အစာစားရမှာ ကြောက်ရွံ့ခြင်း (Anorexia Nervosa) အကြောင်း သိကောင်းစရာများ
- 19 Mar, 2020
- အဖြစ်များသောရောဂါများ
အစာစားရမှာ ကြောက်ရွံ့ခြင်း ဆိုတာကတော့ အဝလွန်မှာ အစိုးရိမ် လွန်ကဲပြီး စားသောက်မှု ပုံစံမမှန်ခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာစားရမှာ ကြောက်ရွံ့ခြင်းကို ခံစားရခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်တာကြောင့် အစာစားရမှာ ကြောက်ရွံ့ခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်း ဆိုတာကတော့ အဝလွန်မှာ အစိုးရိမ်
လွန်ကဲပြီး စားသောက်မှု
ပုံစံမမှန်ခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာစားရမှာ
ကြောက်ရွံ့ခြင်းကို ခံစားရခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်တဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်တာကြောင့်
အစာစားရမှာ ကြောက်ရွံ့ခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို
ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်းကို ခံစားနေရပြီဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကတော့ ကိုယ်အလေးချိန် အဆမတန် ကျဆင်းခြင်း၊
ကယ်လိုရီ ပါဝင်တဲ့ အစားအစာများ စားသုံးမှုကို အလွန်အကျွံ ရှောင်ကြဥ်ခြင်း၊
လေ့ကျင့်ခန်း အပြင်းအထန် လုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်
ထိန်းညှိနိုင်မှု မရှိခြင်း၊ အိပ်မပျော်ြခင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ အသားဝါခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ သွေးပေါင်ကျခြင်း၊
စိတ်ကျလွယ်ခြင်း၊ အအေးဒဏ် မခံနိုင်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ လက်ချောင်း၊
ခြေချောင်းများ ရောင်ရမ်းခြင်း၊ နှလုံးခုန် စည်းချက် မမှန်ခြင်း၊ ဗိုက်အောင့်ခြင်း၊
သွားပဲ့ခြင်း၊ ရာသီထိမ်ခြင်းစတဲ့ ဝေဒနာတွေကို အစာစားရမှာ ကြောက်ရွံ့ခြင်းကြောင့်
ခံစားရလေ့ ရှိကြပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်းကို ခံစားရတဲ့ အခါမှာ
ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေဖြစ်တဲ့ အဝလွန်မှာ
စိုးရိမ်တာကြောင့် အဆာခံခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ဆောင်ခြင်း၊
အစာစားပြီးတိုင်း လက်ထိုးအန်ခြင်း၊ အစာမစားဘဲ အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၊
ကယ်လိုရီနဲ့ အဆီ ပါဝင်မှာ နည်းပါးတဲ့ အစားအစာများသာ စားသုံးခြင်း၊ ကိုယ်အလေးချိန်
မြင့်တက်လာမှာကို စိုးရိမ်စိတ် လွန်ကဲခြင်း၊ လိင်စိတ်ကျဆင်းခြင်း၊
စိတ်ဓာတ်ကျခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်းကို သက်သာပျောက်ကင်းအောင်
ကုသခဲ့ခြင်း မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများ ပျက်စီးခြင်းကို
ဖြစ်စေနိုင်တဲ့အပြင် အဆာလွန်ပြီး အသက် သေဆုံးတဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်တာကြောင့် သင့်မိသားစုတွေ အထဲမှာ အစာစားရမှာ ကြောက်ရွံ့ခြင်း ဝေဒနာ
ခံစားနေရသူတွေ ရှိနေခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အတွက်
ကူညီ ဆောင်ရွက်ပေးသင့်ပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းကို အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် အဓိကအားဖြင့်
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို အရူးအမူး စွဲလန်းနှစ်သက်သွားတဲ့
အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ အစာစားရမှာ ကြောက်ရွံ့ခြင်းကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျိုးရိုးဗီဇ
မျိုးရိုးဗီဇနဲ့ အစာစားရမှာ ကြောက်ရွံ့ခြင်း အကြား
ဆက်နွယ်မှုကို လက်ရှိအချိန်ထိ အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် အချို့သော
မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားသူတွေဟာ ကိုယ့်ကိုယ်ကို ပြီးပြည့်စုံနေစေဖို့
ဘယ်အရာကိုမဆို စတေးပစ်ဖို့ ဝန်မလေးတတ်ကြတာကြောင့် တစ်ခါတရံမှာ
ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို ပိုင်ဆိုင်နိုင်စေဖို့ အတွက် အစာစားသုံးမှုကို
လျှော့ချရင်း နောက်ပိုင်းမှာ အစာစားရမှာ ကြောက်ရွံ့ခြင်းကို ခံစားသွားရလေ့
ရှိကြပါတယ်။
- ပတ်ဝန်းကျင်
လူအများစု အနေနဲ့ ပိန်မှလှတယ်၊ ပိန်မှချစ်ဖို့ကောင်းတယ်လို့
ထင်မှတ်ထားကြတာကြောင့် ယနေ့ခေတ် လူငယ်လူရွယ်တွေ အနေနဲ့ ပတ်ဝန်းကျင် အမြင်မှာ
တင့်တယ်စေဖို့၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ခံယူရခြင်း မရှိစေဖို့ အတွက်
ခန္ဓာကိုယ် အလေးချိန်ကို အပြင်းအထန် လျှော့ချရင်း အစာစားရမှာ ကြောက်ရွံ့ခြင်းကို
ခံစားသွားရလေ့ ရှိကြပါတယ်။
အစာစားရမှာ ကြောက်ရွံ့ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- စိတ်ကျန်းမာရေးဆိုင်ရာ ကုထုံးများ ခံယူခြင်း
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- အာဟာရဆရာဝန် ညွှန်ကြားချက်အတိုင်း နေထိုင်၊ စားသောက်ခြင်း
- ဆေးရုံတက် ကုသမှု ခံယူခြင်း
REF: HealthLine, MayoClinic, WebMd
