ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်စေဖို့ စားသုံးပေးသင့်တဲ့ အစားအစာများ
- 12 Jun, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အသားညိုသူပဲဖြစ်ဖြစ်၊ အသားဖြူသူပဲဖြစ်ဖြစ် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ခွင့် ရရှိထားမယ်၊ ချောမွေ့ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ထားမယ်ဆိုရင် လူအများအကြားမှာ တစ်မူထူးပြီး ဆွဲဆောင်မှု ရှိနေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်စေဖို့ စားသုံးပေးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသားညိုသူပဲဖြစ်ဖြစ်၊ အသားဖြူသူပဲဖြစ်ဖြစ် ကျန်းမာလှပတဲ့
အသားအရေကို ပိုင်ဆိုင်ခွင့် ရရှိထားမယ်၊ ချောမွေ့ကြည်လင်တဲ့ အသားအရေကို
ပိုင်ဆိုင်ထားမယ်ဆိုရင် လူအများအကြားမှာ တစ်မူထူးပြီး ဆွဲဆောင်မှု ရှိနေမှာ
အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်စေဖို့
စားသုံးပေးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- အဆီဓာတ် ကြွယ်ဝစွာ ပါဝင်သောငါးများ
အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ဆဲလ်မွန်ငါးတွေ၊
ငါးကွမ်းရှပ်တွေ၊ ပင်လယ်ငါးသလောက် (Herring) တွေမှာ အသားအရေ ကျန်းမာလှပစေဖို့
အတွက် များစွာသော အထောက်အကူဖြစ်စေတဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်တွေ ကြွယ်ဝစွာ
ပါဝင်ပါတယ်။
အိုမီဂါ (၃) ဖက်တီးအက်စစ် အနေနဲ့ အသားအရေ စိုစွတ်နေအောင်၊
ကျစ်လစ်ပျော့ပျောင်းနေအောင် လုပ်ဆောင်ရာမှာ များစွာသော အထောက်အကူကို
ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်တဲ့ ငါးတွေကို
စားသုံးပေးခြင်းဖြင့် အသားအရေ နီရဲခြင်း၊ ဝက်ခြံထွက်ခြင်း၊ နေရောင်ခြည်နဲ့
အထိမခံနိုင်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်ဦးမှာ ဖြစ်ပါတယ်။
- ထောပတ်သီး
ထောပတ်သီးမှာလည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့
အဆီဓာတ်တွေ ပါဝင်တာကြောင့် အသားအရေ ကျန်းမာလှပနေစေဖို့ အတွက် များစွာသော
အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ဗီတာမင် (E) ၊ ဗီတာမင် (C) တို့လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့်
နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အသားအရေ
ကြမ်းတမ်းခြင်းစတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်ဦးမှာ ဖြစ်ပါတယ်။
- သစ်ကြားသီး
သစ်ကြားသီးဟာ ဆိုရင်လည်း အသားအရေ စိုပြေချောမွေ့စေဖို့
အတွက် များစွာသော အထောက်အကူကို ပေးစွမ်းနိုင်တဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။
သစ်ကြားသီးမှာ အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ဇင့်ဓာတ်၊ ဗီတာမင် (E)တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်း၊
ကြမ်းတမ်းခြင်းတို့ကနေ ကာကွယ်နိုင်မှာ ဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့်
ထိခိုက်ဒဏ်ရာ ရရှိခဲ့မယ် ဆိုရင်လည်း အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။
- နေကြာစေ့
နေကြာစေ့မှာ ဗီတာမင် (E) ၊ ဇင့်၊ ပရိုတိန်းစတဲ့ အသားအရေ ကျန်းမာရေးကို
အထောက်အကူဖြစ်စေတဲ့ ဓာတ်မျိုးစုံ ပါဝင်တာကြောင့် ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥမှာ ဘီတာကာရိုတင်းလို့ အမည်ရတဲ့ ဓာတ်တစ်မျိုး
ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆိုပါ ဘီတာကာရိုတင်းဓာတ် အနေနဲ့ ခန္ဓာကိုယ် အတွင်း
ရောက်ရှိသွားတဲ့ အခါမှာ ဗီတာမင် (A) အဖြစ် ပြောင်းလဲသွားလေ့ ရှိပါတယ်။
ဒါကြောင့် ကန်စွန်းဥကို ပုံမှန်စားသုံးပေးခြင်းဖြင့် နေလောင်ဒဏ်ကြောင့် အသားအရေ
ပျက်စီးခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အသားအရေ တွန့်ခြင်းတို့ကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ဂေါ်ဖီစိမ်း
ဂေါ်ဖီစိမ်းမှာလည်း အသားအရေ ကျန်းမာသန်စွမ်းစေဖို့
လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်များ
ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ (Sulforaphane)
ဒြပ်ပေါင်း အနေနဲ့ အရေပြားကင်ဆာ ဖြစ်ပွားခြင်းကိုပါ
ကာကွယ်ပေးနိုင်တာကြောင့် နေ့စဥ်ပုံမှန် စားသုံးပေးသင့်ပါတယ်။
REF: Healthline
