ဂလူတန်ဓာတ်မတည့်ရောဂါ (Celiac Disease) အကြောင်း သိကောင်းစရာများ
- 14 Feb, 2020
- အဖြစ်များသောရောဂါများ
ဂလူတန်ဓာတ်မတည့်ရောဂါ ဆိုတာကတော့ ပရိုတိန်းဓာတ် တစ်မျိုးဖြစ်တဲ့ ဂလူတန် ပရိုတိန်း (Gluten Protein) ပါဝင်တဲ့ အစားအစာတွေကို စားသုံးမိပြီး ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိတဲ့ အူလမ်းကြောင်း ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂလူတန် ဓာတ်မတည့်ရောဂါကို ခံစားရခြင်းကြောင့် အူသိမ် အတွင်းသား နံရံ ပျက်ဆီးခြင်း၊ အူသိမ်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပြီး အစားအစာတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုပ်ယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဂလူတန်ဓာတ်မတည့်ရောဂါ ဆိုတာကတော့ ပရိုတိန်းဓာတ်
တစ်မျိုးဖြစ်တဲ့ ဂလူတန် ပရိုတိန်း (Gluten Protein) ပါဝင်တဲ့ အစားအစာတွေကို
စားသုံးမိပြီး ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိတဲ့ အူလမ်းကြောင်း ရောဂါ
တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂလူတန် ဓာတ်မတည့်ရောဂါကို ခံစားရခြင်းကြောင့် အူသိမ်
အတွင်းသား နံရံ ပျက်ဆီးခြင်း၊ အူသိမ်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပြီး အစားအစာတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုပ်ယူရာမှာ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဂလူတန်နဲ့ ဓာတ်မတည့်ခြင်းကြောင့် အူလမ်းကြောင်းနဲ့
အစာချေစနစ်မှာ အဓိကအားဖြင့် ရောဂါဝေဒနာတွေ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
ဂလူတန်နဲ့ ဓာတ်မတည့်ခြင်းကြောင့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အနေနဲ့လည်း
ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဂလူတန်နဲ့ ဓာတ်မတည့်ခြင်းကို ကလေးငယ်တွေ
အနေနဲ့ ခံစားရတဲ့ အခါမှာ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊
အနံ့ဆိုးသော၊ အကျိအချွဲများ ပါဝင်သော ဝမ်းအရည်များသွားခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊
ဝမ်းပိတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဂလူတန်နဲ့ ဓာတ်မတည့်ခြင်းကို အရွယ်ရောက်ပြီးသူတွေ ခံစားရတဲ့
အခါမှာတော့ အောက်ပါ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- မူးဝေခြင်း
- အော့အန်ခြင်း
- ဗိုက်အောင့်ခြင်း
- မကြာခဏ လေလည်ခြင်း
- အနံ့ဆိုးသော၊ အကျိအချွဲများ ပါဝင်သော ဝမ်းအရည်များသွားခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- သွေအားနည်းခြင်း
- အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
- အရိုးအားနည်းခြင်း
- အရိုးကျိုးလွယ်ခြင်း
- သွေးဝမ်းသွားခြင်း
- ဆီးသွားရာမှာ သွေးပါခြင်း
- ခေါင်းတစ်ခြမ်းကိုက်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်း
- အာဟာရချို့တဲ့ခြင်း
- သွားအပေါ်ယံ ကြွေသွားလွှာ ပျက်စီးခြင်း
- ပါးစပ်တွင်း အနာပေါက်ခြင်း
- ရာသီချိန် မမှန်ခြင်း
- မျိုးပွားနိုင်စွမ်း ကျဆင်းခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- သွေးထွက်လွယ်ခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရတဲ့အပြင် ဝမ်းပျက်ခြင်း၊ အစာချေစနစ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းစတဲ့
ဝေဒနာတွေကို နှစ်ပတ်ထက် ပိုပြီး ခံစားနေခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
ဂလူတန်ဓာတ်မတည့်ရောဂါကို ဖြစ်ပွားစေတဲ့ အဓိက
အကြောင်းအရင်းကို လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် မျိုးရိုးလိုက်ခြင်း၊
ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ စိတ်ဖိစီးမှု လွန်ကဲခြင်း၊ ကိုယ်ဝန်ရှိခြင်းစတဲ့
အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါ၊ သွိုင်းရွိုက်ရောဂါ၊
ဒေါင်းဆင်ဒရုန်း၊ အက်ဒီဆင်ရောဂါ၊ အရေပြားလေးဘက်နာ၊ သွေးလေးဘက်နာ၊ ရှိုးဂရန်းရောဂါ
(Sjogren Syndrome) ၊ အူသိမ်ကင်ဆာစတဲ့ ဝေဒနာတွေ ခံစားရတဲ့
အခါမှာလည်း ဂလူတန်ဓာတ်မတည့်ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
ဂလူတန်နဲ့
ဓာတ်မတည့်ခြင်းကို ခံစားရတဲ့ အခါမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ
သက်သာပျောက်ကင်းအောင် လုပ်ဆောင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ဂလူတန်
ပါဝင်တဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ဂလူတန်နဲ့ ဓာတ်မတည့်ခြင်းကို
ခံစားရတဲ့အခါမှာ ဂလူတန် ပရိုတိန်း အဓိက ပါဝင်တဲ့ ဂျုံတွေ၊ ဂျုံနဲ့ ပြုလုပ်ထားတဲ့
အစားအစာတွေ၊ ရေခဲမုန့်၊ အသင့်ဖျော် ကော်ဖီ၊ သကြားလုံး၊ ဒိန်ချဥ်၊ ပြန်လည်
ပြုပြင်ထားတဲ့ အသားငါးတွေ စားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။
ဒါ့အပြင် ဗီတာမင်ဓာတ် ဖြည့်စွက် အားဆေးတွေ၊ နှုတ်ခမ်းနီတွေ၊
သွားတိုက်ဆေးတွေ၊ ပါးစပ်သန့်ဆေးရည်တွေ၊ အချို့သော ဆေးဝါးတွေမှာလည်း ဂလူတန်
ပရိုတိန်း ပါဝင်လေ့ ရှိတာကြောင့် ပါဝင်ပစ္စည်း အညွှန်းကို ဂရုတစိုက် ဖတ်ရှုပြီးမှ
ဝယ်ယူ အသုံးပြုသင့်ပါတယ်။
REF: HealthLine, MedicalNewsToday, MayoClinic
