လည်ချောင်းနာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 26 Feb, 2020
- သွားနှင့်ခံတွင်း
လည်ချောင်းနာခြင်းကို များသောအားဖြင့် ရောဂါပိုး ကူးစက်ခံရတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိပေမယ့် တစ်ခါတရံမှာ အချို့သော ရောဂါဝေဒနာတွေ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် လည်ချောင်းနာခြင်းကို သီးသန့် ခံစားရလေ့ မရှိဘဲ အခြားသော ရောဂါလက္ခဏာတွေနဲ့ တွဲဖက် ခံစားရလေ့ ရှိပါတယ်။ ဒါကြောင့် လည်ချောင်းနာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လည်ချောင်းနာခြင်းကို များသောအားဖြင့် ရောဂါပိုး
ကူးစက်ခံရတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိပေမယ့် တစ်ခါတရံမှာ အချို့သော
ရောဂါဝေဒနာတွေ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
လည်ချောင်းနာခြင်းကို သီးသန့် ခံစားရလေ့ မရှိဘဲ အခြားသော ရောဂါလက္ခဏာတွေနဲ့ တွဲဖက်
ခံစားရလေ့ ရှိပါတယ်။ ဒါကြောင့် လည်ချောင်းနာခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- အအေးမိဖျားနာခြင်း
လည်ချောင်းနာခြင်းကို အဓိက ဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ အအေးမိ ဖျားနာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းကို
ခံစားရတဲ့ အခါမှာ လည်ချောင်းနာခြင်း အပြင် ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊
ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဖျားနာခြင်းကို ခံစားနေရတဲ့ အပြင်
ရင်ဘတ်အောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုပါ တွဲဖက်
ခံစားခဲ့ရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ
ခံယူသင့်ပါတယ်။
- အာသီးရောင်ခြင်း
အာသီးဆိုတာကတော့ လည်ချောင်းရဲ့ အနောက်ဘက် အခြမ်း
တစ်ဖက်စီမှာ တည်ရှိနေတဲ့ ပြန်ရည်ကျိတ် နှစ်ခုပဲ ဖြစ်ပါတယ်။ အာသီးရဲ့ အဓိက
လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်း ရောဂါပိုးများ ဝင်ရောက်မှုကို
ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ အာသီးကို ဘက်တီးရီးယားပိုး ကူးစက်ခြင်း
ခံစားနေရမယ် ဆိုရင်တော့ အာသီးရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အာသီးရောင်ခြင်းကို
ခံစားရတဲ့ အခါမှာ လည်ချောင်းနာခြင်း၊ အစာစားရခက်ခဲခြင်း၊ အာသီးများ
ရောင်ရမ်းလာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊
နားကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- စားချဥ့်ပြန်ရောဂါ (GERD)
စားချဥ့်ပြန်ရောဂါ ဆိုတာကတော့ အစာပြွန်နဲ့ အစာအိမ်ကို
ဆက်သွယ်ပေးထားတဲ့ ကြွက်သားတွေ အားနည်းလာတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာပြွန်နဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ ကြွက်သားတွေ
အားနည်းလာခြင်းကြောင့် အစာအိမ် အတွင်းမှာ တည်ရှိနေတဲ့ အစားအစာတွေနဲ့
အစာချေအက်စစ်တွေ လည်ချောင်းတွေ ပြန်တက်လာခြင်းကို ခံစားရနိုင်သလို မူးဝေခြင်း၊
ခံတွင်း အနံ့ဆိုးထွက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစာစားရခက်ခဲခြင်း၊
လည်ချောင်းနာခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- စထရပ်ရောဂါပိုးကြောင့် လည်ချောင်းနာခြင်း (Strep Throat)
စထရပ်ရောဂါပိုးကြောင့် လည်ချောင်းနာခြင်းကို ခံစားရတဲ့
အခါမှာလည်း လည်ချောင်းနာခြင်း၊ အစာစားရခက်ခဲခြင်း၊ အာသီးရောင်ခြင်း၊ ဖျားနာခြင်း၊
ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
စထရပ်ရောဂါပိုးကြောင့် လည်ချောင်းနာခြင်းကို ခံစားရတဲ့
အခါမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးတွေ သောက်သုံးပေးဖို့ လိုအပ်မှာ
ဖြစ်သလို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်း၊ ကောင်းမွန်စွာ အနားယူခြင်းစတဲ့
နည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
- မိုနိုနျူကလီရိုးစစ်ရောဂါ (Mononucleosis)
မိုနိုနျူကလီရိုးစစ်ရောဂါ ဆိုတာကတော့ ဗိုင်းရပ်စ်ပိုး
ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
မိုနိုနျူကလီရိုးစစ် ရောဂါကို ဆယ်ကျော်သတ် အရွယ်တွေ၊ မြီးကောင်ပေါက် အရွယ်တွေ
အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ မိုနိုနျူကလီရိုးစစ် ရောဂါကို စတင် ခံစားရစဥ်
အချိန်မှာ ရောဂါဝေဒနာတွေ ခံစားရမှာ မဟုတ်ပေမယ့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး (၄)
ပတ်ကနေ (၆) ပတ်အတွင်းမှာ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ အလွန်အမင်း
ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
မိတ်ထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ခံတွင်းအပူလောင်ခြင်း (Burning Mouth Syndrome)
အကြောင်းပြချက် မရှိဘဲ ပါးစပ်အတွင်း အစိတ်အပိုင်းများ အပူလောင်သလို
ခံစားနေရမယ် ဆိုရင်တော့ ခံတွင်းအပူလောင်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ခံတွင်း အပူလောင်ခြင်းကို ခံစားရတဲ့ အခါမှာ
လည်ချောင်းနာခြင်း၊ ခံတွင်းခြောက်ခြင်း၊ အရသာခံစွမ်းရည် ကျဆင်းခြင်း၊ မကြာခဏ
ရေဆာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday
