ပန်းသီးရှာလကာရည်ကို သောက်သုံးရာမှာ လွဲမှားစွာ လုပ်ဆောင်မိလေ့ရှိတဲ့ အချက်များ
- 25 Feb, 2020
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ပန်းသီးရှာလကာရည်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အတွက် ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားများကို ရှင်းလင်းနိုင်ခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်တွင်းမှာ ပိုလျှံနေတဲ့ အဆီများကို ရှင်းလင်းနိုင်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းစတဲ့ ကောင်းကျိုးများစွာကို ရရှိနိုင်ပါတယ်။
ပန်းသီးရှာလကာရည်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ် အတွက်
ဆိုးကျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားများကို ရှင်းလင်းနိုင်ခြင်း၊
သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ခြင်း၊
ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်တွင်းမှာ ပိုလျှံနေတဲ့
အဆီများကို ရှင်းလင်းနိုင်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊
ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းစတဲ့ ကောင်းကျိုးများစွာကို
ရရှိနိုင်ပါတယ်။
ဒါပေမယ့်လည်း ပန်းသီးရှာလကာရည်ကို နည်းစနစ်တကျ
သောက်သုံးခဲ့ခြင်း မရှိဘူးဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုမို
ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပန်းသီရှာလကာရည်ကို သောက်သုံးရာမှာ လွဲမှားစွာ
လုပ်ဆောင်မိလေ့ရှိတဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ပန်းသီးရှာလကာရည် သီးသန့် သောက်သုံးခြင်း
ပန်းသီးရှာလကာရည်မှာ အက်စစ်ဓာတ် ပါဝင်တာကြောင့်
ပန်းသီးရှာလကာရည် သီးသန့်ကို သောက်သုံးခဲ့မယ်ဆိုရင် အစာပြွန်နဲ့ အစာအိမ်တို့ကို
ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည် သီးသန့် သောက်သုံးမယ့်အစား
ရေအနည်းငယ် ရောနှောပြီးမှသာ သောက်သုံးသင့်ပါတယ်။
- အစာစားပြီးမှ သောက်သုံးခြင်း
လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးရှာလကာရည်ကို အစာစားပြီးမှ
သောက်သုံးခြင်းထက် အစာမစားခင် သောက်သုံးခြင်းက ကျန်းမာရေးဆိုင်ရာ
အကျိုးကျေးဇူးတွေကို ပိုမို ရရှိနိုင်တယ်လို့ သိရပါတယ်။ အသက်အရွယ် ကြီးမြင့်လာတဲ့
အခါမှာ ခန္ဓာကိုယ်အတွင်းမှာ အစာချေရည် ထုတ်လုပ်မှု နည်းပါးသွားတာကြောင့် အစာအိမ်အတွင်း
ဝင်ရောက်လာတဲ့ အစားအစာတွေကို ချေဖျက်ဖို့ အတွက် အချိန် ပိုမို ပေးရလေ့ ရှိပါတယ်။
အစာမစားခင် အချိန်မှာ ပန်းသီးရှာလကာရည်ကို
သောက်သုံးပေးခြင်းဖြင့် ပန်းသီရှာလကာရည်မှာ ပါဝင်တဲ့ အက်စစ်ဓာတ် အနေနဲ့
အစာချေဖျက်ရာမှာ အထောက်အပံ့ ပေးနိုင်တာကြောင့် အစာမကျေဖြစ်ခြင်း၊
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတဲ့ ဝေဒနာတွေ ခံစားရမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ပါးစပ်ထဲတွင်
ငုံထားခြင်း
ပန်းသီးရှာလကာရည်ကို ရေနဲ့ရောပြီး သောက်သုံးမယ် ဆိုရင်တောင်
အက်စစ်ဓာတ် ပါဝင်မှုက များပြားနေစဲ ဖြစ်တာကြောင့် ပါးစပ်ထဲမှာ ငုံထားမယ်ဆိုရင်
သွားအပေါ်ယံ ကြွေသွားလွှာကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရည်ကို
သောက်သုံးမယ်ဆိုရင် ပါးစပ်ထဲတွင် ငုံထားခြင်းကို ရှောင်ကြဥ်သင့်ပြီး ဖြစ်နိုင်ရင်
ပိုက်ဖြင့်သာ စုပ်ယူ သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် ပန်းသီးရှာလကာရည် သောက်သုံးပြီး
မိနစ် (၃၀) ခန့် ကြာမြင့်မှသာ သွားတိုက်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။
- အလွန်အကျွံ သောက်သုံးခြင်း
ပန်းသီးရှာလကာရည်ကို နေ့စဥ်ပုံမှန် သောက်သုံးသင့်ပေမယ့်
အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊
နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့်
ပန်းသီးရှာလကာရည်ကို စတင် သောက်သုံးသူတွေ အနေနဲ့ အလွန်အကျွံ သောက်သုံးခြင်းကို
ပိုမို ရှောင်ကြဥ်သင့်ပါတယ်။
- အိပ်ယာမဝင်ခင် သောက်သုံးခြင်း
အစာမစားခင် ပန်းသီးရှာလကာရည်ကို သောက်သုံးပေးခြင်းဖြင့်
အစာချေစနစ်ကို အထောက်အကူ ပေးနိုင်မှာ ဖြစ်ပေမယ့် အိပ်ယာမဝင်ခင်
ပန်းသီးရှာလကာရည်ကို သောက်သုံးခဲ့မယ် ဆိုရင်တော့ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့
အက်စစ်ဓာတ်ကြောင့် အစာပြွန်ကို ထိခိုက် ပျက်စီးစေမှာ ဖြစ်ပါတယ်။
- ပန်းသီးရှာလကာရည် သီးသန့်ကို အရေပြား အပေါ်
လိမ်းကျံပေးခြင်း
အသားအရေ လှပစေဖို့ အတွက် ပန်းသီရှာလကာရည်ကို လိမ်းပေးသင့်တာ
မှန်ပေမယ့် ပန်းသီရှာလကာရည် သီးသန့်ကို လိမ်းခဲ့မယ်ဆိုရင် အသားအရေကို လှပစေမှာ
မဟုတ်တဲ့အပြင် အရေပြားဆဲလ်တွေကိုပါ ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်
ပန်းသီးရှာလကာရည်ကို အရေပြားအပေါ် လိမ်းကျံဖို့ အတွက် စိတ်ကူးရှိခဲ့မယ်ဆိုရင် ပန်းသီးရှာလကာရည်
တစ်ဆ၊ ရေ ဆယ်ဆခန့် ရောနှောပြီးမှသာ လိမ်းသင့်ပါတယ်။
REF: TheHealthy