(Multiple Sclerosis) ရောဂါ အကြောင်း သိကောင်းစရာများ

  • 11 Feb, 2020
  • အဖြစ်များသောရောဂါများ

Multiple Sclerosis (MS) ဆိုတာကတော့ ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ (MS) ရောဂါကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကို လက်ရှိအချိန်ထိ တိတိကျကျ သိရခြင်း မရှိသေးပေမယ့် ခန္ဓာကိုယ် ခုခံအားစနစ် ကစဥ့်ကလျားဖြစ်ပြီး အာရုံကြောကို ကာကွယ်ပေးထားတဲ့ မိုင်လင်အလွှာ ပျက်စီးသွားခြင်းကြောင့် ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။

Multiple Sclerosis (MS) ဆိုတာကတော့ ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ (MS) ရောဂါကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကို လက်ရှိအချိန်ထိ တိတိကျကျ သိရခြင်း မရှိသေးပေမယ့် ခန္ဓာကိုယ် ခုခံအားစနစ် ကစဥ့်ကလျားဖြစ်ပြီး အာရုံကြောကို ကာကွယ်ပေးထားတဲ့ မိုင်လင်အလွှာ ပျက်စီးသွားခြင်းကြောင့် ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။

(MS) ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသက်

များသောအားဖြင့် (MS) ရောဂါကို အသက် (၂၀) နဲ့ (၄၀) ကြား လူပုဂ္ဂိုလ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။

  • အမျိုးသမီးဖြစ်ခြင်း

အမျိုးသမီးတွေ အနေနဲ့ (MS) ရောဂါကို အမျိုးသားတွေထက် နှစ်ဆခန့် ပိုမို ခံစားရလေ့ ရှိကြပါတယ်။

  • မျိုးရိုးလိုက်ခြင်း

တကယ်လို့ သင့်မျိုးရိုးအတွင်းမှာ (MS) ရောဂါ ခံစားဖူးသူ ရှိနေခဲ့မယ်ဆိုရင် သင်လည်းပဲ (MS) ရောဂါကို ခံစားရနိုင်ပါတယ်။

  • ဗီတာမင် (D) ဓာတ် လျော့နည်းခြင်း

ခန္ဓာကိုယ်တွင်း ဗီတာမင် (D) ဓာတ် နည်းပါးလာခဲ့မယ်ဆိုရင် ဒါမှမဟုတ် နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးခဲ့မယ် ဆိုရင်လည်း (MS) ရောဂါကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် လူဖြူဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ခန္ဓာကိုယ်တွင်း ဗီတာမင် (B12) နည်းပါးခြင်း၊ အချို့သော ရောဂါပိုးများ ကူးစက်ခြင်း၊ သွိုင်းရွိုက်ရောဂါ ခံစားနေရခြင်း၊ ဆီးချိုအမျိုးအစား (၁) ခံစားနေရခြင်း၊ အူသိမ်အူမရောင်ရမ်းခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း (MS) ရောဂါကို ခံစားရနိုင်ပါတယ်။

(MS) ရောဂါကို ခံစားရတဲ့ အခါမှာ တစ်ဦးနဲ့ တစ်ဦး ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေ တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း (MS) ရောဂါ ခံစားနေရသူ အများစု အနေနဲ့ လမ်းလျှောက်ရခက်ခဲခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းကိုတော့ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် (MS) ရောဂါကို ခံစားနေရခြင်းကြောင့် -

  • ခြေချောင်း၊ လက်ချောင်းများ ထုံကျင်ကိုက်ခဲခြင်း
  • ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • အမြင်နှစ်ထပ်ဖြစ်ခြင်း
  • မူးဝေခြင်း
  • စကားပြောရခက်ခဲခြင်း
  • ခန္ဓာကိုယ် အစိတ်အပိုင်းများ နာကျင်ကိုက်ခဲခြင်း
  •  မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပွားခြင်း
  • ဝမ်းချုပ်ခြင်း
  • လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
  • စိတ်ခံစားချက်များ ပြောင်းလဲခြင်း
  • မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း
  • အာရုံစူးစိုက်ရ ခက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • ယားယံခြင်း
  • အကြားအာရုံ ချို့ယွင်းခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • သတိလစ်ခြင်း
  • အစာစားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

(MS) ရောဂါကို အရှင်း ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်း လက်ရှိ အချိန်ထိ ပေါ်ပေါက်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ခံစားနေရတဲ့ ဝေဒနာတွေ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းတွေ၊ ရောဂါ ပိုမို ဆိုးဝါးခြင်း မရှိလာစေရန် ကုသနိုင်မယ့် နည်းလမ်းတွေတော့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရမယ် ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ်ကုသမှုတွေ ခံယူသင့်ပါတယ်။

(MS) ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အသီးအနှံများ စားသုံးပေးခြင်း
  • ပရိုသိန်းဓာတ် ကြွယ်ဝ‌သော အစားအစာများ စားသုံးပေးခြင်း
  • အဆီဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အနီရောင် အသားများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ရေဓာတ် လုံလောက်မှု ရှိစေရန် ဖြည့်တင်းပေးခြင်း
  • သကြားဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ကောင်းမွန်စွာ အနားယူခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.