သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်း (Claudication)
- 03 Feb, 2020
- အဖြစ်များသောရောဂါများ
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းဆိုတာကတော့ လေ့ကျင့်ခန်း လုပ်နေစဥ် ကြွက်သားတွေမှာ သွေးလည်ပတ်မှု နည်းပါးခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို များသောအားဖြင့် ခြေသလုံး ကြွက်သားတွေမှာ ခံစားရလေ့ရှိပြီး လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းကြောင့် ခံစားရလေ့ ရှိသလို အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်းကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းဆိုတာကတော့
လေ့ကျင့်ခန်း လုပ်နေစဥ် ကြွက်သားတွေမှာ သွေးလည်ပတ်မှု နည်းပါးခြင်းကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
များသောအားဖြင့် ခြေသလုံး ကြွက်သားတွေမှာ ခံစားရလေ့ရှိပြီး လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းကြောင့်
ခံစားရလေ့ ရှိသလို အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်းကြောင့်လည်း ခံစားရလေ့ ရှိကြပါတယ်။
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
များသောအားဖြင့် ပြင်ပသွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့
ရှိကြပါတယ်။ ပြင်ပသွေးလွှတ်ကြောဆိုင်ရာ ရောဂါ ဆိုတာကတော့ ခန္ဓာကိုယ် ပြင်ပ အစိတ်အပိုင်းတွေကို
သွေးပို့လွှတ်နေတဲ့ သွေးလွှတ်ကြောတွေမှာ ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရခြင်းကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ သွေးလည်ပတ် မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆေးလိပ်သောက်ခြင်း
- ဆီးချိုဖြစ်ပွားခြင်း
- သွေးပေါင်တက်ခြင်း
- ကျောက်ကပ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
- အသက်အရွယ် ကြီးမြင့်ခြင်း
- မျိုးရိုးလိုက်ခြင်း
- အဝလွန်ခြင်း
- အဆစ်ရောင်ရောဂါ ခံစားနေရခြင်း
သွေးလည်ပတ်မှု မရှိခြင်းကြောင့်
ကြွက်သားများ နာကျင်ခြင်းကို ခံစားရတဲ့ အခါမှာ -
- နာကျင်ခြင်း
- ကိုက်ခဲခြင်း
- အားနည်းခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အရေပြား အရောင် ပြောင်းလဲသွားခြင်း
- လှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
ခြေသလုံးမှာ အဓိကအားဖြင့် ခံစားရလေ့ ရှိပေမယ့် တစ်ခါတရံမှာ ပေါင်တံ၊ တင်ပါး၊ ခြေဖဝါးစတဲ့
နေရာတွေမှာလည်း ခံစားရနိုင်ပါတယ်။
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အနာကျက်နှေးခြင်း၊ ကြွက်သား၊ အရေပြား
တစ်သျှူးများ ပျက်ဆီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို သွေးလည်ပတ်မှု မရှိတော့တဲ့
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဖြတ်တောက်ပစ်ရတဲ့ အထိ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းကို
ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောနံရံတွေကို ပျက်ဆီးစေသလို
ခန္ဓာကိုယ် အတွက် အကျိုးဖြစ်စေတဲ့ အဆီပမာဏကိုလည်း လျော့ချပစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့်
သွေးလည်ပတ်မှု စနစ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း၊ သွေးခဲခြင်းစတဲ့ ဝေဒနာတွေကို ဖြစ်ပွားစေနိုင်တာကြောင့်
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း
အဆီပါဝင်မှု များပြားတဲ့ အစားအစာတွေကို စားသုံးခဲ့မယ်ဆိုရင်
သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်တက်လာမှာ ဖြစ်သလို သွေးကြောများ ပျက်ဆီးခြင်း၊ သွေးပေါင်တက်ခြင်းစတဲ့
ဝေဒနာတွေကို ဖြစ်ပွားစေနိုင်တာကြောင့် အသီးအနှံများ စားသုံးခြင်း၊ အဆီပါဝင်မှု လွန်ကဲတဲ့
အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- စိတ်ဖိစီးမှုကို လျော့ချခြင်း
စိတ်ဖိစီးခြင်းကြောင့် သွေးလည်ပတ်မှု စနစ်နဲ့ အာရုံကြော စနစ်ကို
ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့
ယောဂပြုလုပ်ခြင်း၊ တရားထိုင်ခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။
ဒါ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်တက်မှုကို ထိန်းညှိခြင်း၊
သွေးတွင်း သကြားဓာတ် မြင့်တက်မှုကို ထိန်းညှိခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊
အိုမီဂါ - ၃ ၊ ဗီတာမင် E ပါဝင်တဲ့ ဖြည့်စွက်အားဆေးများ သောက်သုံးခြင်းစတဲ့
နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် သွေးလည်ပတ်မှု မရှိခြင်းကြောင့် ကြွက်သားများ
နာကျင်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine, MayoClinic
