သားဥအိမ် အရည်အိတ်တည်ခြင်း (Ovarian Cyst) ဆိုတာဘာလဲ

  • 06 Feb, 2020
  • အမျိုးသမီးကျန်းမာရေး

သားဥအိမ် ဆိုတာကတော့ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ သားဥအိမ်ကို ဝမ်းဗိုက်အောက်ပိုင်း သားအိမ်ရဲ့ တစ်ဖက်စီမှာ မြင်တွေ့နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ သားဥအိမ် နှစ်ခု တည်ရှိလျက်ရှိပြီး သားဥအိမ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ဥကြွေခြင်း၊ (Estrogen) ဟော်မုန်း နဲ့ (Progesterone) ဟော်မုန်း ထုတ်လုပ်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

သားဥအိမ် ဆိုတာကတော့ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်မှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ သားဥအိမ်ကို ဝမ်းဗိုက်အောက်ပိုင်း သားအိမ်ရဲ့ တစ်ဖက်စီမှာ မြင်တွေ့နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ သားဥအိမ် နှစ်ခု တည်ရှိလျက်ရှိပြီး သားဥအိမ်ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ဥကြွေခြင်း၊ (Estrogen) ဟော်မုန်း နဲ့ (Progesterone) ဟော်မုန်း ထုတ်လုပ်ခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။

သားဥအိမ် အရည်အိတ်တည်ခြင်းကို များသောအားဖြင့် ရာသီစက်ဝန်းကြောင့် ခံစားရလေ့ရှိကြပါတယ်။ ရာသီစက်ဝန်းကြောင့် သားဥအိတ် အရည်အိတ်တည်ခြင်းကို ခံစားရတဲ့ အခါမှာ ဆေးဝါးကုသမှု ခံယူရန် မလိုအပ်ပဲ လအနည်းငယ်ခန့် အကြာမှာ အလိုလို သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

သားဥအိမ် အရည်အိတ်တည်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • ဟော်မုန်း ပြောင်းလဲမှုဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • သားအိမ်အတွင်းသား နေရာလွှဲမှားခြင်း (Endometriosis)
  • သားဥအိမ်မှာ အရည်အိတ်တည်ဖူးခြင်း
  • သားဥအိမ် ရောဂါပိုးကူးစက်ခြင်း

အမျိုးသမီးတွေ အနေနဲ့ သားဥအိမ် အရည်အိတ်တည်ခြင်းကို တစ်သက်မှာ တစ်ခါတော့ ခံစားရလေ့ရှိပြီး များသောအားဖြင့် သားဥအိတ် အရည်အိတ်တည်ခြင်းကြောင့် နာကျင်မှုကို ခံစားရမှာ မဟုတ်သလို အခြားသော ရောဂါဝေဒနာတွေကိုလည်း ခံစားရလေ့ မရှိကြပါဘူး။

တစ်ခါတရံမှာ သားဥအိမ် အရည်အိတ်တည်ခြင်းကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။

  • ဝမ်းဗိုက်ရောင်ရမ်းခြင်း
  • ဗိုက်အောင့်ခြင်း
  • ဓမ္မတာ မလာခင် ဒါမှမဟုတ် ဓမ္မတာ လာနေစဥ် တင်ပါးဆုံရိုး နာကျင်ခြင်း
  • လိင်ဆက်ဆံစဥ် နာကျင်ခြင်း
  • ပေါင်တံများ နာကျင်ခြင်း
  • ခါးနာခြင်း
  • ရင်သားများ တင်းမာခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း

သင့်အနေနဲ့ သားဥအိမ် အရည်အိတ်တည်ခြင်းကို ခံစားနေရတဲ့ အပြင် တင်ပါးဆုံရိုး အပြင်းအထန် နာကျင်ခြင်း၊ ဖျားနာခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူမြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

သားဥအိမ် အရည်အိတ်တည်ခြင်းကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတဲ့အပြင် သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် သားဥအိမ် အရည်အိတ် ကွဲခြင်း၊ သားဥအိတ်လိမ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်သလို တစ်ခါတရံမှာ သားဥအိမ်ကင်ဆာကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။  

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.