မိန်းမကိုယ် စိုစွတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 26 Feb, 2020
  • အမျိုးသမီးကျန်းမာရေး

မိန်းမကိုယ်ဆိုတာ အကျိအချွဲ ဂလင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမြှေးပါးတစ်ခုပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်မှ ထွက်ရှိတဲ့ အရည်တွေမှာ ရေဓာတ် (၉၀) ရာခိုင်နှုန်း၊ ဆားပမာဏ (၁) ရာခိုင်နှုန်း ပါဝင်သလို အမီနိုအက်စစ်၊ (Lipid) အဆီဓာတ်၊ ဂလိုက်ကိုဂျင် (Glycogen) ဓာတ်၊ ဆဲလ်အဟောင်းတွေ၊ (Antibodies) တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ မိန်းမကိုယ်ရဲ့ အရေပြားနဲ့ တစ်သျှူးတွေမှာ အမြဲလိုလို စိုစွတ်နေလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ် အတွင်းပိုင်းဟာ အနည်းငယ်ခန့် စိုစွတ်နေလေ့ ရှိပါတယ်။

မိန်းမကိုယ်ဆိုတာ အကျိအချွဲ ဂလင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမြှေးပါးတစ်ခုပဲ ဖြစ်ပါတယ်။ မိန်းမကိုယ်မှ ထွက်ရှိတဲ့ အရည်တွေမှာ ရေဓာတ် (၉၀) ရာခိုင်နှုန်း၊ ဆားပမာဏ (၁) ရာခိုင်နှုန်း ပါဝင်သလို အမီနိုအက်စစ်၊ (Lipid) အဆီဓာတ်၊ ဂလိုက်ကိုဂျင် (Glycogen) ဓာတ်၊ ဆဲလ်အဟောင်းတွေ၊ (Antibodies) တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ မိန်းမကိုယ်ရဲ့ အရေပြားနဲ့ တစ်သျှူးတွေမှာ အမြဲလိုလို စိုစွတ်နေလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ် အတွင်းပိုင်းဟာ အနည်းငယ်ခန့် စိုစွတ်နေလေ့ ရှိပါတယ်။

ဟော်မုန်းပြောင်းလဲခြင်း၊ လိင်စိတ်ထကြွခြင်းစတဲ့ အခိုက်အတန့်တွေမှာတော့ မိန်းမကိုယ်အတွင်း ပိုမို စိုစွတ်လာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ မိန်းမကိုယ်မှ ထွက်ရှိလာတဲ့ အရည်တွေဟာ မိန်းမကိုယ် ကျန်းမာစေဖို့၊ လိင်ဆက်ဆံရာမှာ အဆင်ပြေစေဖို့ များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။

ဒါပေမယ့်လည်း အချို့သော အမျိုးသမီးတွေ အနေနဲ့ မိန်းမကိုယ် စိုစွတ်နေခြင်းနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်လေ့ ရှိကြပါတယ်။ ဒါကြောင့် မိန်းမကိုယ် စိုစွတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြ ပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ပုံမှန် မိန်းမကိုယ်မှ အရည် ထွက်ရှိခြင်း

ကျန်းမာတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် နေ့စဥ်နေ့တိုင်း မိန်းမကိုယ် အနည်းငယ် စိုစွတ်နေတာကို ခံစားရမှာ ဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အနေနဲ့ တစ်နေ့ကို အရည် (၁) မီလီမီတာကနေ (၄) မီလီမီတာခန့် အထိ ထုတ်လွှတ်လေ့ ရှိကြပါတယ်။

  • လိင်စိတ်ထကြွခြင်း

လိင်စိတ်ထကြွလာတဲ့ အခါမျိုးတွေမှာ မိန်းမကိုယ် အတွင်း အရည် ထွက်ရှိမှု ပိုမို များပြားလာမှာ ဖြစ်ပါတယ်။ အခုလို မိန်းမကိုယ် အတွင်း အရည် ပိုမို ထွက်ရှိလာခြင်းကြောင့် လိင်ဆက်ဆံရာမှာ များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်သလို လိင်ဆက်ဆံစဥ် နာကျင်ခြင်း၊ လိင်ဆက်ဆံရာကနေ တစ်ဆင့် ထိခိုက်ဒဏ်ရာရခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ဟော်မုန်းပြောင်းလဲခြင်း

ခန္ဓာကိုယ်တွင်း အီစထရိုဂျင် ဟော်မုန်း များပြားနေခဲ့မယ် ဆိုရင်လည်း မိန်းမကိုယ် စိုစွတ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဟော်မုန်းအစားထိုး ကုသမှု ခံယူထားတဲ့ အမျိုးသမီးတွေ အနေနဲ့ မိန်းမကိုယ် စိုစွတ်ခြင်းကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။

  • ရောဂါပိုး ကူးစက်ခြင်း

တကယ်လို့ မိန်းမကိုယ် အတွင်း အရည် ထွက်ရှိမှု သာမန်ထက် ပိုနေခဲ့မယ် ဆိုရင်တော့ ရောဂါပိုး ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် မှိုပိုးကူးစက်ခြင်းကို ခံစားရတဲ့အခါမှာ အဖြူရောင် အရည်များ ထွက်ခြင်းကို ခံစားရမှာ ဖြစ်သလို မိန်းမကိုယ် ယားယံခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

မိန်းမကိုယ် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကို ခံစားရတဲ့ အခါမှာ ယားယံခြင်း၊ နာကျင်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် မိန်းမကိုယ်မှ အဝါရောင်၊ အဖြူရောင်၊ မီးခိုးရောင် အရည်များ ဆင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

မိန်းမကိုယ် စိုစွတ်ခြင်းနဲ့ အတူ အခြားသော ရောဂါဝေဒနာတွေကို တွဲဖက်ခံစားရခြင်း မရှိခဲ့ဘူးဆိုရင် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ မဟုတ်ပေမယ့် သင့်အနေနဲ့ မိန်းမကိုယ် စိုစွတ်ခြင်း အပြင် အောက်ပါရောဂါ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

  • မိန်းမကိုယ် ခြောက်သွေ့ခြင်းကို ရက်အနည်းငယ်ခန့် ခံစားနေရခြင်း
  • မိန်းမကိုယ်မှ အနံ့ဆိုးများထွက်ခြင်း
  • မိန်းမကိုယ် ယားယံခြင်း၊ နာကျင်ခြင်း
  • မိန်းမကိုယ် ရောင်ရမ်းခြင်း
  • အကြောင်းပြချက်မရှိ မိန်းမကိုယ် နာကျင်ခြင်း

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.