မကြာခဏ လက်ဆေးခြင်းကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ

  • 26 Mar, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းကနေ ကာကွယ်ဖို့ အတွက် နိုင်ငံတကာမှ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ဒေသတွင်း ကျန်းမာရေး အဖွဲ့အစည်းတွေ အနေနဲ့ မကြာခဏ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ အတွက် တိုက်တွန်းခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းကနေ ကာကွယ်ဖို့ အတွက် နိုင်ငံတကာမှ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ဒေသတွင်း ကျန်းမာရေး အဖွဲ့အစည်းတွေ အနေနဲ့ မကြာခဏ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ အတွက် တိုက်တွန်းခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါပိုးမွှား အများစုဟာ လက်မှာ တွယ်ကပ်နေလေ့ ရှိကြပြီး လက်ကနေတစ်ဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အတွင်းကို အလွယ်တကူ ဝင်ရောက်သွားနိုင်တာကြောင့် မကြာခဏ လက်ကို ဆပ်ပြာနဲ့ ရေ အသုံးပြုပြီး ဆေးကြောခြင်း၊ ဒါမှမဟုတ် လက်သန့်ဆေးရည်များ အသုံးပြုပြီး ဆေးကြောခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့်လည်း အခုလို မကြာခဏ လက်ဆေးတဲ့ အခါမှာ အရေပြားဆဲလ်တွေကို ပျက်စီးစေနိုင်ပြီး အရေပြား ခြောက်သွေ့ခြင်း၊ အရေပြား ကွဲအက်ခြင်းစတဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ လက်ဆေးခြင်းကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပတယ်။

  • ရေနွေးဖြင့် လက်ဆေးခြင်း

လက်မှာတွယ်ကပ်နေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှား ရှင်းလင်းပစ်နိုင်ဖို့ အတွက် ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး အနည်းဆုံး စက္ကန့် သုံးဆယ်ခန့် ဆေးကြောပေးသင့်ပါတယ်။ အခုလို ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး လက်ဆေးခြင်းကို ပြုလုပ်တဲ့ အခါမှာ အေးလွန်း၊ ပူလွန်းတဲ့ ရေတွေကို အသုံးပြုခဲ့မယ်ဆိုရင် အရေပြားဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းမပူတဲ့ ရေနွေးဖြင့်သာ လက်ကို စင်ကြယ်အောင် ဆေးကြော သန့်စင်ပေးသင့်ပါတယ်။

  • ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) အသုံးပြုပေးခြင်း

အချို့သော ဆပ်ပြာတွေကို အသုံးပြုပြီး လက်ဆေးတဲ့ အခါမှာ ဒါမှမဟုတ် လက်ဆေးပြီးတိုင်း စင်ကြယ်အောင် လက်သုတ်ဖို့ မေ့လျောနေတဲ့ အခါမျိုးတွေမှာ အရေပြားကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပြီးတိုင်း ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) ကို အသုံးပြုပေးသင့်ပါတယ်။ ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) ကို လက်အပေါ် သုတ်လိမ်းပေးခြင်းဖြင့် အသားအရေကို ချောမွေ့စေမှာ ဖြစ်သလို အရေပြား ကွဲအက်ခြင်း၊ အရေပြား ခြောက်သွေ့ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • လက်အိတ်ဝတ်ဆင်ခြင်း

ရေဓာတ်ဖြည့်ခရင်မ် (Moisturizer) လိမ်းပေးခြင်း အပြင် လက်‌ဆေးပြီးတိုင်း လက်အိတ်ကိုပါ (၁) နာရီ ဒါမှမဟုတ် (၂) နာရီခန့် ဝတ်ဆင်ပေးထားမယ် ဆိုရင် ရေဓာတ်ဖြည့်ခရင်မ် လိမ်းပေးခြင်းကြောင့် ရရှိလာတဲ့ အစိုဓာတ်ကို ထိန်းထားပေးနိုင်မှာ ဖြစ်တာကြောင့် အရေပြားဆဲလ်များ ပျက်စီးခြင်း၊ အရေပြား ခြောက်သွေ့ခြင်း၊ အရေပြားကွဲအက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှုကို လုံးဝ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အသားလှဆီများ လိမ်းကျံပေးခြင်း

သင့်အနေနဲ့ အရေပြားဆိုင်ရာ ရောဂါတစ်မျိုးမျိုးကို ခံစားနေရပြီး မကြာခဏ လက်ဆေးခြင်းကို ပြုလုပ်ခဲ့မယ်ဆိုရင် သာမန်လူတွေထက် အရေပြားဆဲလ်များ ပျက်စီးခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရေပြားကွဲအက်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ပိုမို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အသားလှဆီကို လိမ်းကျံပေးခြင်းဖြင့် အသားအရေကို ချောမွေ့စေမှာဖြစ်သလို လက်ဆေးခြင်းကြောင့် ခံစားရနိုင်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အဝတ်ကြမ်းများဖြင့် လက်သုတ်ခြင်းကို ရှောင်ကြဉ်ခြင်း

အဝတ်ကြမ်းများဖြင့် လက်သုတ်ခြင်းကြောင့် အရေပြားကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းတို့ကို ပိုမို ဖြစ်ပွားစေနိုင်တာကြောင့် လက်ဆေးပြီးတိုင်း တစ်ရှူး ဒါမှမဟုတ် နူးညံ့တဲ့ လက်ကိုင်ပုဝါများကိုသာ အသုံးပြုသင့်ပါတယ်။

REF: HealthLine

 

 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.