ဦးနှောက် သွေးကြောဖောင်းခြင်းအကြောင်း သိကောင်းစရာများ

  • 04 Mar, 2020
  • အဖြစ်များသောရောဂါများ

ဦးနှောက် သွေးကြောဖောင်းခြင်း ဆိုတာကတော့ ဦးနှောက်အတွင်းမှာ တည်ရှိနေတဲ့ သွေးလွှတ်ကြော နံရံ ဖောင်းလာပြီး သွေးများဖြင့် ပြည့်နှက်သွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက် သွေးကြောဖောင်းခြင်းဆိုတာ အသက်အရွယ်မရွေး ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။

ဦးနှောက် သွေးကြောဖောင်းခြင်း ဆိုတာကတော့ ဦးနှောက်အတွင်းမှာ တည်ရှိနေတဲ့ သွေးလွှတ်ကြော နံရံ ဖောင်းလာပြီး သွေးများဖြင့် ပြည့်နှက်သွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက် သွေးကြောဖောင်းခြင်းဆိုတာ အသက်အရွယ်မရွေး ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြောဖောင်းခြင်းကို အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေထက် ပိုမို ခံစားရလေ့ရှိသလို အသက် (၃၀) နဲ့ (၆၀) ကြား လူပုဂ္ဂိုလ်တွေ အနေနဲ့ ဦးနှောက် သွေးကြောဖောခြင်းကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက် သွေးကြောဖောင်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • မျိုးရိုးလိုက်ခြင်း
  • မွေးရာပါ ဦးနှောက်သွေးကြောဆိုင်ရာ ‌ရောဂါများ ခံစားနေရခြင်း
  • သွေးပေါင်ချိန် မြင့်တက်ခြင်း
  • မူးယစ်ဆေးဝါးများ သုံးစွဲခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ဦးနှောက်အကျိတ်ဖြစ်ခြင်း
  • ဦးခေါင်းခွံ ထိခိုက်ဒဏ်ရာရဖူးခြင်း
  • သွေးလွှတ်ကြောအတွင်း ရောဂါပိုး ကူးစက်ခြင်း
  • အရက်အလွန်အကျွံ သောက်သုံးခြင်း

ဦးနှောက် သွေးကြောဖောင်းခြင်းကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရလေ့ မရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ မျက်လုံးတစ်ဝိုက် နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မျက်နှာတစ်ခြမ်း ထုံကျင်ခြင်း၊ ‌အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေ အပြင် -

  • အပြင်းအထန် ခေါင်းကိုက်ခြင်း
  • အုန်းလွဲခြင်း
  • အလင်းဒဏ် မခံနိုင်ခြင်း
  • စကားပြောရခက်ခဲခြင်း
  • လမ်းလျှောက်ရခက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း
  • သတိလစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါး ကုသမှုတွေ ခံယူသင့်ပါတယ်။

ဒါ့အပြင် ဦးနှောက်သွေးကြောဖောင်းခြင်းကို သက်သာ‌ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ဦးနှောက် သွေးကြောပေါက်ခြင်းကို ခံစားရနိုင်ပြီး ဦးနှောက် ပျက်စီးခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့ အပြင် တစ်ခါတရံမှာ အသက် သေဆုံးခြင်းကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

ဦးနှောက်သွေးကြောဖောင်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • သွေးပေါင်ချိန် မြင့်တက်မှုကို ဖြစ်ပွားစေတဲ့ ဆေးဝါးများ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း
  • အသီးအနှံများ စားသုံးပေးခြင်း
  • ကိုလက်စထရော ပါဝင်မှု များပြားတဲ့ အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.