ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း
- 20 Mar, 2020
- အဖြစ်များသောရောဂါများ
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း ဆိုတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက် သွေးကြောများ ပေါက်ထွက်ကာ ဦးနှောက်တွင်း တစ်သျှူးများ အတွင်းသို့ သွေးယိုစိမ့်လာခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အခုလို ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို ခံစားရတဲ့ အခါမှာ ဦးနှောက်ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း ဆိုတာကတော့ အကြောင်းအမျိုးမျိုးကြောင့်
ဦးနှောက် သွေးကြောများ ပေါက်ထွက်ကာ ဦးနှောက်တွင်း တစ်သျှူးများ အတွင်းသို့ သွေးယိုစိမ့်လာခြင်းကို
ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အခုလို ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို
ခံစားရတဲ့ အခါမှာ ဦးနှောက်ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို များသောအားဖြင့် သွေးပေါင်ချိန်
မြင့်တက်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့
အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာရခြင်း
- ဦးနှောက်သွေးကြောများ ဖောင်းလာပြီး ပေါက်ထွက်ခြင်း
- အသည်းရောဂါဖြစ်ပွားခြငး်
- ဦးနှောက်တွင်း သွေးကြောများ မူမမှန်ခြင်း
- သွေးကျဆေးများ သောက်သုံးခြင်း
- ဦးနှောက်တွင်း အကျိတ်ဖြစ်ခြင်း
- မူးယစ်ဆေးဝါးများ သောက်သုံးခြင်း
- သွေးမတိတ်ရောဂါများ (Bleeding Disorders) ခံစားနေရခြင်း
ဒါ့အပြင် ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ
ပိုမို ခံစားရလေ့ ရှိကြပြီး အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေထက် ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို
ပိုမို ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဂျပန်နိုင်ငံသားတွေ၊ အာဖရိကန်-အမေရိကန်
လူမျိုးတွေ အနေနဲ့ ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို အခြားသော နိုင်ငံသားတွေထက် ပိုမို
ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို ခံစားရတဲ့ အခါမှာ -
- ရုတ်တရက် အားနည်းခြင်း
- ခြေ၊ လက်၊ မျက်နှာများ ထုံကျဥ်ကိုက်ခဲခြင်း
- အပြင်းအထန် ခေါင်းကိုက်ခြင်း
- အစာမျိုရခက်ခဲခြင်း
- အမြင်အာရုံဝေဝါးခြင်း
- ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
- မူးဝေခြင်း
- လှုပ်ရှားရ ခက်ခဲခြင်း
- အရသာခံနိုင်စွမ်း ကျဆင်းခြင်း
- စကားပြောရ ခက်ခဲခြင်း
- အော့အန်ခြင်း
- အမြဲတမ်း အိပ်ချင်နေခြင်း
- သတိလစ်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- စိတ်ဂနာမငြိမ်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းဟာ အရေးပေါ် ဆေးဝါးကုသမှုတွေ
ခံယူဖို့ လိုအပ်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေ ခံစားရတာနဲ့
အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
တကယ်လို့ ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို အလျှင်အမြန် ကုသမှု
ခံယူခဲ့ခြင်း မရှိဘူးဆိုရင် အမြင်အာရုံ ကွယ်ပျောက်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း၊
မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ ဖျားနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားရခက်ခဲခြင်း၊
အမြဲတမ်းလိုလို မောပန်းနွမ်းနယ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို
တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်ခြင်း
- မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
- လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
REF: HealthLine, WebMd