ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်း (Acute Myocardial Infarction) အကြောင်း သိကောင်းစရာများ

  • 06 Feb, 2020
  • အဖြစ်များသောရောဂါများ

ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်း ဆိုတာကတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ နှလုံးဖောက်ခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေကို သွေးစီးခြင်း ပြတ်တောက်သွားတဲ့ အခါမှာ နှလုံး ကြွက်သား တစ်သျှူးတွေ ပျက်စီးပြီး ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်း ဆိုတာကတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ နှလုံးဖောက်ခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေကို သွေးစီးခြင်း ပြတ်တောက်သွားတဲ့ အခါမှာ နှလုံး ကြွက်သား တစ်သျှူးတွေ ပျက်စီးပြီး ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကို အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် -

  • နောက်ကျောနာကျင်ခြင်း
  • မေးရိုးနာကျင်ခြင်း
  • ချွေးထွက်လွန်ခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း
  • ချောင်းဆိုးခြင်း
  • နှလုံးခုန်မြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။

နှလုံးဖောက်ခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေ တူညီခြင်း ရှိကြမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နှလုံးဖောက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေထက် ပိုမို ခံစားရလေ့ ရှိကြပါတယ်။

ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကိုလက်စထရော ပမာဏ မြင့်တက်ခြင်း

ခန္ဓာကိုယ်တွင်း (Low Density Lipoprotein) ကိုလက်စထရောတွေ များပြားလာတဲ့ အခါမှာ သွေးလွှတ်ကြောများ ပိတ်ဆို့ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သွေးလွှတ်ကြောတွင်း ကိုလက်စထရော အချပ်ပြားတွေ ပိတ်ဆို့သွာတဲ့ အခါမှာ သွေးခဲခြင်း၊ ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • အဆီဓာတ် လွန်ကဲခြင်း

ခန္ဓာကိုယ်တွင်း အဆီဓာတ် လွန်ကဲလာတဲ့ အခါမှာလည်း နှလုံးသွေးကြော ပိတ်ဆို့ခြင်းကို ခံစားရနိုင်ပါတယ်။ အဆီဓာတ်ကို နေ့စဥ်စားသုံးနေတဲ့ အသားငါးတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ တစ်ဆင့် ရရှိနိုင်ပါတယ်။ တကယ်လို့ အသားငါးတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားသုံးခဲ့မယ် ဆိုရင်လည်း ခန္ဓာကိုယ်တွင်း အဆီဓာတ် လွန်ကဲခြင်းကို ခံစားရနိုင်ပါတယ်။

  • သွေးပေါင်တက်ခြင်း

သွေးပေါင်တက်ခြင်းကြောင့်လည်း သွေးလွှတ်ကြောတွေကို ပျက်စီးစေနိုင်သလို သွေးလွှတ်ကြော ပိတ်ဆို့ခြင်းကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း

ဆီးချိုရောဂါကို ခံစားရတဲ့ အခါမှာလည်း သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာမှာ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်တက်လာခြင်းကြောင့် သွေးကြောတွေကို ပျက်စီးစေမှာ ဖြစ်သလို တစ်ခါတရံမှာ နှလုံးကြွက်သား ပျက်စီးခြင်း၊ နှလုံးဖောက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အသက်အရွယ် ကြီးမြင့်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ဆောင်မှု နည်းပါးခြင်း၊ စိတ်ဖိစီးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။

ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အသီးအနှံများ စားသုံးပေးခြင်း
  • အဆီနဲ့ သကြားဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
  • ‌ဆေးလိပ်ဖြတ်ခြင်း
  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဥ်ခြင်း
  • မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.