ကလေးငယ် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေတဲ့ အစားအစာများ

  • 20 Feb, 2020
  • ကလေးကျန်းမာရေး

ဝမ်းချုပ်ခြင်းဆိုတာကတော့ တစ်ပတ်အတွင်း အူအိမ်အူမ လှုပ်ရှားမ သုံးကြိမ်ထက် နည်းပါးတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းကို သက်ကြီးရွယ်အိုမရွေး ခံစားရနိုင်ပေမယ့် ကလေးငယ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ကလေးငယ်တွေ အနေနဲ့ ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။

ဝမ်းချုပ်ခြင်းဆိုတာကတော့ တစ်ပတ်အတွင်း အူအိမ်အူမ လှုပ်ရှားမ သုံးကြိမ်ထက် နည်းပါးတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းကို သက်ကြီးရွယ်အိုမရွေး ခံစားရနိုင်ပေမယ့် ကလေးငယ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ကလေးငယ်တွေ အနေနဲ့ ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါရောဂါ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။

  • ဗိုက်အောင့်ခြင်း
  • ဝမ်းအမာများသွားခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ဝမ်းသွားနေစဥ် နာကျင်ခြင်း
  • ဝမ်းအတွင်း သွေးပါခြင်း
  • ဖျားနာခြင်း

ကလေးငယ်တွေ အနေနဲ့ ဝမ်းချုပ်ခြင်းကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရနိုင်ပေမယ့် များသောအားဖြင့် အစားမှားခြင်းကြောင့်သာ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် ကလေးငယ် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေတဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • နို့နဲ့နို့ထွက်ပစ္စည်းများ

ကလေးငယ်တွေ အနေနဲ့ နွားနို့အတွင်းမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ကို ချေဖျက်နိုင်ခြင်း မရှိတာကြောင့် နို့နဲ့နို့ထွက် ပစ္စည်းတွေကို စားသုံးတဲ့ အခါမှာ ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလေးငယ် (၇၀) ရာခိုင်နှုန်းခန့် အနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကို နို့နဲ့နို့ထွက်ပစ္စည်းတွေ ကျွေးမွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပြီး ကျွေးမယ်ဆိုရင်လည်း ပဲနို့၊ အကျိုးပြု ဘက်တီးရီးယားတွေ (Probiotics) ပါဝင်တဲ့ ဒိန်ချဥ်တွေကိုသာ ကျွေးမွေးသင့်ပါတယ်။

  • အသင့်စား အစားအစာများ

အသင့်စားအစားအစာတွေမှာ အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်တာကြောင့် အစာချေစနစ် အနေနဲ့ အဆိုပါ အစားအစာတွေကို ချေဖျက်ရန် အတွက် အချိန် ပိုမို လိုအပ်တာကြောင့် ဝမ်းချုပ်ခြင်းကို ခံစားရနိုင်ပါတယ်။

  • ဆီကြော်မုန့်များ

ဆီကြော်မုန့်တွေဖြစ်တဲ့ အာလူးကြော်၊ ငါးမုန့်ကြော်၊ ကြက်သားကျော်တွေမှာ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေဖျက်ဖို့ အတွက် အချိန် ပိုမို လိုအပ်ပါတယ်။ ဒါ့အပြင် အဆိုပါ အစားအစာတွေကို အူမကြီးကနေ တစ်ဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ဖို့ အတွက် ရေဓာတ် မြောက်မြားစွာ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကို ဆီကြော်မုန့်တွေ အလွန်အကျွံ ကျွေးခဲ့မယ် ဆိုရင်လည်း ဝမ်းချုပ်ခြင်း၊ ဝမ်းအမာများ သွားခြင်းကို ခံစားရနိုင်ပါတယ်။

  • ကြက်ဥ/ ဘဲဥများ

ကြက်ဥ/ ဘဲဥတွေကို ကလေးငယ်တွေ အာဟာရဓာတ် ပြည့်ဝစေဖို့ အတွက် ကျွေးမွေးသင့်တယ် ဆိုပေမယ့် အမျှင်ဓာတ် ပါဝင်မှု နည်းပါးတာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ကြက်ဥ/ ဘဲဥတွေ ကျွေးမွေးချင်တယ်ဆိုရင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေနဲ့ ရောနှော ကျွေးမွေးသင့်ပါတယ်။

  • အနီရောင်အသားများ

အနီရောင်အသားတွေမှာ ပရိုတိန်းနဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်ပေမယ့် အမျှင်ဓာတ် ပမာဏ အနည်းငယ်သာ ပါဝင်တာကြောင့် အစာချေဖို့ အတွက် ပုံမှန် အစားအစာတွေထက် အချိန် ပိုမို လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကို အနီရောင် အသားတွေ အလွန်အကျွံ ကျွေးမွေးခဲ့မယ် ဆိုရင်လည်း ဝမ်းချုပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဆန်ဖြူ/ ပေါင်မုန့်ဖြူ

ဆန်ဖြူ၊ ပေါင်မုန့်ဖြူတွေမှာ ဆန်လုံးညိုတွေ၊ ပေါင်မုန့်ကြမ်းတွေမှာလို အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်း မရှိတဲ့ အပြင် အမျှင်ဓာတ်လည်း အနည်းငယ်သာ ပါဝင်တာကြောင့် ကလေးငယ်တွေကို အလွန်အကျွံ ကျွေးမွေးခဲ့မယ်ဆိုရင် ဝမ်းချုပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

REF: HealthLineWebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.