ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် အစားအစာများ

  • 05 Feb, 2020
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

အမြဲတမ်းလိုလို ဖျားနာနေခဲ့မယ်ဆိုရင် နေ့စဥ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်သာ ကောင်းမွန်ခြင်း မရှိဘူးဆိုရင် တုပ်ကွေးရောဂါတွေ၊ ဖျားနာမှုတွေကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို အလွယ်တကူ မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

အမြဲတမ်းလိုလို ဖျားနာနေခဲ့မယ်ဆိုရင် နေ့စဥ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်သာ ကောင်းမွန်ခြင်း မရှိဘူးဆိုရင် တုပ်ကွေးရောဂါတွေ၊ ဖျားနာမှုတွေကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို အလွယ်တကူ မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အချဥ်ဓာတ် ပါဝင်သော အသီးအနှံများ

ဗီတာမင်စီဓာတ် အနေနဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းနိုင်သလို ခန္ဓာကိုယ်တွင်း သွေးဖြူဥများ ထုတ်လုပ်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက်ရှိပါတယ်။

ဒါ့အပြင် ဗီတာမင်စီဓာတ်ကို ခန္ဓာကိုယ်တွင်းမှာ ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့် အချဥ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေဖြစ်တဲ့ ဂရိတ်ဖရုသီး၊ လိ‌‌မ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ကဗ္ဗလာသီးစတဲ့ အသီးအနှံတွေကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင်စီကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ငရုတ်သီးအပွ

အချဥ်ဓာတ် ပါဝင်တဲ့ အသီးတွေကို စားသုံးမှသာ ဗီတာမင်စီဓာတ်ကို ရရှိနိုင်မှ မဟုတ်ပါဘူး။ ငရုတ်သီးအပွ တစ်အောင်စမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ အချဥ်သီး တစ်အောင်စမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်ထက် နှစ်ဆခန့် ပိုမို များပြားပါတယ်။ ငရုတ်သီးအပွမှာ ဗီတာမင်စီဓာတ် အပြင် ဘီတာကာရိုတင်းလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်မယ့် အပြင် အသားအရေကို လှပစေခြင်း၊ မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားရရှိစေမှာ ဖြစ်ပါတယ်။

  • ဂေါ်ဖီစိမ်း

ဂေါ်ဖီစိမ်းမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်သလို သတ္တုဓာတ်တွေ၊ အန်တီအောက်ဆီဒန့်တွေ၊ အမျှင်တွေလည်း ပါဝင်တာကြောင့် ကျန်းမာရေး အတွက် အထောက်အကူ ပေးစွမ်းနိုင်မှု အရှိဆုံး အသီးအနှံတွေ အထဲမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်လျက် ရှိပါတယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ရှေးယခင်အချိန်ကတည်းက ဟင်းလျာတွေ အရသာနဲ့ ထူးကဲပြည့်စုံအောင် ချက်ပြုတ်ရာမှာ အသုံးပြုလေ့ ရှိကြသလို ဖျားနာခြင်းတွေ၊ ကူးစက်ရောဂါတွေ ဖြစ်ပွားခြင်းကို ကာကွယ်စေနိုင်ဖို့ အတွက်လည်း ကြက်သွန်ဖြူကို အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် နေ့စဥ်ပုံမှန် စားသုံးသင့်ပါတယ်။

  • ချင်း

ကြက်သွန်ဖြူလိုပဲ ချင်းမှာလည်း ကူးစက်ရောဂါတွေ၊ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်း များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချင်းပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် လည်ချောင်းနာခြင်း၊ ဖျားနာခြင်းတို့ကို ပျောက်ကင်းစေမှာ ဖြစ်သလို မူးဝေခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

  • မြင်းခွာရွက်

မြင်းခွာရွက်မှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် ဘီတာကာရိုတင်းနဲ့ အန်တီအောက်ဆီဒန့်တွေ ပါဝင်တာကြောင့် မြင်းခွာရွက်ကို နေ့စဥ်ပုံမှန် စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်နိုင်မှာ ဖြစ်တဲ့အပြင် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အသားရေ လှပစေခြင်းစတဲ့ ကောင်းကျိုးတွေကိုလည်း ခံစားရရှိစေမှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.