ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများ
- 13 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပေါင်း များစွာကို ထိခိုက်စေနိုင်သလို ရောဂါပေါင်း များစွာကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် တစ်နှစ်ကို လူဦးရေ ၅ သိန်းခန့် သေဆုံးလျက် ရှိသလို အရက်၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ယာဥ်တိုက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကြောင့် သေဆုံးသူ လူဦးရေထက် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ ပိုမို များပြားတယ်လို့ သိရပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပေါင်း
များစွာကို ထိခိုက်စေနိုင်သလို ရောဂါပေါင်း များစွာကိုလည်း ခံစားရနိုင်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်နိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး
သုံးစွဲမှုကြောင့် တစ်နှစ်ကို လူဦးရေ ၅ သိန်းခန့် သေဆုံးလျက် ရှိသလို အရက်၊
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ယာဥ်တိုက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုတို့ကြောင့်
သေဆုံးသူ လူဦးရေထက် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ ပိုမို
များပြားတယ်လို့ သိရပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ပျက်စီးစေနိုင်တဲ့ ခန္ဓာကိုယ်
အစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဦးနှောက်
ဆေးလိပ်ကို ကာလရှည် သောက်သုံးခြင်းကြောင့် အသက်အရွယ်
ကြီးမြင့်လာတာနဲ့အမျှ လေဖြတ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ပျက်စီးခြင်း၊ ဦးနှောက် အလုပ်မလုပ်ခြင်းစတဲ့
ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အရိုး
ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်းကြောင့်
အရိုးအားနည်းခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
ဆေးလိပ်သောက်ခြင်းကြောင့် အရိုးနဲ့ ပတ်သတ်တဲ့ ဝေဒနာတွေကို အမျိုးသမီးတွေ အနေနဲ့
အမျိုးသားတွေထက် ပိုမို ခံစားရလေ့ ရှိကြပါတယ်။
- နှလုံးသွေးကြော
ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောတွင်း
အချပ်ပြားများ ဖြစ်ခြင်းကို ခံစားရနိုင်ပါတယ်။ အခုလို နှလုံးသွေးကြောတွင်း
အချပ်ပြားများ ဖြစ်ခြင်းကြောင့် နှလုံးသွေးကြောနံရံများ ကျဥ်းမြောင်းခြင်း၊
သွေးစီးဆင်းမှု အားနည်းခြင်း၊ သွေးခဲခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း၊
နှလုံးခုန်နှုန်း မြင့်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အဆုတ်
ဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်မှု အရှိဆုံး ခန္ဓာကိုယ်
အစိတ်အပိုင်းကို ပြောပါဆိုရင် အဆုတ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဆေးလိပ်အလွန်အကျွံ
သောက်သုံးခြင်းကြောင့် လေပြွန်တွေ၊ အဆုတ်တွင်း လေအိတ်တွေကို ပျက်စီးစေမှာ ဖြစ်သလို
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
ဆေးလိပ်ကို ကာလရှည် စွဲစွဲမြဲမြဲ သောက်သုံးခဲ့မယ်ဆိုရင် အဆုတ်ကင်ဆာကိုလည်း
ဖြစ်ပွားစေနိုင်ပါတယ်။
- ခံတွင်း
ဆေးလိပ်သောက်ခြင်းကြောင့် ပါးစပ်နံခြင်း၊ သွားဝါခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်သလို သွားဖုံးရောင်ခြင်း၊ သွားကျွတ်ခြင်း၊
အရသာခံနိုင်စွမ်း ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- မျိုးပွားအင်္ဂါ
အမျိုးသမီးတွေ အနေနဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင်
ကိုယ်ဝန်ရဖို့ အတွက် ရာခိုင်နှုန်း နည်းပါးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ဆေးလိပ်
သောက်သုံးခဲ့မယ်ဆိုရင် သတ်မှတ်ချိန်ထက် စောမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊
မွေးကင်းစကလေးငယ် နာမကျန်းဖြစ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အမျိုးသားတွေ အနေနဲ့လည်း ဆေးလိပ်သောက်ခြင်းကြောင့်
ဖိုအင်္ဂါတွင်း သွေးကြောများ ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်သလို
သုက်ထုတ်လွှတ်မှု နည်းပါးခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
- အရေပြား
ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားကို ပို့လွှတ်တဲ့
အောက်ဆီဂျင် ပမာဏ လျော့နည်းသွားမှာဖြစ်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊
အရေပြား အသားအရောင် ညစ်နွမ်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊
လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊
ဆီးအိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သွေးကင်ဆာ၊
အူမကြီးကင်ဆာစတဲ့ ကင်ဆာ ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday