ဆိတ်နို့ဆပ်ပြာကို အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 24 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
လက်ရှိအချိန်မှာ ဆပ်ပြာအမျိုးအစားပေါင်း များစွာ ထွက်ပေါ်လျက် ရှိနေတာကြောင့် အသားအရေ အတွက် အကောင်းဆုံးဖြစ်မယ့် ဆပ်ပြာအမျိုးအစားကို ရှာဖွေရတာ တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ဆိတ်နို့ဆပ်ပြာကို အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဆပ်ပြာအမျိုးအစားပေါင်း များစွာ ထွက်ပေါ်လျက်
ရှိနေတာကြောင့် အသားအရေ အတွက် အကောင်းဆုံးဖြစ်မယ့် ဆပ်ပြာအမျိုးအစားကို ရှာဖွေရတာ တကယ်ကို
ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့် ဆိတ်နို့ဆပ်ပြာကို အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ
အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- အသားအရေ ပျက်စီးမှုကို ကာကွယ်ပေးခြင်း
ဆပ်ပြာအများစုမှာ Surfactants လို့ အမည်ရတဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့်
အသားအရေမှာ အလိုအလျောက် တည်ရှိနေတတ်တဲ့ သဘာဝအဆီတွေ၊ စိုစွတ်မှုတွေကို ဖယ်ရှားပစ်မှာ
ဖြစ်သလို အသားအရေ ခြောက်သွေ့ခြင်း၊ တင်းမာခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆိတ်နို့ဆပ်ပြာမှာ
ခန္ဓာကိုယ်မှ အလိုအလျောက် အဆီထွက်ရှိမှုကို အထောက်အကူ ပေးနိုင်တဲ့ (Caprylic)
အက်စစ် ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ တွယ်ငြိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာ
ဖြစ်ပေမယ့် အသားအရေမှာ အလိုအလျောက် တည်ရှိနေတတ်တဲ့ သဘာဝအဆီတွေ၊ စိုစွတ်မှုတွေကိုတော့
ထိခိုက်စေမှာ မဟုတ်ပါဘူး။
- အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်း
ဆိတ်နို့မှာ ဖက်တီးအက်စစ်နဲ့ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတဲ့
ကိုလက်စထရောတွေ ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်း၊ ယားယံခြင်းကို ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ဆိတ်နို့မှာ ဗီတာမင်အေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရွယ်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အသားအရေ ခြောက်သွေ့မှုကို ကာကွယ်ပေးခြင်း
အရေပြားမှာ ရေဓာတ် နည်းပါးသွားတဲ့ အခါမျိုးတွေမှာ အသားအရေ ခြောက်သွေ့ခြင်းကို
ခံစားရလေ့ ရှိကြပါတယ်။ ဆိတ်နို့ဆပ်ပြာမှာ အသားအရေ စိုစွတ်စေဖို့ အတွက် ရေဓာတ်တွေ၊
သဘာအဆီ ထွက်ရှိမှုကို အထောက်အပံ့ပေးနိုင်တဲ့ ကိုလက်စထရောတွေ၊ ဖက်တီးအက်စစ်တွေ ပါဝင်တာကြောင့်
အသားအရေ ခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ဆဲလ်အသေများကို ဖယ်ရှားပေးနိုင်ခြင်း
ဆိတ်နို့ဆပ်ပြာမှာ (Alpha-Hydroxy Acid) လို့ အမည်ရတဲ့ အက်စစ်ဓာတ်
တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ AHA အက်စစ် အနေနဲ့ အရေပြားဆဲလ် အသေတွေကို
ဖယ်ရှားပေးနိုင်သလို၊ အမာရွတ်တွေကိုလည်း သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
- အရေပြား အကျိုးပြု ဘက်တီးရီးယားများကို အထောက်အကူပေးခြင်း
ဆိတ်နို့ဆပ်ပြာကို အသုံးပြုခြင်းဖြင့် အရေပြား အပေါ်မှာ တည်ရှိနေတဲ့
အကျိုးပြု ဘက်တီးရီးယားတွေ ဆက်လက် ရှင်သန်စေဖို့ အတွက်လည်း များစွာသော အထောက်အကူကို
ရရှိစေမှာ ဖြစ်ပါတယ်။ အရေပြားပေါ်မှာ အကျိုးပြု ဘက်တီးရီးယားတွေ တည်ရှိနေခြင်းကြောင့်
ဝက်ခြံများ ထွက်ပေါ်ခြင်း၊ နှင်းခူရောဂါ ဖြစ်ပွားခြင်းစတဲ့ ရောဂါဝေဒနာတွေ ခံစားရမှုကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine