အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာများ
- 20 Feb, 2020
- ကလေးကျန်းမာရေး
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း ဆိုတာကတော့ အဆုတ်တွင်းမှာ တည်ရှိနေတဲ့ လေပြွန်ငယ်တွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လေပြွန်ငယ်တွေရဲ့ အဓိက တာဝန်ကတော့ အဆုတ်တွင်း လေစီးကြောင်း ကောင်းမွန်စေဖို့ အတွက် ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း ဆိုတာကတော့ အဆုတ်တွင်းမှာ
တည်ရှိနေတဲ့ လေပြွန်ငယ်တွေကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လေပြွန်ငယ်တွေရဲ့ အဓိက တာဝန်ကတော့ အဆုတ်တွင်း လေစီးကြောင်း
ကောင်းမွန်စေဖို့ အတွက် ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ
အဆုတ်တွင်း အောက်စီဂျင် လည်ပတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး မလိုလားအပ်တဲ့
ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို များသောအားဖြင့် ဆောင်းရာသီနဲ့
ဆောင်းဦးရာသီတို့မှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို
လူကြီးလူငယ်မရွေး ခံစားရနိုင်ပေမယ့် ကလေးငယ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း (RSV)
- အဒီနိုဗိုင်းရပ်စ်ပိုး (Adenovirus) ကူးစက်ခြင်း
- အင်ဖလူရန်ဇာဗိုင်းရပ်စ်ပိုး (Influenza Virus)
ကူးစက်ခြင်း
ဒါ့အပြင် မိခင်နို့မဟုတ်ဘဲ ဖြည့်စွက်အာဟာရတွေကိုသာ စားသုံးနေရတဲ့
ကလေးငယ်တွေ၊ သတ်မှတ်ချိန် မတိုင်ခင် မွေးဖွားလာတဲ့ ကလေးငယ်တွေ အနေနဲ့လည်း အဆုတ်လေပြွန်ငယ်များ
ရောင်ရမ်းခြင်းကို ခံစားရနိုင်သလို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ လူထူထပ်သော
နေရာများ သွားလာခြင်း၊ ဓာတုဗေဒ ပစ္စည်းများနဲ့ မကြာခဏ ထိတွေ့ခြင်း၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး
သုံးစွဲခြင်း၊ အဆုတ်၊ နှလုံး၊ အရိုး အစားထိုး ကုသမှု ခံယူဖူးခြင်း၊ နာတာရှည် အဆုတ်ရောဂါ
ခံစားနေရခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အဆုတ်လေပြွန်ငယ် ရောင်ရမ်းခြင်းကို
ခံစားရနိုင်ပါတယ်။
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ -
- အသက်ရှူမဝခြင်း
- အသက်ရှူလိုက်တိုင်း တရွှီရွှီ အသံမြည်ခြင်း
- ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် လုံလောက်မှု မရှိခြင်းကြောင့် အသားအရေ
ပြာနှမ်းလာခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အသက်ရှူဖို့ အတွက် နံရိုးများ ချိုင့်သွားတဲ့ အထိ အားစိုက်ထုတ်ရခြင်း
- နှာရည်ယိုခြင်း
- ချောင်းဆိုးခြင်း
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းကို အချို့သော ဓာတုဗေဒ ပစ္စည်းများနဲ့
ထိတွေ့မိခြင်းကြောင့် ခံစားခဲ့ရမယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို နှစ်ပတ်ကနေ
တစ်လအတွင်း ခံစားရမှာ ဖြစ်ပေမယ့် အဆုတ်တွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားခဲ့ရမယ်ဆိုရင်တော့
ရောဂါဝေဒနာတွေကို လအနည်းငယ် ဒါမှမဟုတ် နှစ်အနည်းငယ် ကြာမြင့်မှသာ စတင် ခံစားရမှာ ဖြစ်ပါတယ်။
အဆုတ်လေပြွန်ငယ် ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဖျားနာနေသူများနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမှုကို ရှောင်ကြဥ်ခြင်း
- လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း
- ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဥ်ခြင်း
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်း
- ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်း
REF: HealthLine, MedicalNewsToday