ကီတိုဓာတ်စာ (Keto Diet) နှင့် ခြေထောက် ကြွက်တက်ခြင်း အကြား ဆက်နွယ်မှုများ
- 19 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
သင့်အနေနဲ့ ကီတိုဓာတ်စာကို စားသုံးနေစဥ် ကာလအတွင်းမှာ ခြေထောက် ကြွက်တက်ခြင်းခြင်းကြောင့် စိုးရိမ်သောက ရောက်နေမယ် ဆိုရင်တော့ စိုးရိမ်နေစရာ လိုတော့မှာ မဟုတ်ဘူးလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ။ ကီတိုဓာတ်စာကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ ကီတိုဓာတ်စာကို စားသုံးနေစဥ် ကာလအတွင်းမှာ ခြေထောက်
ကြွက်တက်ခြင်းခြင်းကြောင့် စိုးရိမ်သောက ရောက်နေမယ် ဆိုရင်တော့ စိုးရိမ်နေစရာ လိုတော့မှာ
မဟုတ်ဘူးလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ။ ကီတိုဓာတ်စာကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ်
အလေးချိန်ကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အာရုံကြောဆိုင်ရာ
ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကီတိုဓာတ်စာကို စားသုံးခြင်းကြောင့် ကောင်းကျိုးပေါင်း များစွာကို
ရရှိစေမှာ ဖြစ်ပေမယ့်လည်း ခြေထောက် ကြွက်တက်ခြင်း အပါအဝင် အချို့သော ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကီတိုဓာတ်စာနဲ့ ခြေထောက် ကြွက်တက်ခြင်း အကြား ဆက်နွယ်မှုတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကြွက်တက်ခြင်းဆိုတာကတော့ ကြွက်သားများ ကျုံ့ဝင်သွားခြင်းကြောင့်
နာကျင်မှုကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခြေထောက် ကြွက်တက်ခြင်းကိုတော့
ခြေသလုံး ကြွက်သားများ ကျုံ့ဝင်သွားတဲ့ အခါမျိုးတွေမှာ ခံစားရနိုင်ပါတယ်။
ခြေသလုံး ကြွက်သားခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့
ခန္ဓာကိုယ်တွင်း လျှပ်လိုက်ရည် (Electrolytes) နည်းပါသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
လျှပ်လိုက်ရည် ဆိုတာကတော့ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရိုက်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊
ဖော့စ်ဖိတ်၊ ဘိုင်ကာဘိုနိတ်စတဲ့ သတ္တုဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်သတ္တု အစုအဖွဲ့
တစ်မျိုးပဲ ဖြစ်ပါတယ်။
တကယ်လို့ ခန္ဓာကိုယ်တွင်း လျှပ်လိုက်ရည် နည်းပါးသွားတဲ့ အခါမှာ
အာရုံကြောဆဲလ်တွေ အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့မှာ
မဟုတ်ဘဲ ကြွက်သားများ နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။
ကီတိုဓာတ်စာကို စားသုံးတဲ့ အခါမှာ သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်
ဟော်မုန်းတွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်နိုင်စေဖို့ အတွက် မကြာခဏ ဆီးသွားလေ့
ရှိကြပါတယ်။ အခုလို မကြာခဏ ဆီးသွားခြင်းကြောင့် ခန္ဓာကိုယ်တွင်း လျှပ်လိုက်ရည် ပမာဏ
နည်းပါးသွားမှာဖြစ်ပြီး ကြွက်တက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကီတိုဓာတ်စာကို
စားသုံးတဲ့ အခါမှာ မကြာခဏ ဆီးသွားလေ့ ရှိတာကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းကို ခံစားရနိုင်ပါတယ်။
ရေဓာတ် ခမ်းခြောက်ခြင်းကြောင့်လည်း ခြေထောက် ကြွက်တက်ခြင်းကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ကီတိုဓာတ်စာ စားသုံးခြင်းကြောင့် ခြေထောက် ကြွက်တက်ခြင်း
အပြင် ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
ကီတိုဓာတ်စာ စားသုံးခြင်းကြောင့် ခြေထောက် ကြွက်တက်ခြင်းကို ခံစားနေရပြီး သက်သာ ပျောက်ကင်းချင်တယ်
ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် ကီတိုဓာတ်စာ အတွက်
စားသုံးနိုင်တဲ့ ထောပတ်သီး၊ ဆွစ်ဟင်းရွက် (Swiss Chard) ၊ ဟင်းနုနွယ်ရွက်၊ ကြက်သွန်နီ၊ မှို၊
သကြားမုံလာစတဲ့ အသီးအနှံတွေကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း လျှပ်လိုက်ရည်
ပမာဏ နည်းပါးသွားခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
- မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများ စားသုံးခြင်း
ဖရုံစေ့၊ သီဟိုဠ်စေ့၊ ကိုက်လန်၊ ဂေါ်ဖီစိမ်း၊ ခရုကမာတွေမှာ
မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သလို ကစီဓာတ် ပါဝင်မှု နည်းပါးတာကြောင့် ခန္ဓာကိုယ်တွင်း
လျှပ်လိုက်ရည် ပမာဏ နည်းပါးသွားခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်တာကြောင့်
ခြေထောက် ကြွက်တက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- လျှပ်လိုက်ရည် ဖြည့်စွက်အားဆေးများ သောက်သုံးခြင်း
လျှပ်လိုက်ရည် ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးခြင်းကလည်း ကီတိုဓာတ်စာကြောင့်
ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
- ရေများများ သောက်ပေးခြင်း
ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် ခြေထောက် ကြွက်တက်ခြင်း
အပြင် ကီတိုဓာတ်စာကြောင့် ခံစားရလေ့ရှိတဲ့ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းစတဲ့ ဝေဒနာများ
ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အရက်ဖြတ်ခြင်း
အရက်သောက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ခံစားရနိုင်သလို
လေ့လာတွေ့ရှိချက်တွေအရ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ခြေထောက် ကြွက်သားများ
ကြွက်တက်ခြင်းကိုလည်း ခံစားရနိုင်တာကြောင့် အရက် သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။
REF: HealthLine