ဆေးလိပ်တစ်လိပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းများ
- 27 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပေါင်း များစွာကို ထိခိုက်စေနိုင်သလို ရောဂါပေါင်း များစွာကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် တစ်နှစ်ကို လူဦးရေ ၅ သိန်းခန့် သေဆုံးလျက် ရှိသလို အရက်၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ယာဥ်တိုက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကြောင့် သေဆုံးသူ လူဦးရေထက် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ ပိုမို များပြားတယ်လို့ သိရပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပေါင်း
များစွာကို ထိခိုက်စေနိုင်သလို ရောဂါပေါင်း များစွာကိုလည်း ခံစားရနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး
သုံးစွဲမှုကြောင့် တစ်နှစ်ကို လူဦးရေ ၅ သိန်းခန့် သေဆုံးလျက် ရှိသလို အရက်၊
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ယာဥ်တိုက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကြောင့်
သေဆုံးသူ လူဦးရေထက် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ ပိုမို
များပြားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆေးလိပ်တစ်လိပ်မှာ ကျန်းမာရေးကို
ထိခိုက်စေနိုင်တဲ့ ဓာတုဗေဒ အမျိုးအစားပေါင်း များစွာလည်း ပါဝင်ပါတယ်။ ဒါကြောင့်
ဆေးလိပ်တစ်လိပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို Caremebot ပရိသတ်ကြီး
လေ့လာနိုင်ဖို့ အတွက် အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- Acetaldehyde
(Acetaldehyde) ဆိုတာ သစ်စေးတွေ၊ ကော်ရည်တွေမှာ ပါဝင်တဲ့
ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်မှာ ပါဝင်တဲ့ (Acetaldehyde) ဓာတ် အနေနဲ့ ခန္ဓာကိုယ် အတွက် ဆိုးကျိုးကို ဖြစ်ပွားစေနိုင်တဲ့ အခြားသော
ဓာတုပစ္စည်းတွေ အဆုတ်လေပြွန် အတွင်း ဝင်ရောက် လာနိုင်အောင် အထောက်အပံ့
ပေးနိုင်ပါတယ်။
- Acetone
(Acetone) ဆိုတာကတော့ လက်သည်းဖျက်ဆေးတွေမှာ များသောအားဖြင့်
မြင်တွေ့ရလေ့ရှိတဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ (Acetone) ဓာတ်နဲ့ ထိတွေ့မိခြင်းကြောင့် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း
ယားယံခြင်းတို့ကို ဖြစ်ပွားစေနိုင်သလို ကာလကြာမြင့်စွာ (Acetone) ဓာတ်နဲ့ ထိတွေ့ခဲ့မယ်ဆိုရင် အသည်း၊ ကျောက်ကပ်း ပျက်စီးခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။
- Acrolein
(Acrolein) ဆိုတာကတော့ ဓာတုဗေဒစက်ရုံတွေမှာ အသုံးပြုလေ့ရှိတဲ့
ဓာတ်တစ်မျိုးဖြစ်သလို အဆိုပါ (Acrolein) ဓာတ်ကို
မျက်ရည်ယိုဗုံး ထုတ်လုပ်ရာမှာလည်း အဓိက အနေနဲ့ အသုံးပြုလေ့ ရှိကြပါတယ်။ ဒါကြောင့် (Acrolein)
ဓာတ် ပါဝင်တဲ့ ဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့မိတဲ့ အခါမှာ
မျက်ရည်ဝဲခြင်းကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။
- Acrylonitrile
(Acrylonitrile) ကို ကော်ရည်တွေ၊ ရာဘာတွေ၊
ပလတ်စတစ်တွေ ပြုလုပ်ရာမှာ များသောအားဖြင့် အသုံးပြုလေ့ ရှိကြပါတယ်။ ဒါ့အပြင်
လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်မှာ ပါဝင်တဲ့ (Acrylonitrile) ဓာတ်ဟာ
ကင်ဆာရောဂါကို ဖြစ်ပွားစေဖို့ အတွက် အဓိက အထောက်အကူပေးလျက် ရှိတယ်လို့ သိရပါတယ်။
- Ammonia
(Ammonia) ဆိုတာကတော့ ပန်းနာရင်ကျပ်ရောဂါ၊ သွေးပေါင်ချိန်
မြင့်တက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ (Ammonia)
ကို ဆေးလိပ်အပြင် သန့်ရှင်းရေးသုံး ပစ္စည်းတွေ ပြုလုပ်ရာမှာ
အသုံးပြုလေ့ ရှိကြပါတယ်။
- Benzene
(Benzene) ဓာတ်ကိုတော့ ဒီဇယ်၊ ဓာတ်ဆီတွေ
ပြုလုပ်ရာမှာ အသုံးပြုလေ့ရှိပြီး အဆိုပါ (Benzene) ဓာတ်
အနေနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေဖို့ အတွက် များစွာသော အထောက်အပံ့တွေကို ပေးစွမ်းလျက်
ရှိပါတယ်။
- Hydrogen Cyanide
Hydrogen Cyanide ကို ရှေးယခင် အချိန်တွေတုန်းက ဓာတ်ငွေ့ပေး
သတ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ Hydrogen Cyanide ကို
နှစ်ရှည်လများ ရှူရှိုက်ခဲ့မိမယ်ဆိုရင် မူးဝေခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊
ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို အဆုတ် ပျက်စီးခြင်းကိုလည်း
ခံစားရမှာ ဖြစ်ပါတယ်။
- Toluene
ဆေးလိပ်တွေမှာ ပါဝင်တဲ့ (Toluene) ဆိုတာကတော့
မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊
ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်းစတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတွေကို
ဖြစ်ပွားစေတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
- နီကိုတင်း (Nicotine)
ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာ ပါဝင်တဲ့ နီကိုတင်းကြောင့်
ကင်ဆာရောဂါကို ဖြစ်ပွားစေမှာ မဟုတ်ပေမယ့်လည်း စွဲလန်းစိတ်ကိုတော့
ဖြစ်ပွားစေနိုင်ပါတယ်။ အဆိုပါ နီကိုတင်းဓာတ်ကြောင့် ဆေးလိပ် သောက်သုံးသူတွေ အနေနဲ့
မကြာခဏ ဆေးလိပ် သောက်ချင်စိတ်တွေ ဖြစ်ပွားလာခြင်းကို ခံစားရတာပဲ ဖြစ်ပါတယ်။
- Carbon Monoxide
(Carbon Monoxide) ဆိုတာကတော့ လူခန္ဓာကိုယ်ကို
အဆိပ်သင့်စေနိုင်တဲ့ ဂက်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့
လူသားတွေရဲ့ ခန္ဓာကိုယ် အနေနဲ့ အောက်ဆီဂျင်နဲ့ (Carbon Monoxide) ကို ကောင်းမွန်စွာ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဆေးလိပ်မှာ
ပါဝင်တဲ့ (Carbon Monoxide) အနေနဲ့ ခန္ဓာကိုယ်ရဲ့
သွေးကြောတွေ အတွင်း စီးမြော ဝင်ရောက်သွားခဲ့မယ်ဆိုရင် မူးဝေခြင်း၊
မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- ကတ္တရာစေး (Tar)
ဆေးလိပ်ငွေ့တွေကို ရှူသွင်းလိုက်တဲ့ အခါတိုင်း ဆေးလိပ်ငွေ့တွေမှာ
ပါလာတဲ့ ကတ္တရာစေး (၇၀) ရာခိုင်နှုန်းခန့်ဟာ ကျွန်တော်တို့ လူသားတွေရဲ့ အဆုတ်မှာ
စွဲကျန်ရစ်ခဲ့ပြီး ဆေးလိပ်သောက် သက်တမ်းရင့်လာတာနဲ့အမျှ အဆုတ်နဲ့
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေကို ခံစားလာရမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday