အသင့်စား ခေါက်ဆွဲခြောက်များ မကြာခဏ စားသုံးခြင်းရဲ့ ဆိုးကျိုးများ
- 30 Mar, 2020
- အဖြစ်များသောရောဂါများ
အသင့်စား ခေါက်ဆွဲခြောက်တွေကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ နှစ်သက်စွာ စားသုံးလေ့ ရှိကြပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေဟာ ဝယ်ယူရ လွယ်ကူသလို စားသုံးဖို့ အတွက်လည်း အလွယ်တကူ ပြင်ဆင်နိုင်တာကြောင့် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးတွေမှာ လူအများစု အနေနဲ့ ကြိုတင် ဝယ်ယူ စုဆောင်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်တွေကို
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ နှစ်သက်စွာ စားသုံးလေ့ ရှိကြပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေဟာ
ဝယ်ယူရ လွယ်ကူသလို စားသုံးဖို့ အတွက်လည်း အလွယ်တကူ ပြင်ဆင်နိုင်တာကြောင့် အခုလို COVID-19
ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးတွေမှာ လူအများစု အနေနဲ့ ကြိုတင် ဝယ်ယူ စုဆောင်းမှုတွေကို
ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင်
ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ
အဓိကအားဖြင့် ဂျုံ၊ ဆား၊ ရသာမှုန့်နဲ့ စားအုန်းဆီတို့ ပါဝင်ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်
အများစုမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်တို့လည်း အနည်းငယ်သာ
ပါဝင်ပြီး အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဆိုဒီယမ်တို့ လွန်ကဲစွာ ပါဝင်ပါတယ်။
ဒါ့အပြင် အသင့်စား
ခေါက်ဆွဲခြောက်တွေကို အချိန်ကြာမြင့်စွာ အထားခံစေဖို့ အတွက် တာရှည်ခံဆေးတွေ အသုံးပြုထားတာကြောင့်
အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။
- အစာချေစနစ်ကို
ထိခိုက်စေခြင်း
အစာချေစနစ်
ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ခန္ဓာကိုယ်တွင်း အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ
လုံလောက်စွာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကိုသာ
အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေကို
လုံလောက်စွာ ရရှိနိုင်မှာ မဟုတ်တာကြောင့် အစာချေစနစ်ကို ထိခိုက်စေမှာ ဖြစ်သလို ဝမ်းချုပ်ခြင်း၊
မအီမသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- အသည်းပျက်စီးခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ
(Propylene Glycol) လို့ အမည်ရတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ
(Propylene Glycol) ဓာတုဒြပ်ပေါင်း အနေနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တာကြောင့်
အသင့်စား ခေါက်ဆွဲခြောက်တွေကို နေ့စဉ်ရက်ဆက် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ
အသည်းပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။
- ကျောက်ကပ် ပျက်စီးခြင်း
(Propylene
Glycol) ဓာတု ဒြပ်ပေါင်းကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်သလို ကျောက်ကပ်
ပျက်စီးခြင်းကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်များ အလွန်အကျွံ
စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
- ခေါင်းကိုက်ခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ
Monosodium Glutamate (MSG) လို့ အမည်ရတဲ့ ဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ
(MSG) ဒြပ်ပေါင်း ပါဝင်တဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကို အသင့်အတင့်သာ စားသုံးခဲ့မယ်ဆိုရင်
ခန္ဓာကိုယ် အတွက် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ မဟုတ်ပေမယ့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင်တော့
ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ဦးနှောက်
စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။
- ဆီးချိုရောဂါ
ဖြစ်ပွားခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ
အနံ့အရသာနဲ့ ပြည့်စုံစေဖို့ အတွက် သကြားဓာတ်တွေ အမြောက်အများ အသုံးပြုထားတာကြောင့်
အမြဲလိုလို စားသုံးခဲ့မယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အသင့်စား
ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အဝလွန်ခြင်း၊ လိင်စိတ်စွမ်းဆောင်ရည်
ကျဆင်းခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် တစ်ပတ်ကို
နှစ်ကြိမ်ခန့်သာ အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးပေးသင့်ပါတယ်။
REF: HealthLine, SteemIt