ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း (Swollen Lymph Nodes)

  • 24 Feb, 2020
  • အဖြစ်များသောရောဂါများ

ပြန်ရည်ကျိတ် ဆိုတာကတော့ စက်လုံး ပုံသဏ္ဍန် သေးငယ်တဲ့ တစ်သျှူး အစိုင်အခဲလေးတွေပဲ ဖြစ်ပါတယ်။ ပြန်ရည်ကျိတ် အနေနဲ့ ခန္ဓာကိုယ် ခုခံအားစနစ်မှာ အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် အထောက်အပံ့ ပေးလျက်ရှိပြီး သွေးဖြူဥတွေကို ပြန်ရည်ကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့အပြားကို ပို့ဆောင်ပေးခြင်းနဲ့ ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်း ဝင်ရောက်မှုကို ခုခံ ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ပြန်ရည်ကျိတ် ဆိုတာကတော့ စက်လုံး ပုံသဏ္ဍန် သေးငယ်တဲ့ တစ်သျှူး အစိုင်အခဲလေးတွေပဲ ဖြစ်ပါတယ်။ ပြန်ရည်ကျိတ် အနေနဲ့ ခန္ဓာကိုယ် ခုခံအားစနစ်မှာ အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် အထောက်အပံ့ ပေးလျက်ရှိပြီး သွေးဖြူဥတွေကို ပြန်ရည်ကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့အပြားကို ပို့ဆောင်ပေးခြင်းနဲ့ ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်း ဝင်ရောက်မှုကို ခုခံ ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို များသောအားဖြင့် ရောဂါပိုး ကူးစက်ခံရတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့ အခါမျိုးတွေမှာ၊ အချို့သော ကင်ဆာရောဂါတွေ ခံစားရတဲ့ အခါမှာလည်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို အဓိကအားဖြင့် ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • နားလမ်းကြောင်း ပိုးဝင်ခြင်း
  • အအေးမိ ဖျားနာခြင်း
  • ထိပ်ကပ်နာဖြစ်ခြင်း
  • လေပြွန်ရောင်ခြင်း
  • ဦးရေခွံ ပိုးဝင်ခြင်း
  • အာသီးရောင်ခြင်း
  • စထရပ် ရောဂါပိုးကြောင့် လည်ချောင်းနာခြင်း
  • ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ ဖြစ်ပွားခြင်း
  • သွားပိုးစားခြင်း
  • အရေပြား ရောဂါပိုး ကူးစက်ခြင်း

တစ်ခါတရံမှာ ခုခံအားစနစ် ဖောက်ပြန်ခြင်း အချို့သော ကင်ဆာရောဂါတွေ ဖြစ်ပွားခြင်းကြောင့်လည်း ခန္ဓာကိုယ် နေရာအနှံ့မှာ တည်ရှိနေတဲ့ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်သလို လူးပက်စ်ရောဂါ၊ သွေးလေးဖက်နာရောဂါစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် အချို့သော ဆေးဝါးတွေ သောက်သုံးခြင်း၊ လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးဆက်လေ့ရှိတဲ့ ရောဂါများ ခံစားနေရခြင်း၊ ကြောင်ကုတ်ရောဂါ ဖြစ်ပွားခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ သွေးကင်ဆာ ခံစားနေရခြင်း၊ ပါးစပ်အနာဖြစ်ခြင်း၊ ဝက်သက်‌ရောဂါ ဖြစ်ပွားခြင်း၊ တီဘီရောဂါ ခံစားနေရခြင်း၊ ရေယုန်နာပေါက်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

ပြန်ရည်ကျိတ်များ ရောင်ရမ်းနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ပြန်ရည်ကျိတ် တစ်ဝိုက် တင်းမာခြင်း/ နာကျင်ခြင်း 
  • နှာစေးခြင်း 
  • ချောင်းဆိုးခြင်း 
  • မောပန်းနွမ်းနယ်ခြင်း 
  • လည်ချောင်းနာခြင်း 
  • ဖျားနာခြင်း 
  • အသက်ရှူလောင်ကြောင်းဆိုင်ရာ ရောဂါများ ခံစားရခြင်း 
  • ချွေးထွက်လွန်ကဲခြင်း 

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေ ခံစားနေရတဲ့အပြင် ပြန်ရည်ကျိတ်များ အလွန်အမင်း ရောင်ရမ်းလာခြင်း၊ ပြန်ရည်ကျိတ်များ (၂) ပတ်ခန့် ကြာမြင့်တဲ့အထိ ရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ် တစ်ဝိုက် အသားအရောင် ပြာနှမ်းလာခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အပြင်းအထန် ဖျားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ 

REF: HealthLineMedicalNewsTodayWebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.