီကြော်များ
  • အငံဓာတ် လွန်ကဲသော အစားအစာများ
  • အနီရောင် အသားများ

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.