မုန့်ချိုအိတ် (ပန်ကရိယ) ရောင်ရမ်းခြင်း

  • 02 Jun, 2020
  • အဖြစ်များသောရောဂါများ

ပန်ကရိယဆိုတာကတော့ အစာအိမ်အနောက်ဘက်၊ အူသိမ်ဘေးမှာ တည်ရှိလျက်ရှိတဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ပန်ကရိယရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အစာချေဖျက်ဖို့ အတွက် လိုအပ်တဲ့ အင်ဇိုင်မ်းများ ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။

ပန်ကရိယဆိုတာကတော့ အစာအိမ်အနောက်ဘက်၊ အူသိမ်ဘေးမှာ တည်ရှိလျက်ရှိတဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ပန်ကရိယရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အစာချေဖျက်ဖို့ အတွက် လိုအပ်တဲ့ အင်ဇိုင်မ်းများ ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပန်ကရိယ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ပန်ကရိယ အနေနဲ့ ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ပန်ကရိယရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အဓိကအားဖြင့် အစာအိမ် ဘယ်ဘက် အပေါ်ခြမ်း နာကျင်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ပန်ကရိယရောင်ရမ်းခြင်းကြောင့် -

  • အစာမကျေခြင်း
  • ခန္ဓာကိုယ် အပေါ်ပိုင်း နာကျင်ကိုက်ခဲခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ဗိုက်တင်းခြင်း
  • အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • ကျို့ထို့ခြင်း
  • ဖျားနာခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

ဒါ့အပြင် နာတာရှည် ပန်ကရိယ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေ အပြင် အနံ့ဆိုးတဲ့ ဝမ်းအချွဲများသွားခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ပန်ကရိယရောင်ရမ်းခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်း

ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကို လူငယ်တွေထက် သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကို အဓိအားဖြင့် သည်းခြေကျောက်တည်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ သည်းခြေကျောက်တည်ခြင်းကို ခံစားနေရတဲ့အပြင် ဆေးလိပ်၊ အရက်တို့ကိုပါ စွဲမြဲစွာ သုံးစွဲခဲ့မယ် ဆိုရင်တော့ ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကနေ အမြဲတမ်း ပန်ကရိယရောင်ရမ်းခြင်း အဖြစ် ပြောင်းလဲခံစားရနိုင်ပါတယ်။

  • နာတာရှည် ပန်ကရိယရောင်ရမ်းခြင်း

နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ပန်ကရိယ ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်ပြီး အင်ဆူလင် လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အင်ဆူလင်ဓာတ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ ပန်ကရိယ အနေနဲ့ လုံလောက်တဲ့ အင်ဆူလင်ပမာဏကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့ အခါမှာ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ခံစားရနိုင်ပါတယ်။

ပန်ကရိယ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သည်းခြေကျောက်တည်ခြင်း
  • အဝလွန်ခြင်း
  • ဆေးလိပ်နဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်း
  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း
  • ပန်ကရိယကင်ဆာ ခံစားနေရခြင်း
  • ပန်ကရိယမှာ ရောဂါပိုး ကူးစက်ခံရခြင်း
  • ဝမ်းဗိုက်တစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း
  • သွေးတွင်း (Triglycerides) ဓာတ် လွန်ကဲခြင်း

ပန်ကရိယရောင်ရမ်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အနီရောင် အသားများ၊ ဆီကြော်မုန့်များ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အဆီများတဲ့ နို့ထွက်ပစ္စည်းများ အလွန်အမင်း စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အချိုဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ထိန်းညှိခြင်း
  • ဆေးလိပ်နဲ့ အရက်ဖြတ်ခြင်း
  • ရေဓာတ် ဖြည့်တင်းပေးခြင်း
  • ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
  • ဆရာဝန် ညွှန်ကြားချက်အတိုင်း ဗီတာမင် ဖြည့်စွက်အားဆေးများ သောက်သုံးခြင်း

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.