သြဇာသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 26 Feb, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
သြဇာသီးကို စားသုံးရတာ အရသာရှိတဲ့ အပြင် လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်တွေ၊ အန်တီအောက်ဆီဒန့်တွေ၊ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေ မြောက်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သြဇာသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
သြဇာသီးကို စားသုံးရတာ အရသာရှိတဲ့ အပြင် လူသားတွေရဲ့
ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်တွေ၊ အန်တီအောက်ဆီဒန့်တွေ၊ သတ္တုဓာတ်တွေ၊
အာဟာရဓာတ်တွေ မြောက်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သြဇာသီးကို စားသုံးခြင်းဖြင့်
ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- လန်းဆန်းတက်ကြွနေစေခြင်း
သြဇာသီးမှာ ပါဝင်တဲ့ ဗီတာမင် (B6) အနေနဲ့ ခန္ဓာကိုယ်တွင်း (Serotonin) ဟော်မုန်းနဲ့ (Dopamine)
ဟော်မုန်း ထုတ်လုပ်ရာမှာ များစွာသော အထောက်အကူ
ပေးစွမ်းနိုင်တာကြောင့် အမြဲတမ်း လန်းဆန်း တက်ကြွစေမှာ ဖြစ်သလို သဘာဝ
ခံစားချက်ကောင်းတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
- အန်တီအောက်ဆီဒန့်များ ကြွယ်ဝစွာ ပါဝင်ခြင်း
ခန္ဓာကိုယ်အထဲမှာ (Free Radicals) တွေ များပြားလာခဲ့မယ်ဆိုရင်
စိတ်ဖိစီးခြင်း၊ နာတာရှည် ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို
ကင်ဆာရောဂါ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ သြဇာသီးမှာ
ပါဝင်တဲ့ အန်တီအော်ဆီဒန့်တွေ အနေနဲ့ (Free Radicals) တွေကို
ဖယ်ရှားပစ်နိုင်တာကြောင့် (Free Radicals) ကြောင့်
ဖြစ်ပွားလေ့ရှိတဲ့ ရောဂါဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
သြဇာသီးမှာ လူတိန်း (Lutein) လို့ အမည်ရတဲ့ အန်တီအောက်ဆီဒန့်
တစ်မျိုး ပါဝင်ပါတယ်။ လူတိန်းဓာတ် အနေနဲ့ မျက်စိစွမ်းဆောင်ရည်ကို
မြှင့်တင်ပေးနိုင်သလို အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးပျက်စီးခြင်း၊
တိမ်စွဲခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်ပေးခြင်း
သြဇာသီးမှာ သွေးပေါင်ချိန် မြင့်တက်မှုကို
ထိန်းညှိပေးနိုင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ အဆိုပါ
ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ အနေနဲ့ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်
ကောင်းမွန်စွာ အလုပ် လုပ်နိုင်စေဖို့ အတွက် များစွာသော အထောက်အကူကို ပေးစွမ်းလျက်
ရှိတာကြောင့် သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင်
လေဖြတ်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားခြင်းစတဲ့ ရောဂါဝေဒနာတွေ ခံစားရမှုကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အစာချေစနစ်ကို အထောက်အပံ့ပေးခြင်း
အစာချေစနစ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ်အတွင်း
ဝင်ရောက်လာတဲ့ အစားအစာတွေကို ချေဖျက်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊
စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ အစာချေစနစ် ကောင်းမွန်ခြင်း မရှိတဲ့
အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ စွမ်းအင်တွေကို ရရှိနိုင်မှာ
မဟုတ်တာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
သြဇာသီးမှာ အစာချေစနစ်ကို အထောက်အကူ ဖြစ်စေတဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ
ပါဝင်တာကြောင့် ပုံမှန် စားသုံးပေးသင့်ပါတယ်။
- ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
သြဇာသီးမှာ ပါဝင်တဲ့ အချို့သော ဓာတ်ပေါင်းတွေမှာ
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ တည်ရှိနေပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ဆီးအိမ်ကင်ဆာကို ခံစားနေရသူတွေ၊ ရင်သားကင်ဆာ ခံစားရနေသူတွေ
အနေနဲ့ သြဇာသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို
လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
REF: HealthLine