နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း (Chronic Sinusitis) အကြောင်း သိကောင်းစရာများ
- 25 Feb, 2020
- အဖြစ်များသောရောဂါများ
နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက် ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက် ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့
နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက်
ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို
ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း
အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ
ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက်
ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
နာတာရှည် ထိပ်ကပ်နာရောဂါကို အဓိက ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 
- ဓာတ်မတည့်ခြင်း 
ဝတ်မှုန် ဒါမှမဟုတ် အချို့သော ဓာတုဗေဒ ပစ္စည်းများနဲ့
ဓာတ်မတည့်ခြင်းကြောင့် နာတာရှည် ထိပ်ကပ်နာ ရောဂါကို အဓိကအားဖြင့် ခံစားရလေ့
ရှိကြပါတယ်။ 
- နှာခေါင်းတွင်း အသားပိုထွက်ခြင်း (Nasal Polyps) 
နှာခေါင်းတွင်း တစ်သျှူးတွေ ကြီးထွားလာပြီး အသားပိုကဲ့သို့
အကျိတ်တွေ ဖြစ်လာတဲ့ အခါမှာလည်း နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရနိုင်ပါတယ်။ 
- ရောဂါပိုး ကူးစက်ခြင်း 
နှာခေါင်း၊ လေပြွန်၊ အဆုတ်တို့မှာ ဗိုင်းရပ်စ်ပိုး၊
ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာလည်း နှာခေါင်း ရောင်ရမ်းခြင်း၊
နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နာတာရှည် ထိပ်ကပ်နာ
ဖြစ်ပွားခြင်းစတဲ့ ရောဂါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ 
- နှာနုရိုးနေရာလွဲခြင်း (Deviated Septum) 
နှာနုရိုးဆိုတာကတော့ နှာခေါင်း အပေါက် နှစ်ပေါက်ကို အညီအမျှ
ပိုင်းခြားပေးထားတဲ့ ပါးလွှာတဲ့ နံရံတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ နှာနုရိုး
နေရာလွဲခြင်းကို ခံစားရတဲ့ အခါမှာ နှာခေါင်းလမ်းကြောင်း ပိတ်ဆို့ခြင်းကို
ဖြစ်ပွားစေနိုင်တဲ့ အပြင် နာတာရှည် ထိပ်ကပ်နာ ရောဂါကိုလည်း ခံစားရနိုင်ပါတယ်။ 
နာတာရှည် ထိပ်ကပ်နာ ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 
- ပန်းနာရင်ကျပ်ဖြစ်ခြင်း 
- အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရခြင်း 
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရခြင်း 
- (Cystic Fibrosis) ရောဂါ ခံစားနေရခြင်း 
- ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း 
- အကိုက်အခဲပျောက်ဆေးများနဲ့ ဓာတ်မတည့်ခြင်း 
နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရတဲ့ အခါမှာ - 
- နှာခေါင်း အတွင်းပိုင်း ရောင်ရမ်းခြင်း 
- အနံ့ခံစွမ်းရည် ကျဆင်းခြင်း 
- နှာခေါင်းမှ အဝါရောင်၊ အစိမ်းရောင် အကျိအချွဲများ
ကျဆင်းခြင်း 
- နှာခေါင်းပိတ်ခြင်း 
- အသက်ရှူရခက်ခဲခြင်း 
- အရသာခံစွမ်းရည် ကျဆင်းခြင်း
- မျက်လုံး၊ နဖူးနဲ့ ပါးတစ်ဝိုက် ရောင်ရမ်းခြင်းတို့ကို
ခံစားရနိုင်ပါတယ်။ 
ဒါ့အပြင် နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရခြင်းကြောင့်
ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ သွားကိုက်ခြင်း၊ မေရိုးများ
ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ညအခါတွေမှာ ချောင်းဆိုးခြင်း၊ ခံတွင်း
အနံ့ဆိုးထွက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို
တစ်ခါတရံမှာ ဖျားနာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ 
တကယ်လို့ နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားနေရပြီး
သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အနံ့ခံအာရုံပျက်စီးခြင်း၊
အမြင်အာရုံကွယ်ပျောက်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ 
REF: HealthLine, MayoClinic
 
                
