အရေပြားလေးဘက်နာ (Lupus) အကြောင်း သိကောင်းစရာများ
- 13 Feb, 2020
- အဖြစ်များသောရောဂါများ
အရေပြားလေးဘက်နာ ဆိုတာကတော့ ခန္ဓာကိုယ် ခုခံအားစနစ် ကမောက်ကမဖြစ်ကာ ခန္ဓာကိုယ်ရဲ့ ကျန်းမာသော တစ်သျှူးတွေကို တိုက်ခိုက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အပျော့စား အရေပြားလေးဘက်နာကိုသာ ခံစားရလေ့ ရှိပေမယ့် ဆေးဝါးကုသခဲ့ခြင်း မရှိဘူးဆိုရင် ပြင်းထန် အရေပြားလေးဘက်နာ အဖြစ် ပြောင်းလဲ ခံစားရမှာ ဖြစ်ပါတယ်။
အရေပြားလေးဘက်နာ ဆိုတာကတော့ ခန္ဓာကိုယ် ခုခံအားစနစ်
ကမောက်ကမဖြစ်ကာ ခန္ဓာကိုယ်ရဲ့ ကျန်းမာသော တစ်သျှူးတွေကို တိုက်ခိုက်ခြင်းကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အပျော့စား
အရေပြားလေးဘက်နာကိုသာ ခံစားရလေ့ ရှိပေမယ့် ဆေးဝါးကုသခဲ့ခြင်း မရှိဘူးဆိုရင်
ပြင်းထန် အရေပြားလေးဘက်နာ အဖြစ် ပြောင်းလဲ ခံစားရမှာ ဖြစ်ပါတယ်။
အရေပြားလေးဘက်နာကို အသက် (၁၅) နှစ်ကနေ (၄၄) နှစ်အကြား
လူပုဂ္ဂိုလ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ရှိပြီး အမျိုးသမီးတွေ အနေနဲ့
အမျိုးသားတွေထက် အရေပြားလေးဘက်နာကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင်
အရေပြားလေးဘက်နာ ဖြစ်ပွားနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အပေါ် မူတည်ပြီး
ခံစားရလေ့ရှိတဲ့ ရောဂါ လက္ခဏာတွေ ကွဲပြားခြားနားမှာ ဖြစ်ပါတယ်။
အရေပြားလေးဘက်နာကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကို
လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် လေ့လာတွေ့ရှိချက်များအရ ဟော်မုန်း၊
မျိုးရိုးဗီဇ နဲ့ ပတ်ဝန်းကျင် အခြေအနေများကြောင့် ခံစားရလေ့ ရှိကြတယ်လို့
သိရပါတယ်။
ဒါ့အပြင် အမျိုးသမီးဖြစ်ခြင်း၊ သက်လတ်ပိုင်းဖြစ်ခြင်း၊
မျိုးရိုးလိုက်ခြင်း၊ အချို့သော ဆေးဝါးများ သောက်သုံးခြင်း၊
ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့မှု လွန်ကဲခြင်း၊
ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အရေပြားလေးဘက်နာကို
ခံစားရနိုင်ပါတယ်။
အရေပြားလေးဘက်နာကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် -
- အပြင်းဖျားခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲခြင်း
- အဆစ်အမြစ်များ ရောင်ရမ်းခြင်း/ နာကျင်ကိုက်ခဲခြင်း
- မျက်နှာပေါ်မှာ အနီစက်များ ထွက်ပေါ်လာခြင်း
- အရေပြား ကွဲအက်ခြင်း
- နေရောင်ခြည်နဲ့ အထိမခံနိုင်ခြင်း
- အသက်ရှူမဝခြင်း
- မျက်လုံးခြောက်ခြင်း
- ခံတွင်းခြောက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဆံပင်ကျွတ်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ခေါင်းကိုက်ခြင်း
- မှတ်ဉာဏ်ပျောက်ဆုံးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အရေပြားလေးဘက်နာ ဖြစ်ပွားခြင်းကြောင့် ခန္ဓာကိုယ်
အပြင်ပိုင်း အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်း အပြင် ခန္ဓာကိုယ် အတွင်းပိုင်း
အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ အဆုတ်၊ နှလုံး၊ ဦးနှောက်
ရောင်ရမ်းခြင်းတို့ကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။
အရေပြားလေးဘက်နာကို အရှင်းပျောက်ကင်းအောင် ကုသနိုင်မယ့်
နည်းလမ်း လက်ရှိအချိန်ထိ ထွက်ပေါ်ခြင်း မရှိသေးပေမယ့် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ
သက်သာပျောက်ကင်းအောင်၊ ရောဂါဝေဒနာတွေ ထပ်မံ တိုးပွားလာခြင်း မရှိအောင် ကာကွယ်နိုင်မယ့်
နည်းလမ်းပေါင်း များစွာတော့ တည်ရှိလျက် ရှိပါတယ်။
ဒါကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါဝေဒနာတွေကို စတင် ခံစားလာရပြီဆိုရင် အရေပြားလေးဘက်နာ ဖြစ်ပွားနေခြင်း ရှိမရှိ
သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပြီး ဆေးဝါးကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။
အရေပြားလေးဘက်နာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း
- စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချခြင်း
- ကောင်းမွန်စွာ အနားယူခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- ရောဂါပိုးများ အလွယ်တကူ ကူးစက်ခံရခြင်း မရှိအောင် ကြိုတင်
ကာကွယ်မှုများ ပြုလုပ်ခြင်း
REF: HealthLine, MedicalNewsToday