ကလေး လေပြွန်ရောင်ရမ်းခြင်း အကြောင်း သိကောင်းစရာများ

  • 04 Mar, 2020
  • ကလေးကျန်းမာရေး

လေပြွန်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် ပို့ဆောင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် လုံ‌လောက်စွာ ရရှိတော့မှာ မဟုတ်ပဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကို ခံစားရမှာ ဖြစ်ပါတယ်။

လေပြွန်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် ပို့ဆောင်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေပြွန်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အဆုတ်ထဲကို အောက်ဆီဂျင်ဓာတ် လုံ‌လောက်စွာ ရရှိတော့မှာ မဟုတ်ပဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်း များစွာကို ခံစားရမှာ ဖြစ်ပါတယ်။

လေပြွန်ရောင်ရမ်းခြင်းကို အသက် ကြီးငယ်မရွေး ခံစားရနိုင်ပေမယ့် ကလေးငယ်တွေ အနေနဲ့ လေပြွန်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ရောဂါဝေဒနာတွေကို ပိုမို ခံစားရလေ့ ရှိတာကြောင့် ကလေး လေပြွန်ရောင်ရမ်းခြင်း အကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကလေး လေပြွန်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်မှုန့်တွေ၊ ဆေးလိပ်ငွေ့တွေ ရှူရှိုက်မိတဲ့ အခါမျိုးမှာလည်း လေပြွန်ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

ကလေးငယ်တွေ အနေနဲ့ လေပြွန်ရောင်ရမ်းခြင်းကို များသောအားဖြင့် ဖျားနာခြင်းနဲ့ အတူ တွဲဖက် ခံစားရလေ့ ရှိကြပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ပြန်လည် သက်သာ ပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ ကလေးငယ်တွေ အနေနဲ့ လေပြွန်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ နှာစေးခြင်း၊ ဖျားနာခြင်း၊ နေထိုင်မကောင်းခြင်း၊ လည်ချောင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲကျပ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်ကလေးငယ် အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ရက်သတ္တပတ် အနည်းငယ်ခန့် ကြာမြင့်တဲ့ အထိ ခံစားနေရပြီး သက်သာ ပျောက်ကင်းသွားခြင်း မရှိတဲ့အပြင် ချောင်းဆိုးရာမှာ သွေးပါခြင်း၊ အသက်ရှူမြန်ခြင်း၊ အဖျားကြီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

ကလေး လေပြွန်ရောင်ရမ်းခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်း

ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် လေပြွန်ရောင်ရမ်းခြင်းကြောင့် ခံစားနေရတဲ့ လည်ချောင်းနာခြင်းကို သက်သာစေမှာ ဖြစ်သလို ချွဲသလိပ်များကို ခန္ဓာကိုယ် အတွင်းမှ ပြန်လည် ရှင်းထုတ်ရာမှာလည်း များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ပျားရည်

ပျားရည်ကို ရေနွေးပူပူထဲ ထည့်သွင်းပြီး သောက်သုံးပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်မှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းကို သက်သာ ပျောက်ကင်းစေတဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တာကြောင့် ကလေး လေပြွန်ရောင်ခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

  • ဆားရည်

ဆားရည် နွေးနွေးလေးနဲ့ မကြာခဏ ပလုတ်ကျင်း ပေးခြင်းဖြင့်လည်း လည်ချောင်းနာခြင်း၊ လည်ချောင်းကွဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကြောင့် လည်ချောင်း အတွင်းမှ ဘက်တီးရီးယားတွေကိုလည်း ရှင်းလင်းပစ်နိုင်မှာ ဖြစ်တာကြောင့် လေပြွန်ရောင်ရမ်းခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

  • ရေနွေးအိတ်ကပ်ပေးခြင်း

ကလေးငယ်တွေ အနေနဲ့ လေပြွန်ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ရင်ဘတ်တစ်ဝိုက် နာကျင်ခြင်း၊ ချောင်ဆိုးတိုင်း ရင်ဘတ်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ရဲ့ ရင်ဘတ် အပေါ် ရေနွေးအိတ် ကပ်ပေးခြင်းဖြင့် လေပြွန်ရောင်ရမ်းခြင်းကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

  • ကလေးငယ်အနား ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း

လေပြွန်ရောင်ရမ်းခြင်းကို ခံစားနေရတဲ့ ကလေးငယ်အနားမှာ ဆေးလိပ်သောက်သုံးခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့ အဆုတ်ကျန်းမာရေးကို ပိုမို ထိခိုက်စေမှာဖြစ်သလို ရောဂါ သက်သာ ပျောက်ကင်းဖို့ အတွက်လည်း အချိန် ပိုမို လိုအပ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်အနား ဆေးလိပ်သောက်ခြင်းကို လုံးဝကို ရှောင်ကြဥ်သင့်ပါတယ်။

REF: ChildrensMayoclinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.