ကျောက်ကပ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် အစားအစာများ
- 10 Jun, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကျောက်ကပ် ဆိုတာကတော့ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိလျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးကြောအတွင်းမှ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ် စစ်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ကျောက်ကပ်မှာ အကြောင်းအမျိုးမျိုးကြောင့် အပြစ် တစ်စုံတရာ ရှိလာခဲ့မယ်ဆိုရင် ခန္ဓာကိုယ် အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ဆိုတာကတော့ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာ
တည်ရှိလျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ အဓိက
လုပ်ဆောင်ချက်ကတော့ သွေးကြောအတွင်းမှ စွန့်ပစ်ပစ္စည်းများကို ဆီးအဖြစ်
စစ်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ကျောက်ကပ်မှာ အကြောင်းအမျိုးမျိုးကြောင့်
အပြစ် တစ်စုံတရာ ရှိလာခဲ့မယ်ဆိုရင် ခန္ဓာကိုယ် အတွက် မလိုလားအပ်တဲ့
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကျောက်ကပ် စွမ်းဆောင်ရည်ကို
မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြ ပေးလိုက်ရတာ ဖြစ်ပါတယ်။
- ပန်းသီး
ပန်းသီးမှာ ပက်တင်း (Pectin) လို့ အမည်ရတဲ့ အမျှင်ဓာတ် တစ်မျိုး
ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆိုပါ ပက်တင်းဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့
ကိုလက်စထရော ပမာဏကို လျှော့ချပေးသလို သကြားပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
ဒါ့အပြင် ပန်းသီးမှာ အန်တီအောက်ဆီဒန့်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့်
ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကိုလည်း ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
- ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးတွေဟာ အန်တီအောက်ဆီဒန့် ပါဝင်မှု အများဆုံး
အသီးအနှံတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီသီးမှာ ကယ်လိုရီ ပါဝင်မှု
နည်းပါပြီး အမျှင်ဓာတ်နဲ့ ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို
စားသုံးပေးခြင်းဖြင့် ကျောက်ကပ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို ကင်ဆာရောဂါ၊
နှလုံးရောဂါ ဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- အိုမီဂါ-၃ ဖက်တီးအက်စစ်
အိုမီဂါ-၃ ဖက်တီးအက်စစ် ဆိုတာကတော့ ခန္ဓာကိုယ်အတွင်း
ထုတ်လုပ်နိုင်ခြင်း မရှိဘဲ အစားအစာတွေကသာ ရရှိနိုင်တဲ့ အာဟာရဓာတ် တစ်မျိုးပဲ
ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီးအစ်စစ် အနေနဲ့ ခန္ဓာကိုယ် အတွက် အရေးပါတဲ့
လုပ်ဆောင်ချက်တွေဖြစ်တဲ့ သွေးခဲမှုကို ထိန်းညှိပေးခြင်း၊ ဦးနှောက်ဆဲလ်များ
တည်ဆောက်ပေးခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။
တကယ်လို့ ခန္ဓာကိုယ်တွင်း အိုမီဂါ-၃ ဖက်တီးအက်စစ်တွေ
လျော့နည်းသွားခဲ့မယ်ဆိုရင် ကျောက်ကပ် စွမ်းဆောင်ရည်ကို ထိခိုက်စေမှာ ဖြစ်တဲ့အပြင်
နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ သွေးပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ-၃ ဖက်တီးအက်စစ် ပါဝင်မှု များပြားတဲ့
ဆဲလ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါးတွေကို ပုံမှန် စားသုံး ပေးသင့်ပါတယ်။
- စတော်ဘယ်ရီ
စတော်ဘယ်ရီ အသီးတွေဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့်
ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်တွေ၊ အန်တီအောက်ဆီဒန့်တွေ၊ အမျှင်ဓာတ်တွေ
ကြွယ်ဝစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတွေကို စားသုံးပေးခြင်းဖြင့် ကျောက်ကပ် ဝေဒနာ၊
နှလုံးရောဂါ၊ ကင်ဆာရောဂါများ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်မှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊
ဖောလစ်အက်စစ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ ပါဝင်တဲ့
ဘီတာကာရိုတင်းဟာ ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်သလို အမြင်အာရုံ
ဝေဝါးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
REF: Kidney.Org