ဖိုအင်္ဂါ အဖုပေါက်ခြင်း အကြောင်း သိကောင်းစရာများ

  • 21 Feb, 2020
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ဖိုအင်္ဂါ အဖုပေါက်ခြင်းကို အမျိုးသား အများစု အနေနဲ့ တစ်သက်မှာ တစ်ခါတော့ ခံစားရလေ့ ရှိကြပါတယ်။ များသောအားဖြင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကြောင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဖိုအင်္ဂါ အဖုပေါက်ခြင်းကို အမျိုးသား အများစု အနေနဲ့ တစ်သက်မှာ တစ်ခါတော့ ခံစားရလေ့ ရှိကြပါတယ်။ များသောအားဖြင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကြောင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာသော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • Fordyce Spots

(Fordyce Spots) ဆိုတာကတော့ မျက်နှာ၊ နှုတ်ခမ်း၊ ဖိုအင်္ဂါ၊ မအင်္ဂါ အရေပြားပေါ်မှာ အဝါရောင်၊ အဖြူရောင် အဖု အသေးလေးတွေ ထွက်ပေါ်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ (Fordyce Spots) ကို သတ်လတ်ပိုင်း အရွယ် (၉၅) ရာခိုင်နှုန်းခန့် ခံစားရလေ့ရှိပြီး ဆေးဝါးကုသမှု ခံယူရန် မလိုအပ်ဘဲ အချိန်ကြာလာရင် ပြန်လည် ပျောက်ကင်းသွားလေ့ ရှိပါတယ်။

  • Pearly Penile Papules

ဖိုအင်္ဂါခေါင်း ပတ်လည်မှာ ပုလဲလုံးတွေကဲ့သို့ အဖုလေးတွေ စီတန်း ‌ပေါက်နေတာကို အချို့သော အမျိုးသားတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ အခုလို အဖုလေးတွေ ပေါက်လာတာ ရောဂါ တစ်မျိုးမျိုးကို ခံစားနေရတာကြောင့် မဟုတ်သလို ဆေးဝါးကုသမှုလည်း ခံယူဖို့ လိုအပ်မှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ဖိုအင်္ဂါခေါင်း ပတ်လည်မှာ ပုလဲလုံးတွေကဲ့သလို အဖုလေးတွေ စီးတန်း ပေါက်နေတာဟာ အသက်အရွယ် ကြီးမြင့်လာတဲ့ အခါမှာ အလိုလို ပြန်လည် ပျောက်ကင်းသွားလေ့ ရှိပါတယ်။

  • ဝက်ခြံ

ဝက်ခြံတွေ အနေနဲ့ ခန္ဓာကိုယ်ရဲ့ မည်သည့် နေရာ အစိတ်အပိုင်းမှာမဆို ပေါ်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ဖိုအင်္ဂါမှာလည်း ဝက်ခြံတွေ ပေါ်ထွက်လာခြင်းကို ခံစားရနိုင်ပါတယ်။ ဖိုအင်္ဂါမှာ ဝက်ခြံတွေ ထွက်ပေါ်လာတဲ့ အခါမှာလည်း ဆေးဝါးကုသမှုတွေ ခံယူစရာ လိုအပ်မှာ မဟုတ်ဘဲ ရက်ပိုင်းခန့် အကြာမှာ ပြန်လည် ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

  • Lymphocele

ဖိုအင်္ဂါ အတွင်းမှာ တည်ရှိနေတဲ့ ပြန်ရည်ကြောတွေ ပိတ်ဆို့သွားတဲ့ အခါမှာ ဖိုအင်္ဂါ ရောင်ရမ်းပြီး အဖု ပုံသဏ္ဍန် ပေါ်ထွက်လာခြင်းကို ခံစားရနိုင်ပါတယ်။ (Lymphocele) ကြောင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကို လိင်ဆက်ဆံပြီးစဥ် အချိန်နဲ့ တစ်ကိုယ်ရည် အာသာဖြေပြီးစဥ် အချိန်တွေမှာ ခံစားရနိုင်ပါတယ်။ ပြန်ရည်ကြော ပိတ်ဆို့ခြင်းကြောင့် ဖိုအင်္ဂါ အဖုပေါက်ခြင်းကို ခံစားရတဲ့ အခါမှာလည်း ဆေးဝါးကုသမှု ခံယူရန် လိုအပ်မှာ မဟုတ်ဘဲ အချိန်ခဏ အတွင်းမှာ ပြန်လည် ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

  • လိုင်ကန် ပလေးနက်စ် ရောဂါ (Lichen Planus)

လိုင်ကန် ပလေးနက်စ် ရောဂါ ဆိုတာကတော့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရေပြားဆဲလ်တွေ တိုက်ခိုက်ခြင်းကြောင့် ယားယံစေတဲ့ အဖုအပိမ့်တွေ ထွက်ပေါ်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လိုင်ကန် ပလေးနက်စ် ရောဂါကို ခံစားရတဲ့ အခါမှာ ဖိုအင်္ဂါတင် မကဘဲ ခန္ဓာကိုယ် နေရာအနှံ့အပြားမှာ ယားယံစေတဲ့ အဖုအပိမ့်တွေ ထွက်ပေါ်လာခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ လိုင်ကန် ပလေးနက်စ် ရောဂါကို ခံစားရတဲ့ အခါမှာ ယားယံခြင်း၊ အရည်ကြဖုများ ထွက်ပေါ်ခြင်း၊ ပါးစပ်တစ်ဝိုက် နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ အဖြူရောင် အနာများ ထွက်ပေါ်ခြင်းကို ခံစားရနိုင်ပါတယ်။

  • လိင်အင်္ဂါ ကြွက်နို့ပေါက်ခြင်း

လိင်အင်္ဂါ ကြွက်နို့ပေါက်ခြင်း ဆိုတာကတော့ ဖိုအင်္ဂါခေါင်း ဒါမှမဟုတ် ဖိုအင်္ဂါထိပ် အရေပြားအောက်မှာ အဖု အသေးလေးတွေ ပေါက်လာခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့ပေါက်ခြင်းကို ခံစားရတဲ့ အခါမှာ ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့ပေါက်ခြင်းကို များသောအားဖြင့် (Human Papillomavirus) ကူးစက်ခြင်းကြောင့် ခံစားရနိုင်ပါတယ်။

  • ကာလသားရောဂါ

ကာလသားရောဂါ ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါတွေ အထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ ကာလသားရောဂါကကို ခံစားရတဲ့ အခါမှာ ဖိုအင်္ဂါတစ်ဝိုက် နာကျင်မှုကို ဖြစ်ပွားစေတဲ့ အဖုများ ထွက်ပေါ်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဖိုအင်္ဂါကင်ဆာ

ဖိုအင်္ဂါကင်ဆာ ဆိုတာကတော့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းပါးတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖိုအင်္ဂါကင်ဆာကို ခံစားရတဲ့ အခါမှာ ဖိုအင်္ဂါတစ်ဝိုက် ကြီးမားတဲ့ အဖုများပေါက်ခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ ဖိုအင်္ဂါအရေပြား‌ တောင့်တင်းခြင်း၊ ဖိုအင်္ဂါတစ်ဝိုက် ရောင်ရမ်းခြင်း၊ ဖိုအင်္ဂါမှ သွေးယိုစိမ့်ခြင်း၊ ဖိုအင်္ဂါမှာ ပုံမှန်မဟုတ်သော အရည်များ ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.