ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် ချို့တဲ့နေကြောင်း သိရှိနိုင်တဲ့ အချက်များ
- 21 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ပရိုတိန်းဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ ဆဲလ်တစ်ခုချင်းဆီ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆံပင်တွေ၊ လက်သည်းခြေသည်းတွေ၊ ကြွက်သားတွေ ဖွံ့ဖြိုးသန်မာစေဖို့ အတွက် ပရိုတိန်းကို လိုအပ်သလို၊ ခန္ဓာကိုယ်တွင်း ပျက်ဆီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ဖို့ အတွက်လည်း ပရိုတိန်းကို လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်းဓာတ် ချို့တဲ့နေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ပရိုတိန်းဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့
ဆဲလ်တစ်ခုချင်းဆီ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆံပင်တွေ၊
လက်သည်းခြေသည်းတွေ၊ ကြွက်သားတွေ ဖွံ့ဖြိုးသန်မာစေဖို့ အတွက် ပရိုတိန်းကို
လိုအပ်သလို၊ ခန္ဓာကိုယ်တွင်း ပျက်ဆီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည် ပြုပြင်ဖို့
အတွက်လည်း ပရိုတိန်းကို လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အတွက် မရှိမဖြစ်
လိုအပ်တဲ့ ပရိုတိန်းဓာတ် ချို့တဲ့နေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့
အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ရောင်ရမ်းခြင်း
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်စွာ ရှိနေခဲ့ခြင်း
မရှိဘူးဆိုရင် ခန္ဓာကိုယ် နေရာအနှံ့ ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။
အထူးသဖြင့် ဝမ်းဗိုက်၊ ခြေဖဝါး၊ ခြေချောင်း၊ လက်ချောင်းတွေ ရောင်ရမ်းခြင်းကို
ခံစားရနိုင်ပါတယ်။
- အသည်းအဆီဖုံးခြင်း
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် ချို့တဲ့နေပြီဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ် အချက် တစ်ချက်ကတော့ အသည်းအဆီဖုံးခြင်းပဲ
ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း
မရှိဘူးဆိုရင် အသည်း ရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်း၊ အသည်း အလုပ်
မလုပ်တော့ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
အသည်းအဆီဖုံးခြင်းနဲ့ ပရိုတိန်းဓာတ် ချို့တဲ့ခြင်း အကြား
အဓိက ဆက်နွယ်မှုကို သိရှိရခြင်း မရှိသေးပေမယ့် လေ့လာတွေ့ရှိချက်တွေအရ
ခန္ဓာကိုယ်တွင်း အဆီဓာတ်တွေကို ပို့ဆောင်ရာမှာ လီပိုပရိုတိန်းဓာတ် (Lipoproteins) အနေနဲ့ အဓိက အထောက်အပံ့ ပေးလျက်ရှိတာကြောင့် ခန္ဓာကိုယ်တွင်း
ပရိုတိန်းဓာတ် ချို့တဲ့သွားတဲ့ အခါမှာ အသည်းအဆီဖုံးခြင်းကို ခံစားရတာ ဖြစ်တယ်လို့
သိရပါတယ်။
- ခြေသည်း၊ လက်သည်း၊ ဆံပင်နဲ့ အရေပြား ပျက်ဆီးခြင်း
ခြေသည်း၊ လက်သည်း၊ ဆံပင်နဲ့ အရေပြားတို့ကို
ပရိုတိန်းဓာတ်နဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း
ပရိုတိန်းဓာတ် လျော့နည်းသွားတဲ့ အခါမှာ အရေပြား ကွဲအက်ခြင်း၊ အရေပြား နီရဲခြင်း၊
ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်သည်း၊ ခြေသည်း ကျိုးလွယ်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- ကြွက်သားထုထည် ကျဆင်းခြင်း/ အရိုးကျိုးလွယ်ခြင်း
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ တည်ရှိနေတဲ့ ကြွက်သားတွေကို
ပရိုတိန်းဓာတ်နဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်
လျော့နည်းသွားတဲ့ အခါမှာ ကြွက်သားထုထည် ကျဆင်းခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လျော့နည်းသွားခြင်းကြောင့် ကြွက်သားထုထည်
ကျဆင်းခြင်း အပြင် အရိုးကျိုးလွယ်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
- ရောဂါပိုး ကူးစက်လွယ်ခြင်း
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လျော့နည်းသွားတဲ့ အခါမှာ
ခုခံအားစနစ် အပေါ်လည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ ခုခံအားစနစ် ကျဆင်းသွားတဲ့ အခါမှာ
ခန္ဓာကိုယ်တွင်း ရောဂါပိုးတွေ ဝင်ရောက်ဖို့ အတွက် ပိုမို လွယ်ကူသွားမှာ
ဖြစ်ပါတယ်။
REF: HealthLine