ရုတ်တရက် အိပ်ပျော်ခြင်း (Narcolepsy)

  • 06 Feb, 2020
  • အဖြစ်များသောရောဂါများ

ရုတ်တရက် အိပ်ပျော်ခြင်း ဆိုတာကတော့ အာရုံကြောစနစ် မူမမှန်ခြင်းကြောင့် နာတာရှည် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ်၊ လမ်းသွားနေရင်းပဲဖြစ်ဖြစ်၊ ကားမောင်းနေရင်းဖြစ်ဖြစ် အိပ်ချင်စိတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရုတ်တရက် အိပ်ပျော်သွားခြင်းကို ခံစားရနိုင်ပါတယ်။ ရုတ်တရက် အိပ်ပျော်ခြင်းကို အသက် (၁၀) နှစ်နဲ့ (၂၅) နှစ်အကြား လူပုဂ္ဂိုလ်တွေ အနေနဲ့ အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။

ရုတ်တရက် အိပ်ပျော်ခြင်း ဆိုတာကတော့ အာရုံကြောစနစ် မူမမှန်ခြင်းကြောင့် နာတာရှည် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ်၊ လမ်းသွားနေရင်းပဲဖြစ်ဖြစ်၊ ကားမောင်းနေရင်းဖြစ်ဖြစ် အိပ်ချင်စိတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရုတ်တရက် အိပ်ပျော်သွားခြင်းကို ခံစားရနိုင်ပါတယ်။ ရုတ်တရက် အိပ်ပျော်ခြင်းကို အသက် (၁၀) နှစ်နဲ့ (၂၅) နှစ်အကြား လူပုဂ္ဂိုလ်တွေ အနေနဲ့ အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။

ရုတ်တရက် အိပ်ပျော်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကို လက်ရှိ အချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် လေ့လာတွေ့ရှိချက်တွေအရ ခန္ဓာကိုယ် ခုခံအားစနစ် ဖောက်ပြန်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း (Hypocretin) ဓာတ် နည်းပါးသွားခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

(Hypocretin) ဓာတ် ဆိုတာကတော့ ဦးနှောက်ကို နိုးကြားနေစေဖို့ အတွက် အထောက်အကူ ပေးလျက်ရှိတဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်မိသားစု အတွင်းမှာ ရုတ်တရက် အိပ်ပျော်ခြင်းကို ခံစားရဖူးသူ ရှိနေခဲ့မယ် ဆိုရင်လည်း သင့်အနေနဲ့ ရုတ်တရက် အိပ်ပျော်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ရုတ်တရက် အိပ်ပျော်ြခင်းကို ခံစားရတဲ့ အခါမှာ အောက်ပါ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • နေ့ခင်းဘက် အိပ်ချင်စိတ်ဖြစ်ခြင်း

နေ့ခင်းဘက်တွေမှာ ထိန်းမရနိုင်‌အောင် အိပ်ချင်စိတ်ဖြစ်ခြင်းကတော့ ရုတ်တရက် အိပ်ပျော်ခြင်းကို ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ ရောဂါလက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့ခင်းဘက်တွေမှာ ထိန်းမရနိုင်အောင် အိပ်ချင်စိတ်ဖြစ်ခြင်းကြောင့် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း၊ မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • ထင်ယောင်ထင်မှားဖြစ်ခြင်း

အိပ်ပျော်နေစဥ် အချိန်မှာ ဒါမှမဟုတ် နိုးနေစဥ် အချိန်မှာ တကယ် မရှိနေတဲ့ အရာတွေကို မြင်နေရခြင်း၊ ကြားနေရခြင်းစတဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုင်ရာ ရောဂါ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ 

  • ကြွက်သားအားနည်းခြင်း

ရုတ်တရက် အိပ်ပျော်ခြင်းကြောင့် မျက်နှာ၊ လည်ပင်း၊ ဒူးခေါင်း ကြွက်သားများ အားနည်းခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ ရုတ်တရက် အိပ်ပျော်ခြင်းကို မကြာခဏ ခံစားရတဲ့ အခါမှာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အလျင်အမြန် ပြောင်းလဲခြင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အခုလို ကြွက်သားများ အားနည်းလာခြင်းကို ခံစားရတာ ဖြစ်ပါတယ်။

  • ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း ဆိုတာကတော့ နိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်ရှားမရဖြစ်ခြင်း၊ စကားမပြောနိုင်ခြင်းကို ဖြစ်ပွားစေတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘီလူးစီးခြင်းကို များသောအားဖြင့် စက္ကန့်ပိုင်းခန့်သာ ခံစားရလေ့ရှိပြီး အဆိုပါ အချိန်ကာလ ပြီးဆုံးသွားတဲ့ အချိန်မှာ စကားပြန်လည် ပြောဆိုနိုင်မှာ ဖြစ်သလို ခြေတွေလက်တွေလည်း ပြန်လည် လှုပ်ရှားလာနိုင်မှာ ဖြစ်ပါတယ်။

ရုတ်တရက် အိပ်ပျော်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေက‌‌တော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကဖိန်းဓာတ် ပါဝင်သော အစားအသောက်များ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
  • အစာစားပြီးချိန်တိုင်း (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် အိပ်စက် အနားယူခြင်း
  • လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
  • ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
  • တစ်နေ့ကို (၇) နာရီခန့် အိပ်စက် အနားယူခြင်း
  • အိပ်ခါနီး အစားအစာ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
 REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.