ခရီးသွားစဥ် ဝမ်းလျှောခြင်း (Traveler’s Diarrhea) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 11 Feb, 2020
  • အဖြစ်များသောရောဂါများ

ခရီးသွားစဥ် ဝမ်းလျှောခြင်း ဆိုတာကတော့ ခရီးသွားစဥ် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ခရီးသွားစဥ် ဝမ်းလျှောခြင်းကို မသန့်ရှင်းတဲ့ အစားအစာတွေ၊ မသန့်ရှင်းတဲ့ရေတွေ စားသုံးမိတဲ့ အခါမှာ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ ရင်းနှီးခြင်းမရှိတဲ့ အစားအစာတွေ၊ သောက်‌ရေတွေကို သောက်သုံးမိတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။

ခရီးသွားစဥ် ဝမ်းလျှောခြင်း ဆိုတာကတော့ ခရီးသွားစဥ် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ခရီးသွားစဥ် ဝမ်းလျှောခြင်းကို မသန့်ရှင်းတဲ့ အစားအစာတွေ၊ မသန့်ရှင်းတဲ့ရေတွေ စားသုံးမိတဲ့ အခါမှာ ဒါမှမဟုတ် ခန္ဓာကိုယ်နဲ့ ရင်းနှီးခြင်းမရှိတဲ့ အစားအစာတွေ၊ သောက်‌ရေတွေကို သောက်သုံးမိတဲ့ အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။

ခရီးသွားစဥ် ဝမ်းလျှောခြင်းကို အမြဲတမ်း နေထိုင်လျက်ရှိတဲ့ နေရာဒေသရဲ့ ရာသီဥတုနဲ့ မတူညီတဲ့ နေရာဒေသကို သွားရောက် လည်ပတ်တဲ့ အခါမျိုးတွေမှာ ဒါမှမဟုတ် ဖွံ့ဖြိုးစဲ နေရာဒေသတွေကို သွားရောက် လည်ပတ်တဲ့ အခါမျိုးတွေမှာ ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ခရီးသွားစဥ် ဝမ်းလျှောခြင်းကို များသောအားဖြင့် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးကောင် ကူးစက်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။

အချို့သော နေရာဒေသတွေဖြစ်တဲ့ ဗဟိုအမေရိက၊ တောင်အမေရိက၊ မက္ကဆီကို၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှစတဲ့ နေရာဒေသတွေကို သွားရောက် လည်ပတ်တဲ့ အခါမျိုးတွေမှာ ခရီးသွားစဥ် ဝမ်းလျှောခြင်းကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။

ဒါ့အပြင် အသက် ငယ်ရွယ်ခြင်း၊ ဆီးချိုရောဂါ ခံစားနေရခြင်း၊ အသည်းခြောက်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း၊ ကိုယ်ခံစွမ်းအား နည်းပါးခြင်း၊ အပူပိုင်း ‌ဒေသများကို သွားရောက် လည်ပတ်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ခရီးသွားစဥ် ဝမ်းလျှောခြင်းကို ခံစားရနိုင်ပါတယ်။

ခရီးသွားစဥ် ဝမ်းလျှောခြင်းကို ခံစားရတဲ့ အခါမှာ -

  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ဖျားနာခြင်း
  • မကြာခဏ ဝမ်းသွားခြင်း
  • ဝမ်းအရည်များသွားခြင်း
  • မကြာခဏ ဝမ်းသွားချင်စိတ် ဖြစ်ပွားခြင်း
  • မကြာခဏ လေလည်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ခေါင်းကိုက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါတွေကို ခံစားနေရတဲ့ အပြင် မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း၊ အချိန်လေးနာရီခန့် ဆက်တိုက် အော့အန်ခြင်း၊ အဖျားကြီးခြင်း၊ သွေးဝမ်းသွားခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ် ကုသမှုတွေ ခံယူသင့်ပါတယ်။

ခရီးသွားစဥ် ဝမ်းလျှောခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • လမ်းဘေးစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • သန့်စင်ထားခြင်း မရှိသော နို့နဲ့နို့ထွက်ပစ္စည်းများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ကျက်အောင် ချက်ထားခြင်း မရှိသော ဟင်းလျာများ စားသုံးမှုကို ‌ရှောင်ကြဥ်ခြင်း
  • အသီးအနှံများ စားသုံးပေးခြင်း
  • သန့်စင်ထားခြင်း မရှိသော ရေများ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
  • အစာမစားခင် လက်ကို စင်ကြယ်အောင် ဆေးကြောခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.