ကြောင်ကုတ်ရောဂါ (Cat Scratch Disease) အကြောင်း သိကောင်းစရာများ
- 10 Mar, 2020
- အဖြစ်များသောရောဂါများ
ကြောင်ကုတ်ရောဂါ ဆိုတာကတော့ ကြောင်လေးတွေရဲ့ လက်သည်းတွေမှာ၊ ပါးစပ်အတွင်းမှာ တည်ရှိနေတဲ့ ဘက်တီးရီးယားပိုး (Bartonella Henselae) ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ဘက်တီးရီးယားပိုး ရှိနေတဲ့ ကြောင်လေးတွေ ကုတ်ခြင်း၊ ကိုက်ခြင်းကို ခံခဲ့ရမယ်ဆိုရင် ကြောင်ကုတ်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။
ကြောင်ကုတ်ရောဂါ ဆိုတာကတော့ ကြောင်လေးတွေရဲ့ လက်သည်းတွေမှာ၊
ပါးစပ်အတွင်းမှာ တည်ရှိနေတဲ့ ဘက်တီးရီးယားပိုး (Bartonella Henselae) ကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ဘက်တီးရီးယားပိုး
ရှိနေတဲ့ ကြောင်လေးတွေ ကုတ်ခြင်း၊ ကိုက်ခြင်းကို ခံခဲ့ရမယ်ဆိုရင် ကြောင်ကုတ်ရောဂါကို
ခံစားရမှာ ဖြစ်ပါတယ်။
ကြောင်ကုတ်ရောဂါကို များသောအားဖြင့် ဆောင်းဦးရာသီ၊ ဆောင်းရာသီတွေမှာ
ခံစားရလေ့ရှိကြပြီး ကလေးငယ်တွေ အနေနဲ့ အရွယ်ရောက်ပြီးသူတွေထက် ကြောင်ကုတ်ရောဂါကို
ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒ့ါအပြင် ကင်ဆာရောဂါသည်တွေ၊ ဆီးချိုရောဂါသည်တွေ၊ ခုခံအားကျဆင်းမှု
ကူးစက်ရောဂါသည်တွေ အနေနဲ့ ကြောင်ကုတ်ရောဂါကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။
ကြောင်ကုတ်ရောဂါကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို
ခံစားရမှာ မဟုတ်ပေမယ့် အချိန် ကြာလာတာနဲ့ အမျှ ခန္ဓာကိုယ်တွင်း (Bartonella
Henselae) ဘက်တီးရီးယားပိုးတွေ ပြန့်ပွားလာပြီး ရောဂါဝေဒနာတွေကို စတင်
ခံစားလာရမှာ ဖြစ်ပါတယ်။
ကြောင်ကုတ်ရောဂါကြောင့် ခံစားရလေ့ရှိတဲ့ ဝေဒနာတွေကို (၃) ရက်နဲ့
(၁၄) ရက် အကြားမှာ စတင် ခံစားရလေ့ ရှိကြပြီး အဓိကအားဖြင့် လက်မောင်း၊ လက်၊ ဦးရေခွံနဲ့
ဦးခေါင်းတို့မှာ အရည်ကြဖုလေးများ ထွက်ပေါ်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ကြောင်ကုတ်ရောဂါကို
ခံစားရတဲ့ အချိန်ကြာလာတဲ့ အခါမှာတော့ အဆိုပါ အရည်ကြည်ဖုတွေ အနားမှာ တည်ရှိနေတဲ့ ပြန်ရိတ်ကျိတ်များ
ရောင်ရမ်းခြင်း၊ တင်းမာခြင်းတို့ကိုပါ တွဲဖက် ခံစားရမှာ ဖြစ်ပါတယ်။
တစ်ခါတရံမှာ ကြောင်ကုတ်ရောဂါ ခံစားရခြင်းကြောင့် အောက်ပါ ဝေဒနာတွေကိုလည်း
ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်ခြင်း
- အစာစားချင်စိတ် မရှိခြင်း
- အပျော့စား ဖျားနာခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းကိုက်ခြင်း
- အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
- အနီရောင် အကွက်များ ထွက်ပေါ်လာခြင်း
- လည်ပင်းနာခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရတဲ့အပြင် ကြောင်ကုတ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အနာမကျက်ခြင်း၊ အနီရောင် အကွက်များ
ကြီးထွားလာခြင်း၊ အပြင်းအထန် ဖျားနာခြင်း၊ မခံမရပ်နိုင်အောင် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးဝါး ကုသမှုတွေ
ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
တကယ်လို့ ကြောင်ကုတ်ရောဂါကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း
မရှိဘူးဆိုရင် အောက်ပါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- (Encephalopathy) ဦးနှောက်ရောဂါ
(Encephalopathy) ဦးနှောက်ရောဂါ ဆိုတာကတော့ ဦးနှောက်တွင်း
ဘက်တီးရီးယားပိုး ဝင်ရောက် သွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
တစ်ခါတရံမှာ (Encephalopathy) ဦးနှောက်ရောဂါကြောင့် ဦးနှောက်ပျက်စီးခြင်း၊
ဦးနှောက်သေဆုံးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- (Neuroretinitis) ရောဂါ
(Neuroretinitis) ရောဂါဆိုတာကတော့ အမြင်အာရုံကြောနဲ့
မျက်ကြောလွှာ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ (Neuroretinitis)
ရောဂါကို များသောအားဖြင့် ကြောင်ကုတ်ရောဂါကြောင့် ကူးစက်ခံလိုက်ရတဲ့
ဘက်တီးရီးယားပိုးတွေ မျက်လုံးအတွင်း ကူးစက်သွားခြင်းကြောင့် ခံစားရလေ့ရှိပြီး (Neuroretinitis)
ရောဂါကို ခံစားရခြင်းကြောင့် အမြင်အာရုံ ဝေဝါးခြင်းကို ဖြစ်ပွားစေမှာ
ဖြစ်ပါတယ်။
- (Osteomyelitis) ရောဂါ
(Osteomyelitis) ရောဂါ ဆိုတာကတော့ (Bartonella
Henselae) ဘက်တီးရီးယား အရိုးတွင်း ဝင်ရောက်သွားခြင်းကြောင့် အရိုးများ
ပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
များသောအားဖြင့် ကြောင်ကုတ်ရောဂါကို ခံစားရခြင်းကြောင့် ဆေးဝါးကုသမှုတွေ
ခံယူဖို့ လိုအပ်မှာ မဟုတ်ပေမယ့် ကြောင်ကုတ်ရောဂါကြောင့် ရောဂါဝေဒနာတွေကို အပြင်းအထန်
ခံစားခဲ့ရမယ်ဆိုရင်လည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးဝါးများ သောက်သုံးပေးခြင်းဖြင့်
ပြန်လည် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
REF: HealthLine, MedicalNewsToday