ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့ လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

  • 11 Feb, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

လူသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့ ဗီတာမင်ဓာတ်၊ အာဟာရဓာတ်၊ သတ္တုဓတ်တွေ ခန္ဓာကိုယ် အတွင်း လုံလောက်စွာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့ ဗီတာမင်ဓာတ်၊ အာဟာရဓာတ်၊ သတ္တုဓတ်တွေ ခန္ဓာကိုယ် အတွင်း လုံလောက်စွာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဗီတာမင် (A)

ဗီတာမင် (A) အနေနဲ့ ဆဲလ်ပေါက်ဖွားရန် နဲ့ ဖွံ့ဖြိုးလာစေရန် အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက် ရှိပါတယ်။ ခန္ဓာကိုယ်တွင်း ဗီတာမင် (A) ဓာတ် လုံလောက်ခြင်း မရှိဘူးဆိုရင် အ‌ရေပြား၊ ဆံပင်၊ လက်သည်း၊ သွားဖုံး၊ အရိုးနဲ့ သွားကျန်းမာ‌ရေးကို ထိခိုက်စေမှာ ဖြစ်သလို အဆုတ်ကင်ဆာကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် (A) ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ပင်လယ်စာတွေ၊ ကြက်ဥအကာတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ဗီတာမင် (D)

ဗီတာမင် (D) ဓာတ် အနေနဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူရာမှာ ကြီးမားတဲ့ အထောက်အကူကို ပေးစွမ်းလျက်ရှိပါတယ်။ ဒါ့အပြင် အရိုးနဲ့ သွားကျန်းမာရေး ကောင်းမွန်စေဖို့ အတွက် ခန္ဓာကိုယ်တွင်း ဗီတာမင် (D) ဓာတ် လုံလောက်စွာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင် (D) ဓာတ် ပါဝင်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥ၊ ဘဲဥတွေ၊ ငါးကြီးဆီတွေကို စားသုံးပေးသင့်သလို နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့်လည်း ဗီတာမင် (D) ကို အလွယ်တကူ ရရှိစေမှာ ဖြစ်ပါတယ်။

  • ဗီတာမင် (C)

ဗီတာမင် (C) အနေနဲ့ သံဓာတ် စုပ်ယူရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက်ရှိသလို သွေးပေါင်ချိန် မြင့်တက်မှုကို ကာကွယ်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ ဂေါက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းစတဲ့ ခန္ဓာကိုယ် အတွက် ကောင်းကျိုးပေါင်း များစွာကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် (C) ဓာတ်ကို အလွယ်တကူ ရရှိနိုင်စေဖို့ အတွက် အချဥ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။

  • ဗီတာမင် (B1)

ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဥ်ကို ထိန်းညှိနိုင်စေဖို့ အတွက် ဗီတာမင် (B1) ကို မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် (B1) အနေနဲ့ အာရုံကြော စွမ်းဆောင်ရည် ကောင်းမွန်စေရန်နဲ့ အစာချေစနစ် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်စေရန် အတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းလျက် ရှိပါတယ်။ ဒါကြောင့် ဗီတာမင် (B1) ပါဝင်တဲ့ အစေ့အဆံတွေ၊ ကောက်ပဲသီးနှံတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ဗီတာမင် (E)

ဗီတာမင် (E) အနေနဲ့ ကြွက်သားများ ကြံ့ခိုင်သန်စွမ်းစေရန် နဲ့ ခန္ဓာကိုယ်တွင်း သွေးနီဥများ ထုတ်လုပ်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် (E) ကို အလွယ်တကူ ရရှိနိုင်မယ့် ကြက်ဥ၊ ဘဲဥတွေ၊ အစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်ဆီတွေကို နေ့စဥ် ပုံမှန် စားသုံး‌ပေးသင့်ပါတယ်။

REF: ReadersDigest

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.