စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုများကို အလွယ်တကူ လျှော့ချနိုင်မယ့် နည်းလမ်းများ

  • 17 Feb, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းစတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံနေ အရွယ်ရောက်ပြီးသား လူဦးရေ (၇၀) ရခိုင်နှုန်းခန့်ဟာ စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အလွယ်တကူ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းစတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကို လူသားအများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံနေ အရွယ်ရောက်ပြီးသား လူဦးရေ (၇၀) ရခိုင်နှုန်းခန့်ဟာ စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အလွယ်တကူ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း

လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းနဲ့ စိတ်ဖိစီးမှု အကြား သက်ဆိုင်မှု မရှိဘူးလို့ ထင်ရပေမယ့် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ချနိုင်မှာ ဖြစ်သလို ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်မှာ ဖြစ်တာကြောင့် အိပ်မပျော်ခြင်းကြောင့် စိတ်ဖီးစီးခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်းစတဲ့ ဝေဒနာတွေ ခံစားရမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အနံ့ပါသော ဖယောင်းတိုင်များ ထွန်းညှိခြင်း

အနံ့ပါသော ဖယောင်းတိုင်တွေကို သင်အများဆုံး နေထိုင်လေ့ရှိတဲ့ အခန်းအတွင်းမှာ ထွန်းထားပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် လာဗင်ဒါ၊ နှင်းဆီ၊ ဗက်တီဗာ (Vetiver) ၊ လိမ္မော်၊ စန္ဒကူးစတဲ့ ရနံ့ ပါဝင်တဲ့ ဖယောင်းတိုင်တွေကို သင်နေထိုင်လေ့ရှိတဲ့ အခန်းအတွင်းမှာ ထွန်းထားပေးသင့်ပါတယ်။

  • ကဖိန်းဓာတ် ပါဝင်သော အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း

ကဖိန်းဓာတ် ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ကော်ဖီတွေ၊ လက်ဘက်ရည်တွေ၊ ချောကလက်တွေ၊ အားဖြည့်အချိုရည်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်းကို ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကဖိန်းဓာတ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးပြီးတိုင်း စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်းကို ခံစားခဲ့ရမယ် ဆိုရင်တော့ တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

  • ပီကေဝါးခြင်း

ပီကေဝါးခြင်းဖြင့်လည်း စိတ်ဖိစီးမှုတွေကို အလွယ်တကူ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ပီကေဝါးလေ့ရှိသူတွေဟာ အကောင်းမြင်စိတ် ပိုများသလို စိတ်ဖိစီးမှုတွေလည်း အင်မတန်ကို နည်းပါးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အချိုဓာတ် လွန်ကဲစွာ ပါဝင်တဲ့ ပီကေတွေကို အလွန်အမင်း ဝါးခဲ့မယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် အချိုဓာတ် အနည်းငယ်သာ ပါဝင်တဲ့ ပီကေတွေကိုသာ စားသုံးပေးသင့်ပါတယ်။

  • သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ အချိန်ဖြုန်းခြင်း

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အတူတကွ အချိန်ဖြုန်းခြင်းကလည်း စိတ်ဖိစီးမှုကို သက်သာစေမယ့် နည်းလမ်းတွေ အထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေ အနေနဲ့ သူငယ်ချင်းတွေ၊ ကလေးငယ်တွေနဲ့ အချိန်ဖြုန်းခဲ့မယ်ဆိုရင် ခန္ဓာကိုယ်တွင်း စိတ်ပျော်ရွှင်ဟော်မုန်းတွေ များပြားလာလေ့ရှိပြီး စိတ်ဖိစီးမှုတွေကို သက်သာစေတယ်လို့ သိရပါတယ်။

  • သာယာနာပျော်ဖွယ် သီချင်းများကို နားထောင်ခြင်း

သီချင်းသံ အေးအေးလေးတွေ အထူးသဖြင့် သံစဥ်သီးသန့် သီချင်းတွေကို နားထောင်ပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်သလို လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံစဥ် အေးအေးလေးတွေကို နားထောင်ပေးခြင်းဖြင့် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း မြင့်တက်မှုကိုလည်း ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.