ဦးနှောက်အတွင်း ရေများ စုစည်းခြင်း (Hydrocephalus)
- 18 Mar, 2020
- ကလေးကျန်းမာရေး
ဦးနှောက်တွင်းနဲ့ အာရုံကြောမကြီး အတွင်းမှာ စီးဆင်းလျက်ရှိတဲ့ ဦးနှောက်အရည်ကြည်တွေ အကြောင်းအမျိုးမျိုးကြောင့် များပြားလာတဲ့ အခါမှာ ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဦးနှောက် အတွင်းမှာ ဦးနှောက် အရည်ကြည်တွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ ဦးနှောက် အပေါ် ဖိအား သက်ရောက်လာမှာဖြစ်ပြီး ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်တစ်သျှူးများ ပျက်စီးခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်အတွင်း ရေများ စုစည်းခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဦးနှောက်တွင်းနဲ့ အာရုံကြောမကြီး အတွင်းမှာ စီးဆင်းလျက်ရှိတဲ့ ဦးနှောက်အရည်ကြည်တွေ အကြောင်းအမျိုးမျိုးကြောင့် များပြားလာတဲ့ အခါမှာ ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဦးနှောက် အတွင်းမှာ ဦးနှောက် အရည်ကြည်တွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ ဦးနှောက် အပေါ် ဖိအား သက်ရောက်လာမှာဖြစ်ပြီး ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်တစ်သျှူးများ ပျက်စီးခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်အတွင်း ရေများ စုစည်းခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို မွေးကင်းစ ကလေးငယ်တွေ၊ အသက် (၆၀) နဲ့အထက် သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မွေးကင်းစ ကလေးငယ် (၁၀၀၀) မှာ (၂) ယောက်ခန့် ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။
ဦးနှောက်အတွင်း ရေများ စုစည်းခြင်းကို များသောအားဖြင့် ဦးနှောက်အရည်ကြည်များ ထုတ်လုပ်ရာနဲ့ စွန့်ထုတ်ရာမှာ မျှတမှု မရှိခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက်အရည်ကြည်တွေကို ဦးနှောက်ခန်းတွေမှာ တည်ရှိနေတဲ့ တစ်သျှူးနံရံတွေကနေ တစ်ဆင့် ထုတ်လွှတ် ပေးလျက်ရှိပါတယ်။
ဦးနှောက်အရည်ကြည်ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးနှောက်တစ်ခုလုံး ဦးခေါင်းအတွင်း သက်တောင့်သက်တာ နေထိုင်နိုင်ရန် ကူညီပေးခြင်း
- ဦးနှောက် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိအောင် ကာကွယ်ပေးခြင်း
- ဦးနှောက်အတွင်းမှ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း
- ဦးနှောက်အတွင်း သွေးပေါင်ချိန် အပြောင်းအလဲများ ဖြစ်ပွားမှုကို ထိန်းညှိပေးခြင်း
ဦးနှောက်အတွင်း ရေများစုစည်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးနှောက်အရည်ကြည်များ စီးဆင်းရာ လမ်းကြောင်းမှာ ပိတ်ဆို့နေခြင်း
- ဦးနှောက်အရည်ကြည်များကို သွေးကြောတွေမှ စုပ်ယူနိုင်စွမ်း ကျဆင်းခြင်း
- ဦးနှောက်အရည်ကြည် ထုတ်လွှတ်မှု လွန်ကဲခြင်း
အချို့သော အခြေအနေတွေမှာ ဦးနှောက်အတွင်း ရေများစုစည်းခြင်းကို မွေးရာပါ ရောဂါအဖြစ် ခံစားရလေ့ ရှိကြပါတယ်။ မွေးရာပါ ဦးနှောက်အတွင်း ရေများစုစည်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မွေးရာပါ အာရုံကြောမကြီး မလုံခြင်း
- မျိုးဗီဇမူမမှန်ခြင်း
- ကိုယ်ဝန်ဆောင်ကာလအတွင်း (Rubella) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း
- မွေးဖွားနေစဥ် ဦးခေါင်းပတ်လည် ထိခိုက်ဒဏ်ရာရခြင်း
- အာရုံကြောမကြီး အကျိတ်ဖြစ်ခြင်း
- ဦးနှောက်အကျိတ်ဖြစ်ခြင်း
အရွယ်ရောက်ပြီးသူတွေ၊ သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်အတွင်း ရေများ စုစည်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း
- ဦးခေါင်းခွံ ထိခိုက်ဒဏ်ရာရခြင်း
- ဦးနှောက် ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
- ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း
- လေဖြတ်ခြင်း
- ဦးနှောက်အကျိတ်ဖြစ်ခြင်း
မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ ဦးနှောက်တွင်း ရေများ စုစည်းခြင်းကြောင့် အောက်ပါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ငယ်ထိပ်ဖောင်းလာခြင်း
- ဦးခေါင်းအရွယ်အစား အလွန်အမင်း ကြီးထွားလာခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- အမြဲတမ်း အိပ်နေခြင်း
- အစာစားချင်စိတ် မရှိခြင်း
- စိတ်အလိုမကျဖြစ်ခြင်း
- ကြွက်သားများ အားနည်းခြင်း
ကလေးငယ်တွေ အနေနဲ့ ဦးနှောက်တွင်း ရေများ စုစည်းခြင်းကြောင့် အောက်ပါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- မကြာခဏ အော်ဟစ် ငိုယိုခြင်း
- ကိုယ်အမူအရာ ပြောင်းလဲခြင်း
- ခေါင်းကိုက်ခြင်း
- မျက်စိစွေခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခန္ဓာကိုယ် ကြီးထွားနှုန်း ကျဆင်းခြင်း
- အစာစားရ ခက်ခဲခြင်း
- အလွန်အမင်း အိပ်စက်ခြင်း
- ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဦးခေါင်းခွံ အရွယ်အစား ကြီးမားခြင်း
- မူးဝေခြင်း
- အာရုံစူးစိုက်ရခက်ခဲခြင်း
သက်လတ်ပိုင်းတွေ အနေနဲ့ ဦးနှောက်တွင်း ရေများ စုစည်းခြင်းကြောင့် အောက်ပါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- နာတာရှည်ခေါင်းကိုက်ခြင်း
- လမ်းလျှောက်ရခက်ခဲခြင်း
- ဆီးမထိန်းနိုင်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း
- အာရုံစူးစိုက်ရ ခက်ခဲခြင်း
- ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း
ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ဦးနှောက်တွင်း တစ်သျှူးများ ပျက်စီးခြင်း၊ ဦးနှောက် ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်တဲ့အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေမှာ ဖြစ်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။
ဦးနှောက်တွင်း ရေများ စုစည်းခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- (Shunt) ထည့်သွင်းခြင်း
(Shut) ထည့်သွင်းခြင်း ဆိုတာကတော့ ဦးနှောက်အတွင်းမှာ ပိုလျှံနေတဲ့ အရည်ကြည်တွေကို ဖယ်ရှားပစ်နိုင်ဖို့ ပြွန်ထည့် ကုသခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ (Shunt) ပြွန်ရဲ့ အစွန်းတစ်ဖက်ကို ဦးနှောက်အတွင်း ထည့်သွင်းထားပြီး နောက်ထပ် အစွန်းတစ်ဖက်ကို ဝမ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်အတွင်း ထည့်သွင်းကာ ပိုလျှံနေတဲ့ ဦးနှောက် အရည်ကြည်တွေကို စုပ်ယူ ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။
- Ventriculostomy
Ventriculostomy ဆိုတာကတော့ ဦးနှောက်ခန်းငယ်တွေရဲ့ အောက်ခြေမှာ ဒါမှမဟုတ် ဦးနှောက် အခန်းနှစ်ခု အကြားမှာ အပေါက်ဖောက်ပြီး ပိုလျှံနေတဲ့ ဦးနှောက်အရည်ကြည်တွေကို ဖယ်ရှားပစ်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
REF: HeatlhLine, MedicalNewsToday, MayoClinic
